သွားကိုက်တာ ၊ သွားနာတာကို ယူပစ်သလိုပျောက်တဲ့ ဒန္ဆသုခပင် ဆေးစွမ်း

Sharing is caring!

မြန်မာနိုင်ငံ နေရာ အနှံ့အပြား တွင် ပေါက်ရောက်သည်။သဘာ၀ အလျောက် ပေါက်ရောက်သည်။တစ်နှစ်ခံ ပင်ပျော့ပင် မျိုးဖြစ်သည်။ အရွက်သည် ရွက်ဆိုင် ထွက်၍ သေးငယ်ပြီး လှံစွပ်ပုံ ထွက်သည်။ ရွက်ရင်း သည် အနည်းငယ် ချွန်သည်။ ရွက်နား ညီသည်။ အပွင့်သည် အစိမ်းရောင် သန်း၍ အဖြူရောင် ပွင့်ငယ် ကလေးများ ဖြစ်သည်။ အသီးသည် လှံရှည် ပုံဏ္ဌာန် ဖြစ်သည်။

အပင် – တစ်နှစ်ခံ ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁-၃ ပေ ခန့် ထိရှိသည်။ ကိုင်းဖြာသည်။ ပင်စည်နှင့် အကိုင်း အခက် လေးထောင့် သဏ္ဌာန် ရှိ၍ သေးငယ်ပြီး အစိမ်း ရောင် ရှိသည်။ ပင်စည် အရင်းပိုင်း နားတွင် အပွေး အနည်းငယ် ရှိသည်။ ပင်စည် ပေါ်ရှိ အဆစ် ကလေး များမှ ကိုင်းဖြာ ထွက်သည်။ အရွက် – ၃ ရွက်ဆိုင် ထွက်သည်။ အလျား ၁ လက်မခန့် ထိရှည်၍ အရွက် အထက်ပိုင်း အနားတွင် ခွေးသွားစိပ် များရှိပြီး အရွက်အောက် ဘက်ပိုင်း အနား ညီသည်။ ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။

ရွက်ကြောများ ထင်ရှားသည်။ ရွက်ပြား ချောသည်။အပွင့်- စိမ်းရောင် သမ်းသော အဖြူရောင်ရှိ၍ အလွန် သေးငယ်သည်။ အသီး – အက်ကွဲသီး ဖြစ်သည်။ အခန်း လေးခန်းပါ၍ အခန်းတစ်ခန်း စီ၌ သေးငယ်သော အညိုရောင် အစေ့ ကလေးများ မြောက်မြားစွာ ပါရှိသည်။ အမြစ် – ရေသောက်မြစ် အနည်းငယ် တုတ်၍ ရှည်လျားပြီး ယင်းမှ ဘေးမြစ်များ ဖြာထွက်သည်။ ဘေးမြစ်များ တွင် သေးငယ်သော မြစ်မြွှာ ကလေးများ ရှိ၏။ အမြစ် အပေါ်ယံ နူးညံ့သော အခွံဖြင့် ဖုံးအုပ်နေ၍ အတွင်းသား မာကျောသည်။ ညိုဝါရောင် ရှိသည်။

အသုံးဝင်ပုံ – ပဉ္စငါးပါး၊ အရွက်၊ အမြစ်။အာနိသင်- မြန်မာ ဆေးကျမ်းများ အလိုအရ ဒန္တသုခ ပင်သည် ချုပ်၏၊ စေးချွဲ၏။ တုန်တက်တတ်သော အဖျား ရောဂါ အတွက် အသုံးပြု၏။ သွားကိုက် ရောဂါ ကုသရာ တွင် အထူး အကျိုးပြု၏။ အမြစ် သည် ရာသီသွေး လွန်ခြင်း၊ ညောင်းကျခြင်း တို့ကို နိုင်၏။ ဖြေဆေး အဖြစ်လည်း သုံးနိုင်၏။ အရွက် သည် အဖျားရောဂါ တို့ကို နိုင်၏။

ပဉ္စငါးပါးအသုံးပြုပုံ – ၁။ ဒန္တ သုခ ပြုတ်ရည်နှင့် အမြစ်သည် သွားကိုက် ရောဂါ အတွက် အလွန်ကောင်း သောဆေး ဖြစ်၏။ ၂။ ပဉ္စ ငါးပါး ပြုတ်ရည်ကို ငုံပေးခြင်း ဖြင့် လည်းကောင်း ၊ အမြစ်ကို အစိမ်း လိုက် ကြိတ်၍ သိပ်ပေးခြင်း ဖြင့် လည်းကောင်း ၊ ပဉ္စ ငါးပါး ကို ပြာချ၍ သွားဖုံး နှင့် သွားကြား ကို သိပ်ပေး ခြင်းဖြင့် လည်းကောင်း သွားကိုက် သွားနာ ပျောက်၏။၃

