ဌာပနာ အခိုးခံရတဲ့ ပုဂံဘုရားငါးဆူမှ ကြောက်မက်ဖွယ် ကျိန်စာများ

Sharing is caring!

ယခု သတင်းကို ( Kyaw Swa Min ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ပုဂံကဘုရားတွေဒီတလောအဖေါက်ခံရတယ်။

ဖေါက်တဲ့လူနားမလည်တာလားတော့မသိဘူး၊ ပုဂံခေတ်ရှေးဟောင်း

ပစ္စည်းတွေတော့မရသွားပါဘူး၊ဘုရားတွေက၂၀၀၅ ခုနှစ်ပါတ်ဝန်းကျင်က အထွဋ်တင်ပြုပြင်ထားတဲ့ စေတီပုထိုးအသစ်တွေ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ဌာပနာထည့်လှုထားတဲ့ ပြုပြင်မွမ်းမံအလှုရှင်တွေ

စိတ်မချမ်းမသာဖြစ်ရပါတယ်

ခရီးသွားတွေမရှိခြောက်ကပ်နေတဲ့အချိန်၊ ညမထွက်ရအမိန့်ကိုအခွင့်ကောင်းယူသွားတဲ့ လူလွန်မသားတွေပဲ။

ပုဂံခေတ်က ကျိန်စာတခုမှာ သူ့ရဲ့ဘုရားကို ပျက်စီးအောင်ကြိုးပမ်းသူကိုပုဂံနဲ့ ညောင်ဦးကြားမဟာပထဝီ မြေကြီးရဲ့မြေမှုံတမှုံ ကိုတနှစ်နှုန်းနဲ့မဟာအဝီစိမှာကျပါစေလို့ ကျိန်ဆိုထားခဲ့ဖူးတယ်၊

ပုဂံမြို့ဟောင်းနဲ့ညောင်ဦးက၃မိုင်ဝေးတယ်။

အလျှား၃မိုင်xမြေထု ၇၉၁၇မိုင်ဆိုတဲ့ ကိန်းဂဏန်းပေါ်ကမြေမှုံတမှုံတနှစ်နဲ့ နှစ်အရေအတွက်ဟာမဟာကုဋေပေါင်းများစွာငရဲခမှာမရေမတွက်နိုင်ဘူး။ အလွန်ကြောက်ဖို့ကောင်းတယ်။

ကျိန်စာအများစုမှာတော့ ဖျက်ဆီးသူဟာ အရိမေတ္တယျဘုရားရှင်ကို ဖူးခွင့်မရပါစေနဲ့လို့ကျိန်ဆိုတယ်။ အဓိပ္ပါယ်ကဒီဘဒ္ဒကမ္ဘာကြီးရဲ့နောက်ဆုံးသောဘုရားရှင်ပြီးတောင်သံသရာဝဋ်ဆင်းရဲက

မကျွတ်ပါစေနဲ့ဆုတောင်းတာပဲ။

ပထမကျိန်စာထက် ကြောက်စရာကောင်းတယ်။ ဘယ်ကမ္ဘာအထိ အပယ် သံသရာလည်ကြရမယ်မသိ ။

မောင်မင်းကြီးသားများ ယာမတန်ခိုးလား ကိုဗစ်တန်ခိုးလားတော့မသိဘူး မကြောက်မရွံ့ သတ္တိကောင်းကြပါပေတယ်။

Kyaw Swa Min

Add a Comment

Your email address will not be published. Required fields are marked *