Facebook Cele ပန်ဆယ်လိုကို ဒဲ့စိန်ခေါ်လိုက်တဲ့ စာရေးဆရာ ကျော်ကြီး(Mdy)

Sharing is caring!

◾️ပန်ဆယ်လိုအကောင့်က ကျွန်တော်ကို ၆၆ ဃ နဲ့ ဗဟန်းရဲစခန်းမှာ အမှုဖွင့်ထားတယ်တဲ့အင်း ဘာပြောရမှန်းတော့မသိအောင် ဆွံ့အမိ ။ ငိုရမလို ရီရမလိုပဲ။တစ်တိုင်းပြည်လုံးကို ဘုန်းကြီးပါမကျန် အားမနာလျှာမကျိုး ဝေဖန်ထောက်ပြန်နေသူက သူ့အလှည့်ကြတော့ မနိုင်တာနဲ့ ရဲနဲ့ပြေးတိုင်တယ်တဲ့။ အော် တရားကျဖို့ကောင်းလိုက်တာ။

၆၆ ဃ ဆိုတာ ဘယ်လိုပုဒ်မမျိုးဆိုတာ ပြည်သူအားလုံး သိပီးသား။ ပြည်သူအပေါ်မတရားတဲ့ အာဏာရှင်ပုဒ်မဆိုပြီး ဖျက်သိမ်းပေးဖို့ ပြည်သူအားလုံးရော လွှတ်တော်ထဲမှာပါ တောင်းဆိုခဲ့တာ အားလုံးအသိပါ။

အာဏာရှင်တွေကို မုန်းတီးတယ် ဒီမိုကရေစီပေါ်ပေါက်ဖို့ တိုက်ပွဲ၀င်နေတယ်ဆိုတဲ့ ဒီမိုဘက်တော်သားဆိုသူက ကိုယ့်ဝေဖန်တော့ အာဏာရှင်တွေ ပြဌာန်းခဲ့တဲ့ ပုဒ်မသုံးပြီး တရားစွဲတယ်တဲ့။ ဒါတောင် ခြေဥပြင်ချင်သေးတာဆိုပဲ။ သြော် အေးအေးကာယကံရှင်ကိုယ်တိုင် သူများကိုဝေဖန်လို့ လက်ရှိ ၆၆ ဃ နဲ့ တရားစွဲခံထားရတော့ ပိုနားလည်းသဘောပေါက်မယ်ထင်ပါတယ်။

ခုလိုပြောနေတာ ကြောက်လို့ပြောနေတာမဟုတ်ဘူးနော်။ ပြည်သူတွေသိထားဖို့ ချပြတာ။ ကျနော်ရေးထားကြောင်း ၀န်ခံပြီးသား။ ပို့စ်လည်းမဖျက်ဘူး။ ထွက်လည်းမပြေးဘူး။ကျနော်ရေးထားတဲ့ အချက်ထဲမှာ မှားတာ တစ်ချက်မှမပါဘူး။ ဆဲထားတာ တစ်ခုမှ မပါဘူး၊ ပါဆင်နယ်တိုက်ခိုက်ထားတာမဟုတ်ပါဘူး။ အများအသိပညာတိုး သင်္ခန်းစာယူနိုင်စေဖို့ ဆိုတာ အားလုံးသိပြီးသား။

မှားတာ လုပ်ကြံပြောထားတာ တစ်ချက်ပါတယ်ဆိုရင်ထောက်ပြလိုက် တရားစွဲမနေနဲ့ ကိုယ့်ဘာသာမီးရှို့သတ်သေလိုက်မယ်။ ရှင်းတယ်နော်ကျော်ကြီးဆိုတာက ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားတဲ့သူ။

စာပေမီဒီယာလောက၊ စီးပွားရေးလောက၊ နိုင်ငံရေးလောက ကြိုက်တဲ့နေရာစုံစမ်း မတရားတာ မဟုတ်တာ လုပ်ထားတာတစ်ခုမရှိဘူးပြည်သူကို အဆိပ်မခတ်ဘူး ကိုယ့်ကြောင့် အများဒုက္ခမရောက်ဖူးဘူး။

မဟုတ်တမ်းတရားတွေရေးပီး ပို့စ်ဖျက်မပြေးဖူးဘူး။ ဆဲဆိုမမိုက်ရိုင်းဖူးဘူး။ သူများစာ ခိုးမချဖူးဘူး။စာပေမီဒီယာဗန်းပြ ကိုယ်ကျိုးရှာလုပ်စားနေသူမဟုတ်ဘူး။ အာဏာပိုင်အစိုးရ ဖော်လံဖားပီး ထမင်းစားနေသူမဟုတ်ဘူး။

