ကိုဗစ်ကြောင့် ကားမသုံးဖြစ်တာကြာခဲ့ရင် ဒီအချက်တွေ စစ်ဆေးပြီးမှ စက်နှိုးပါ
|ကိုဗစ် ကာလအတွင်း ကားကို မသုံးပဲ ကြာကြာထားသော မိတ်ဆွေများ အထူးသတိထားရန် သူငယ်ချင်း မိတ်ဆွေများအတွက် မျှဝေပေးလိုက်ပါတယ်။ လောလောဆယ် အတွင်း ကားလေးစီး ရှိသွားပါပြီ အဲယာကွန်းဖန်ထဲမှာ ကြွ
က်သေ နေပြီး အပုပ်နံ့ထွက်နေ၍ လာပြသော ကားတွေပါကြွက်ပေါသော နေရာများတွင် ကြာကြာထားမိပါက အရင်ဦးဆုံး အဲယား ကွန်းကို တိုက်ရိုက် အကြာကြီး မဖွင့်မိပါစေနှင့်ပထမဦးဆုံး စက်မနှိုးသေးပဲ သော့ကို ဒုတိယ အချ
က်မှာ ဖွင့်ထားပြီး အဲယားကွန်းဖန်ကို တစ်ချက်ဖွင့်လိုက်ပြီး ချက်ချင်းပြန်ပိတ်လိုက်ပါ။
ကားဒက်စ်ဘုတ်ကို နှစ်ချက် သုံးချက်လောက် ပုတ်လိုက်ပါ တကယ်လို့ များ ကြွက်ရှိနေပါက ထွက်ပြေးသွားအောင်ပါကြွက်ဝင်တာ မခံရသေးလျှင် အပြင်လေပေါက်ကို လုံးဝ ဖွင့်မထားပါနှင့် အောက်မှာ ပုံတွေ ပြပေးထားပါတယ်
အပြင်လေပေါက်ကို ဖြစ်နိုင်လျှင် လုံးဝ မသုံးတာ အကောင်းဆုံးပါ အပြင်လေပေါက် သုံးမိပါကလည်း ကားရပ်ထားလျှင် ပြန်ပိတ်ထားတာ အကောင်း ဆုံးပါဖွင့်ပြီးလျှင် လည်း ပြန်ပိတ်ဖို့မေ့တက်ပါသည် မသုံးတာ အကောင်းဆုံးပါ
တချို့ကား တွေမှာ သံစကာ လိုပုံစံ အပိတ်ပါပေမဲ့ ကားတော်တော်များများ သည် သံစကာ မပါပါ။
တစ်စီးဆိုလျှင် ဇီးရိုး ကီလို 2R Nissan Sunny ပါ Probox တစ်စီး နွားကြီးတစ်စီး Passo တစ်စီး လေးစီးရှိပါပြီ သတိထားကြပါဒါလည်း ကားစတင် ထုတ်လုပ်စဉ်က အားနည်းချက်တွေပါ တစ်ချို့ကား တွေဆိုရင် အဲယားကွန်း
ဖန် လေစစ်တောင် မခံပေးထားပါဘူး။
တစ်ချို့ကား တွေကြတော့ ဖန်လေစစ်ကို အလွယ်တကူ ဖြုတ် တပ်လို့ရတဲ့ နေရာမှာ မထားပေးပါဘူး လိုအပ်ချက်တွေကတော့ အများကြီးပါ အဆင်ပြေအောင် စဉ်းစားပြီး ကြည့် သုံးကြပါလို့ မေတ္တာစေတနာဖြင့် သတိပေးလိုက်ပါ
တယ်“ရွှင်လန်းချမ်းမြေ့ကြပါစေ”
Credit
Zawgyi Version
Credit