ကြားသိသူတိုင်း ကြက်သီးထလောက်တဲ့ သီတဂူဆရာတော် ဘုရားကြီး၏ အလှူတော်
|“သီတဂူဆရာတော် ဆန်-၁၆,၁၇၇ အိတ်၊ ဆီ-၁၆,၃၇၇ပိသာတို့ကိုလှူဒါန်းရန်စတင်ပြင်ဆင်နေခြင်း”
သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက်သီတင်းသုံးနေထိုင်ကြသည့် သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၃၇၇ ပါး တို့အတွက်
ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းသွားရန် စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။၈-၆-၂၀၂၀ ရက်နေ့ နေ့ခင်း ၁:၀၀ နာရီအချိန်မှစတင်၍
-တောင်ဒဂုံ
-မြောက်ဒဂုံ
-အရှေ့ဒဂုံ
-တောင်ဥက္ကလာ
-မြောက်ဥက္ကလာ
-သာကေတ
၆ မြို့နယ်မှ ၄၆ ကျောင်း၊ ၂၇၂၈ ပါးတို့အတွက် စတင်လှူဒါန်းပါမည်။
မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်သည်။ကျန်သည့် ၂၄ မြို့နယ်မှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန်
စီစဉ်ဆောင်ရွက်နေပါသည်။သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။
Compassions into Action!!
သီတဂူ sitagu ဆန်အလှူတော်
ရန်ကုန်တိုင်း ကရုဏာအလှူတော်
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
Posted by သီတဂူသတင်း
Photo – သီတဂူကျော်ဆန်းဝင်
Zawgyi Version
-တောင်ဒဂုံ
-မြောက်ဒဂုံ
-အရှေ့ဒဂုံ
-တောင်ဥက္ကလာ
-မြောက်ဥက္ကလာ
-သာကေတ
မှတ်တမ်းတင်အပ်ပါသည်။
သီတဂူသာသနာပြုအဖွဲ့
Posted by သီတဂူသတင်း