ဆေးကုတဲ့အပြင် မြက်ပေါက်၊ အိမ်သာဆေးပါ လုပ်ပေးတဲ့ ရှာမှရှားတဲ့ ဆရာမလေးများ
|မကွေးပညာရေးကောလိပ် FQ Center တွင် တာဝန်ထမ်းဆောင်နေသော ရှမ်းပြည်နယ်တောင်ပိုင်းမှ #UCH_Volunteer ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁) ဆရာမလေးတွေပါ။မကွေးပညာရေးကောလိပ် FQ Center ကို
၆.၅.၂၀၂၀ ရက်နေ့မှာ စတင်ရောက်ရှိလာခဲ့တာပါ။ ရောက်ရှိလာခဲ့တဲ့နေ့မှ စပြီး နေ့စဉ်အမျှ ကျန်းမာရေးစောင့်ရှောက်မှုအပြင် သန့်ရှင်းရေးကအစ အိမ်သာဆေးပေးတါ အဆုံး စိတ်ရော ကိုယ်ပါ လုပ်အားပေး
ကုသိုလ်ယူကြပါတယ်။
၁၄.၅.၂၀၂၀ ရက်နေ့မှာ ကိုနေမိုးဆွေကျော်နဲ့အတူ စုပေါင်းပြီး အဝတ် Mask (၃၀၀) ခု ကို ပြည်ပပြန်များအတွက် ပေးဝေလျှူဒါန်းကြပါတယ်။ ဒါ့အပြင် ဆရာမလေးတစ်ဦးတည်းမှ ကောင်းမွန် ပဲယိုပေါင်မုန့် (၆၀၀၀၀)
ကျပ်ဖိုး ကို ၃၀.၅.၂၀၂၀ ရက်နေ့မှာ ရောက်ရှိလာသော ပြည်ပပြန်များ အဆာပြေစားသုံးရန်အတွက် လျှူဒါန်းခဲ့ပါသေးတယ်။
ယနေ့မနက်မှာတော့ ပြည်ပပြန်တွေ ပြောပြချက်အရ အပေါ့/အလေး သွားရတာ အဆင်မပြေဘူးဆိုတာ သိရတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ထွေအုပ်နဲ့ ဆရာမလေးတွေ သန့်ရှင်းရေးလုပ် ကုသိုလ်ယူထားကြတာပါ။
အခုတော့ တော်တော်လေးကို အခြေနေ ဆိုးနေပြန်တယ်။ ဒါ့နဲ့ ယနေ့ညနေမှာ ထွေအုပ်နဲ့ ဆရာမလေးတွေကပဲ အိမ်သာသန့်ရှင်းရေးရော အဆောင်သန့်ရှင်းရေးပါ လုပ်ပေးကုသိုလ်ယူကြပြန်ပါတယ်။
အဆောင်နောက်ကျောဘက်မှာ အမှိုက်တွေပစ်ထားကြလို့ ရေမြောင်းက ရေမစီးဘဲ ပုတ်စော်တွေ နံနေပြီ။ ဒါတွေကိုလည်း တစ်ဆက်တည်းမှာပဲ ရှင်းလင်းကြလို့ တစ်ကယ့်ကို လေးစားနေမိတယ်။ အခုတော့
ရေချိုးခန်း/သန့်စင်ခန်း/ ရေထွက်မြောင်း အားလုံးက သန့်ရှင်းသွားပါပြီ။
များမကြာခင်မှာ ပြန်ရတော့မယ့် UCH Volunteer ဆရာမလေးတွေအတွက် ကျွန်တော်တို့ရဲ့ အမိပညာရေးကောလိပ်ကိုယ်စား၊ ကျွန်တော်တို့ မကွေးက ပြည်သူတွေကိုယ်စား လေးစားဂုဏ်ယူလျှက်ပါဗျာ……။
Written by Sayar Zin Ko Win
Magway Highlight
Zawgyi Version
ကုသိုလ်ယူကြပါတယ်။
Magway Highlight