။ ပဉ္စ ငါးပါး ကြိတ်ရည် တွင် ဆားထည့် ၍ အနာ ပေါ်လိမ်း ပေးခြင်း ဖြင့်အနာ အသားနု တက်ပြီး ပျောက်ကင်း စေ၏။၄။ ဆီးပူ ခြင်း၊ နည်းခြင်း၊ သွေးပါ ခြင်းတို့ အတွက် ပဉ္စ ငါးပါး အခြောက် လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ခပ်သောက် က ပျောက်၏။၅။ ပဉ္စ ငါးပါး ပြုတ်ရည် တွင် သကြား ထည့်သောက် က ချောင်းဆိုး သွေးပါ ရောဂါ ပျောက်၏၊ အရွက်အသုံးပြုပုံ –

၁။ အရွက်ကို အဖျား ရောဂါ ပျောက်ဆေး ၊ အော့အန် သော ရောဂါ ပျောက်ဆေး၊ ဖြေဆေး အဖြစ် ဖော်စပ် အသုံးပြုရ၏။ အမြစ်အသုံးပြုပုံ – ၁။ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။ ၂။အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏။

credit – မြန်မာ့ဆေးဖက်ဝင်အပင်များ

Zawgyi Version

ျမန္မာႏိုင္ငံ ေနရာ အႏွံ႔အျပား တြင္ ေပါက္ေရာက္သည္။သဘာ၀ အေလ်ာက္ ေပါက္ေရာက္သည္။တစ္ႏွစ္ခံ ပင္ေပ်ာ့ပင္ မ်ိဳးျဖစ္သည္။ အ႐ြက္သည္ ႐ြက္ဆိုင္ ထြက္၍ ေသးငယ္ၿပီး လွံစြပ္ပုံ ထြက္သည္။ ႐ြက္ရင္း သည္ အနည္းငယ္ ခြၽန္သည္။ ႐ြက္နား ညီသည္။ အပြင့္သည္ အစိမ္းေရာင္ သန္း၍ အျဖဴေရာင္ ပြင့္ငယ္ ကေလးမ်ား ျဖစ္သည္။ အသီးသည္ လွံရွည္ ပုံဏၭာန္ ျဖစ္သည္။

အပင္ – တစ္ႏွစ္ခံ ပင္ေပ်ာ့ ပင္ငယ္မ်ိဳး ျဖစ္သည္။ အျမင့္ ၁-၃ ေပ ခန႔္ ထိရွိသည္။ ကိုင္းျဖာသည္။ ပင္စည္ႏွင့္ အကိုင္း အခက္ ေလးေထာင့္ သဏၭာန္ ရွိ၍ ေသးငယ္ၿပီး အစိမ္း ေရာင္ ရွိသည္။ ပင္စည္ အရင္းပိုင္း နားတြင္ အေပြး အနည္းငယ္ ရွိသည္။ ပင္စည္ ေပၚရွိ အဆစ္ ကေလး မ်ားမွ ကိုင္းျဖာ ထြက္သည္။ အ႐ြက္ – ၃ ႐ြက္ဆိုင္ ထြက္သည္။ အလ်ား ၁ လက္မခန႔္ ထိရွည္၍ အ႐ြက္ အထက္ပိုင္း အနားတြင္ ေခြးသြားစိပ္ မ်ားရွိၿပီး အ႐ြက္ေအာက္ ဘက္ပိုင္း အနား ညီသည္။ ႐ြက္ထိပ္ ခြၽန္၍ ႐ြက္ရင္း သြယ္သည္။

