သိသူနည်းပါးတဲ့ မန္တလေးဘက်က ဘုရားဖူးလာသူများအတွက် ကျိုက်ထီးရိုးဖြတ်လမ်း

Sharing is caring!

( အားလုံးသိအောင် မျှဝေပေးလိုက်ပါ )

မန္တလေးဘက်ကနေ ကျိုက်ထီးရိုး ဘုရားဖူးသွားမယ့်သူတွေအတွက် ဖြတ်လမ်းလေးကို ပြောပြပေးသွားပါမယ်။မန္တလေး-နေပြည်တော်ဘက်က မိဘပြည်သူများ ကျိုက်ထီးရိုးဘက်ကို ဘုရားဖူးသွားမယ်ဆိုရင် အရင်ကလို ၃၉ မိုင်

ဘုရားကြီးအထိသွားပြီး ဘုရားကြီး – ဝေါလမ်းအတိုင်း သွားစရာမလိုတော့ပါဘူး။ အဲဒီလမ်းက မိုင် ၂၀ ကျော်ဝေးပြီး ခရီးသွားကားတွေ အရမ်းများတဲ့အတွက် ရှောင်ရတာ အန္တရာယ်များလှပါတယ်။

အဲဒီတော့— အခုဆို ခရီးလည်းသက်သာ၊ လမ်းလည်းကောင်း၊ အချိန်လည်းမြန်၊ ကားလဲသိပ်မရှောင်ရတဲ့ လမ်းသစ်လေးတစ်ခုကို ညွှန်ပေးချင်ပါတယ်။အမြန်လမ်း မိုင်တိုင် ၇၂ ကနေဆင်းရင် ဒိုက်ဦးမြို့ကို ၁၆ မိုင်မောင်းရပါတယ်။

ဒိုက်ဦးကနေ တစ်ဆင့် မြစ်ကျိုးလမ်း အတိုင်းမောင်းရင် အကွာအဝေးမိုင် ၂၁/၁ မိုင်သာမောင်းရပြီး စစ်တောင်းတံတား (မုပ္ပလင်)အနီးကို ရောက်သွားပါတယ်။

ခရီးလမ်းတို၊ ကားကြောရှင်း၊ ဆီကုန်သက်သာ၊ လမ်းလဲကောင်း၊ အချိန်တိုရောက်ပြီး ကားသေးတွေပါ သွားလို့အဆင်ပြေကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။

Htet thuya

Zawgyi Version







Htet thuya

Add a Comment

Your email address will not be published. Required fields are marked *