ပရိသတ်ကို ပျော်တော်ဆက်ပေမယ့် ကိုယ်တိုင်တော့ ဒုက္ခရောက်လို့ ဖိနပ်ချုပ်နေရတဲ့ သရုပ်ဆောင် ပါကျဲ
|ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင်ဖန်တီးပေးခဲ့တဲ့လူရွှင်တော်တွေရဲ့ ဘဝတော်တော် များများဟာ ပျက်လုံးတွေ ထဲကလို ပျော်စရာမကောင်းခဲ့ပါဘူး။ ခက်ခဲတဲ့ ဘဝကိုယ်စီမှာ ဝမ်းရေးအတွက် စင်ပေါ်တက်တိုင်း
ကိုယ်တိုင်မပျော်ရွှင်တာတွေကို မေ့ထားပြီး ကြည့်ရှုသူ ပရိသတ်ကြီးပျော်ရွှင်စေဖို့ကိုပဲ ဦးစားပေးခဲ့ကြသူတွေဟာ လူရွှင်တော်တွေပါ။hotoCredit: CeleGabar
ဒီကနေ့မှာတော့ အငြိမ့်တွေ၊ ပြဇာတ်တွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာပါ ဇာတ်ပို့အဖြစ် မြင်တွေ့ရတတ်တဲ့ ဟာသ သရုပ်ဆောင်ပါကျဲ တစ်ယောက် ကပ်ရောဂါဆိုးကြီးရဲ့ နှိပ်စက်မှုကြောင့် စီးပွားရေး
အကျပ်အတည်းတွေကို ရင်ဆိုင်ရတဲ့ ကာလမှာတော့ ကိုယ်တတ်ထားတဲ့ ပညာလေးတစ်ခုနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းခဲ့ပါတယ်။
ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာခွင့်တောင်းပြီး ထီးနဲ့ဖိနပ်ပြုပြင်တဲ့ဆိုင်လေး ဖွင့်လှစ်ခဲ့ပါတယ်။ အလုပ်ဟူသမျှဂုဏ်ရှိစွပဲမို့ သမ္မာအာဇီဝအလုပ်တိုင်းဟာ နိမ့်ကျတယ်ဆိုတာမရှိပါဘူး။
ပရိသတ်တွေကိုပျော်ရွှင်အောင်လုပ်နိုင်တဲ့အပြင် ပျက်နေတဲ့အသုံး အဆောင်တွေကိုလည်း အကောင်းပကတိဖြစ်အောင်ပြုပြင်တတ်သေးတယ်ဆိုတော့ အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ် ယောက်ပါပဲ။
Credit