အကောင့်ပုန်းနဲ့ သုံးပြီမှ ခေတ်ကောင်းမှ လူလုံးထွက်ပြသူမဟုတ်ဘူး။ကြိုက်တဲ့သမိုင်းချင်း ယှဉ်ရိုက်လို့ရတယ်။ ကြိုက်တဲ့သူလာခဲ့ဒီနေ့အထိ ကိုယ်ကျိုးမဖက် ပြည်သူဘက်ကရပ်တည် မတရားမှုတွေကို လိပ်ပြာသန့်စွာနဲ့ ထောက်ပြတွန်းလှန်ခဲ့တယ်။

ကိုယ့်ကိုယ်လည်း ကြိုက်သလိုဝေဖန်ထောက်ပြလို့ရတယ်။ သူများကို အားမနာတန်းဝေဖန်ပြီး ကိုယ့်ထောက်ပြမှ မနိုင်လို့ ရဲပြေးတိုင်တာမျိုးတစ်သက်လုံး မလုပ်ခဲ့ဘူး။ကျော်ကြီးသာ အရှက်မရှိတရားစွဲခဲ့ရင် အစကတည်းက ခင်ဗျားတို့တစ်ဖွဲ့လုံး စွဲခဲ့ပြီပေါ့ . . .

ကျော်ကြီးက အရှက်နဲ့လူလုပ်တာပါ။ရှေ့ဆက်ပြီးလည်း အမှန်တရားနဲ့ ပြည်သူ့ဘက်က အမြဲရပ်တည်သွားမယ်။ ဒါပဲ။

– ကျော်ကြီး(MDY)

Original Post – https://www.facebook.com/photo.php?fbid=3432716223434051&set=a.486454228060280&type=3&theater

Zawgyi Version

◾️ပန္ဆယ္လိုအေကာင့္က ကြၽန္ေတာ္ကို ၆၆ ဃ နဲ႔ ဗဟန္းရဲစခန္းမွာ အမႈဖြင့္ထားတယ္တဲ့အင္း ဘာေျပာရမွန္းေတာ့မသိေအာင္ ဆြံ႕အမိ ။ ငိုရမလို ရီရမလိုပဲ။တစ္တိုင္းျပည္လုံးကို ဘုန္းႀကီးပါမက်န္ အားမနာလွ်ာမက်ိဳး ေဝဖန္ေထာက္ျပန္ေနသူက သူ႔အလွည့္ၾကေတာ့ မႏိုင္တာနဲ႔ ရဲနဲ႔ေျပးတိုင္တယ္တဲ့။ ေအာ္ တရားက်ဖို႔ေကာင္းလိုက္တာ။

၆၆ ဃ ဆိုတာ ဘယ္လိုပုဒ္မမ်ိဳးဆိုတာ ျပည္သူအားလုံး သိပီးသား။ ျပည္သူအေပၚမတရားတဲ့ အာဏာရွင္ပုဒ္မဆိုၿပီး ဖ်က္သိမ္းေပးဖို႔ ျပည္သူအားလုံးေရာ လႊတ္ေတာ္ထဲမွာပါ ေတာင္းဆိုခဲ့တာ အားလုံးအသိပါ။

အာဏာရွင္ေတြကို မုန္းတီးတယ္ ဒီမိုကေရစီေပၚေပါက္ဖို႔ တိုက္ပြဲ၀င္ေနတယ္ဆိုတဲ့ ဒီမိုဘက္ေတာ္သားဆိုသူက ကိုယ့္ေဝဖန္ေတာ့ အာဏာရွင္ေတြ ျပဌာန္းခဲ့တဲ့ ပုဒ္မသုံးၿပီး တရားစြဲတယ္တဲ့။ ဒါေတာင္ ေျခဥျပင္ခ်င္ေသးတာဆိုပဲ။ ေၾသာ္ ေအးေအးကာယကံရွင္ကိုယ္တိုင္ သူမ်ားကိုေဝဖန္လို႔ လက္ရွိ ၆၆ ဃ နဲ႔ တရားစြဲခံထားရေတာ့ ပိုနားလည္းသေဘာေပါက္မယ္ထင္ပါတယ္။

