မြွေဆိုးများ အဆိပ်ကိုပင် မိနစ်ပိုင်းအတွင်း ပြေစေသည့် မရှော့ပင်
Sharing is caring!
အခုလို နွေအကုန် မိုးအကူးကာလမှာ အဆိပ်ရှိသတ္တဝါတွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတွေ အတွက် ဆေးနည်းလေးကို မျှပေးပါရစေ။
မရှော့ပင်
မရှော့ပင် – Euonymus ၊ရုက္ခဗေဒအမည် – Euonymus Kachinensis Praia.၊မျိုးရင်း. – Celastraceae.မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် အများဆုံးပေါက်ရောက်သည် – သဘာဝအလျှောက်ပေါက်ရောက်သည်။
အပင် ပုံသဏ္ဍာန်အပင်ငယ်မျိုး ဖြစ်သည် – အမြင့် ၁၂ ပေခန့်အထိ မြင့်သည် – အကိုင်းဖြာသည် –ပင်စည် – ခပ်မွဲမွဲ ညိုခြောက်ခြောက်အရောင်ရှိသည်။အရွက် –
ရွက်လွဲထွက်သည် – အရွက်မှာ ဘဲဥပုံမှ လှံစွပ်ပုံအထိရှိသည်။ထိပ်ဘက်ရှိ အရွက်များသည် အရင်းဘက်ရှိ အရွက်များထက် ပိုကြီးသည်။ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည် – ရွက်ညှာတိုသည် ရွက်နားညီ၍ ရွက်ပြားချောသည်။
အပွင့်
ရွက်ညှာရင်းမှ တစ်ပွင့်ချင်းထွက်သည်. ပြား၍ သေးငယ်သော အဝါရောင် ပန်းပွင့်လေးများဖြစ်သည်။အပွင့် နုစဉ်တွင် ပွင့်ဖတ်များ တခုနှင့် တခု ဆက်နေပြီး အသားထူသည်။
အသီး
လုံးဝိုင်းသည် ဇီးသီးကင်းခန့်ရှိသည် အသုံးပြုနိုင်သည် ။အသီး နှငိ့ အရွက်ကို အသုံးပြုနိုင်သည်။
မရှော့အရွက်အညွှန်း
၁ – မူးယဇ်စေတတ်သော အစားအစာကို စားသောက်မိပါက ချက်ခြင်းမရှော့ဆေးရွက်ကိုစားပါ –မည်သည့် အစားအစာကိုမဆို အစားမှားမိပါက မရှော့ဆေးရွက်ကို စားသုံးနိုင်သည်။လူသာမက တိရစ္ဆာန်များ အစားမှားလျှင်လည်း ၎င်းဆေးရွက်ဖြင့် ပျောက်ကင်းသည်။
၂ – မှုးယဇ်စေတတ်သည့် အဆိပ်ဟူသမျှကို ပြေစေပါသည် – မရှော့ဆေးရွက်ကို စားသုံးပြီး အခြား ဗယဆေး များကို မှီဝဲ သုံးစွဲပါက မည်သည့်ဆေးမှ တန်ခိုး အာနိသင် မရှိတော့ပါ –အခြား ဗယဆေးများ၏ တန်ခိုးအားလုံးကို ပျက်ပြယ်စေပါသည်။
၃ – အဆိပ်ပါသော မြွေဆိုး. ပျား. ကင်းမြီးကောက် အခြားအဆိပ်ရှိသည့် အကောင်များ ကိုက်မိ ကုတ်မိပါက ချက်ခြင်း ၎င်းဆေးရွက်ကို စားသုံးပါ။
ချက်ခြင်း စားသုံးခြင်းသည် နှလုံးသို့ အဆိပ်မရောက်နိုင်ရန် ကာကွယ်ပေးခြင်းဖြစ်သည် အရွက်ကို ဝါးပြီး ဆေးဖတ်နဲ့ အနာပတ်လည် အုပ်ထားပါ ။ အနာ ဝကို မဖုံးမိပါစေနှင့်။
၄ – အရိုးအဆစ်ကျိုးပဲ့၍ သွေးမထွက်သော ဒါဏ်ရာရရှိသူအား ၎င်းဆေးရွက်ကို စား စေပါ – အရိုးကို ပြန်ဆက်စေသည်။မလိမ်းပါနှင့် – သွေးမထွက်ပဲ လိမ်းမိပါက သွေးပုပ်ငုတ်၍ အနာရင်းတတ်သည်။အနာရင်းပြီး အောင့်တတ်ပါသည်။
၅ – သွေးထွက်သည့် ဒါဏ်ရာဖြစ်ပါက အရွက်ဆေးကို စားရသည် – အနာပတ်ပတ်လည်တွင်လည်း ဆေးရွက်ဝါးပြီး အဖတ်နဲ့ အုံထားပါ။(အနာဝ ချန်အုပ်ထားပါ)၆ – အဆိပ်သင့်သောသူအား ဆေးစားပြီး ၅ မိနစ်အတွင်း မသေပါက စိုးရိမ်စရာ မရှိပါ အဆိပ်ပြေမည်။
သေမည့်လူနာသည် ဆေးတိုက်သည့်နှင့် တပြိုင်နက် သေတတ်ပါသည်။ ဤ ကဲ့သို့ ဖြစ်ရခြင်းမှာ အဆိပ်သည် နှလုံးတွင်းသို့ အဆိပ်သည် ရောက်ရှိခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ပါသည်။
၇ – မူးယဇ်စေတတ်သော အစားအစာနှင့် အဆိပ်ဆိုရာတွင် အသီးအနှံများကို စိုက်ပျိုး သည့် ဓာတ်မြေဩဇာ. ဆေးဝါး ခြင်ဆေး ကြွက်သတ်ဆေး အဆိပ်များကိုလည်းပြေစေသည်။
မလိုအပ်ပဲ စားပါက ကိုယ်ခန္ဓာ လေးလံထိုင်းမိူင်းတတ်သည်။
မူရင်းပိုစ့်ပိုင်ရှင်ဦးသက်နိုင်ဦးအားကျေးဇူးတင်စွာဖြင့်ပါ
မခင်နီဝင်း
Zawgyi Version
မရှော့ပင်
အပွင့်
အသီး
မရှော့အရွက်အညွှန်း
မလိုအပ်ပဲ စားပါက ကိုယ်ခန္ဓာ လေးလံထိုင်းမိုင်းတတ်သည်။
မခင်နီဝင်း
Add a Comment
Your email address will not be published. Required fields are marked *