႐ြက္ေၾကာမ်ား ထင္ရွားသည္။ ႐ြက္ျပား ေခ်ာသည္။အပြင့္- စိမ္းေရာင္ သမ္းေသာ အျဖဴေရာင္ရွိ၍ အလြန္ ေသးငယ္သည္။ အသီး – အက္ကြဲသီး ျဖစ္သည္။ အခန္း ေလးခန္းပါ၍ အခန္းတစ္ခန္း စီ၌ ေသးငယ္ေသာ အညိဳေရာင္ အေစ့ ကေလးမ်ား ေျမာက္ျမားစြာ ပါရွိသည္။ အျမစ္ – ေရေသာက္ျမစ္ အနည္းငယ္ တုတ္၍ ရွည္လ်ားၿပီး ယင္းမွ ေဘးျမစ္မ်ား ျဖာထြက္သည္။ ေဘးျမစ္မ်ား တြင္ ေသးငယ္ေသာ ျမစ္ႁမႊာ ကေလးမ်ား ရွိ၏။ အျမစ္ အေပၚယံ ႏူးညံ့ေသာ အခြံျဖင့္ ဖုံးအုပ္ေန၍ အတြင္းသား မာေက်ာသည္။ ညိဳဝါေရာင္ ရွိသည္။

အသုံးဝင္ပုံ – ပၪၥငါးပါး၊ အ႐ြက္၊ အျမစ္။အာနိသင္- ျမန္မာ ေဆးက်မ္းမ်ား အလိုအရ ဒႏၲသုခ ပင္သည္ ခ်ဳပ္၏၊ ေစးခြၽဲ၏။ တုန္တက္တတ္ေသာ အဖ်ား ေရာဂါ အတြက္ အသုံးျပဳ၏။ သြားကိုက္ ေရာဂါ ကုသရာ တြင္ အထူး အက်ိဳးျပဳ၏။ အျမစ္ သည္ ရာသီေသြး လြန္ျခင္း၊ ေညာင္းက်ျခင္း တို႔ကို ႏိုင္၏။ ေျဖေဆး အျဖစ္လည္း သုံးႏိုင္၏။ အ႐ြက္ သည္ အဖ်ားေရာဂါ တို႔ကို ႏိုင္၏။

ပၪၥငါးပါးအသုံးျပဳပုံ – ၁။ ဒႏၲ သုခ ျပဳတ္ရည္ႏွင့္ အျမစ္သည္ သြားကိုက္ ေရာဂါ အတြက္ အလြန္ေကာင္း ေသာေဆး ျဖစ္၏။ ၂။ ပၪၥ ငါးပါး ျပဳတ္ရည္ကို ငုံေပးျခင္း ျဖင့္ လည္းေကာင္း ၊ အျမစ္ကို အစိမ္း လိုက္ ႀကိတ္၍ သိပ္ေပးျခင္း ျဖင့္ လည္းေကာင္း ၊ ပၪၥ ငါးပါး ကို ျပာခ်၍ သြားဖုံး ႏွင့္ သြားၾကား ကို သိပ္ေပး ျခင္းျဖင့္ လည္းေကာင္း သြားကိုက္ သြားနာ ေပ်ာက္၏။၃

။ ပၪၥ ငါးပါး ႀကိတ္ရည္ တြင္ ဆားထည့္ ၍ အနာ ေပၚလိမ္း ေပးျခင္း ျဖင့္အနာ အသားႏု တက္ၿပီး ေပ်ာက္ကင္း ေစ၏။၄။ ဆီးပူ ျခင္း၊ နည္းျခင္း၊ ေသြးပါ ျခင္းတို႔ အတြက္ ပၪၥ ငါးပါး အေျခာက္ လွန္းၿပီး လက္ဖက္ေျခာက္ ကဲ့သို႔ ခပ္ေသာက္ က ေပ်ာက္၏။၅။ ပၪၥ ငါးပါး ျပဳတ္ရည္ တြင္ သၾကား ထည့္ေသာက္ က ေခ်ာင္းဆိုး ေသြးပါ ေရာဂါ ေပ်ာက္၏၊ အ႐ြက္အသုံးျပဳပုံ –

၁။ အ႐ြက္ကို အဖ်ား ေရာဂါ ေပ်ာက္ေဆး ၊ ေအာ့အန္ ေသာ ေရာဂါ ေပ်ာက္ေဆး၊ ေျဖေဆး အျဖစ္ ေဖာ္စပ္ အသုံးျပဳရ၏။ အျမစ္အသုံးျပဳပုံ – ၁။ အျမစ္ ကို ျပဳတ္၍ ရာသီေသြး လြန္ျခင္း၊ ေညာင္းက် ျခင္းတို႔ ၌ တိုက္ရ၏။ ၂။အျမစ္ကို ဆန္ေဆးရည္ ႏွင့္ ေသြး၍ ဆားထည့္ ေသာက္က အနာဝင္ ဖ်ားျခင္း ေပ်ာက္၏။

credit – ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

Add a Comment

Your email address will not be published. Required fields are marked *