ခုလိုေျပာေနတာ ေၾကာက္လို႔ေျပာေနတာမဟုတ္ဘူးေနာ္။ ျပည္သူေတြသိထားဖို႔ ခ်ျပတာ။ က်ေနာ္ေရးထားေၾကာင္း ၀န္ခံၿပီးသား။ ပို႔စ္လည္းမဖ်က္ဘူး။ ထြက္လည္းမေျပးဘူး။က်ေနာ္ေရးထားတဲ့ အခ်က္ထဲမွာ မွားတာ တစ္ခ်က္မွမပါဘူး။ ဆဲထားတာ တစ္ခုမွ မပါဘူး၊ ပါဆင္နယ္တိုက္ခိုက္ထားတာမဟုတ္ပါဘူး။ အမ်ားအသိပညာတိုး သခၤန္းစာယူႏိုင္ေစဖို႔ ဆိုတာ အားလုံးသိၿပီးသား။

မွားတာ လုပ္ႀကံေျပာထားတာ တစ္ခ်က္ပါတယ္ဆိုရင္ေထာက္ျပလိုက္ တရားစြဲမေနနဲ႔ ကိုယ့္ဘာသာမီးရႈိ႕သတ္ေသလိုက္မယ္။ ရွင္းတယ္ေနာ္ေက်ာ္ႀကီးဆိုတာက ဂုဏ္သိကၡာကို အသက္ထက္တန္ဖိုးထားတဲ့သူ။

စာေပမီဒီယာေလာက၊ စီးပြားေရးေလာက၊ ႏိုင္ငံေရးေလာက ႀကိဳက္တဲ့ေနရာစုံစမ္း မတရားတာ မဟုတ္တာ လုပ္ထားတာတစ္ခုမရွိဘူးျပည္သူကို အဆိပ္မခတ္ဘူး ကိုယ့္ေၾကာင့္ အမ်ားဒုကၡမေရာက္ဖူးဘူး။

မဟုတ္တမ္းတရားေတြေရးပီး ပို႔စ္ဖ်က္မေျပးဖူးဘူး။ ဆဲဆိုမမိုက္႐ိုင္းဖူးဘူး။ သူမ်ားစာ ခိုးမခ်ဖူးဘူး။စာေပမီဒီယာဗန္းျပ ကိုယ္က်ိဳးရွာလုပ္စားေနသူမဟုတ္ဘူး။ အာဏာပိုင္အစိုးရ ေဖာ္လံဖားပီး ထမင္းစားေနသူမဟုတ္ဘူး။

အေကာင့္ပုန္းနဲ႔ သုံးၿပီမွ ေခတ္ေကာင္းမွ လူလုံးထြက္ျပသူမဟုတ္ဘူး။ႀကိဳက္တဲ့သမိုင္းခ်င္း ယွဥ္႐ိုက္လို႔ရတယ္။ ႀကိဳက္တဲ့သူလာခဲ့ဒီေန႔အထိ ကိုယ္က်ိဳးမဖက္ ျပည္သူဘက္ကရပ္တည္ မတရားမႈေတြကို လိပ္ျပာသန႔္စြာနဲ႔ ေထာက္ျပတြန္းလွန္ခဲ့တယ္။

ကိုယ့္ကိုယ္လည္း ႀကိဳက္သလိုေဝဖန္ေထာက္ျပလို႔ရတယ္။ သူမ်ားကို အားမနာတန္းေဝဖန္ၿပီး ကိုယ့္ေထာက္ျပမွ မႏိုင္လို႔ ရဲေျပးတိုင္တာမ်ိဳးတစ္သက္လုံး မလုပ္ခဲ့ဘူး။ေက်ာ္ႀကီးသာ အရွက္မရွိတရားစြဲခဲ့ရင္ အစကတည္းက ခင္ဗ်ားတို႔တစ္ဖြဲ႕လုံး စြဲခဲ့ၿပီေပါ့ . . .

ေက်ာ္ႀကီးက အရွက္နဲ႔လူလုပ္တာပါ။ေရွ႕ဆက္ၿပီးလည္း အမွန္တရားနဲ႔ ျပည္သူ႔ဘက္က အၿမဲရပ္တည္သြားမယ္။ ဒါပဲ။

– ေက်ာ္ႀကီး(MDY)

Original Post – https://www.facebook.com/photo.php?fbid=3432716223434051&set=a.486454228060280&type=3&theater

Add a Comment

Your email address will not be published. Required fields are marked *