ဆရာဝန်တစ်ဦး သုံးသပ်ပြတဲ့ စိုးရိမ်စရာကောင်းတဲ့ မြို့ရန်ကုန်
|ယခု သတင်းကို ( Dr.Myo Htet Aung ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ပေါ့ဆမှုကြောင့် ကိုဗစ် စိုးရိမ်ရေမှတ် နီးလာပြီဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်တဲ့ ဆရာဝန်တစ်ဦးရန်ကုန်ကတော့ ဆရာဝန် အမြင်အရ စိုးရိမ်ရေမှတ်နဲ့ နီးနီးလာပြီ လူတွေလည်း အရင်လို အများကြီး၊ ကားတွေလည်း ပြန်ပိတ်၊ လက်ဖက်ရည်ဆိုင် ပြန်ထိုင်ကြ၊ ဆင်ခြေဖုံးတွေမှာဆို ဘီယာဆိုင်တွေတောင် နေပူသလိုလိုနဲ့
ယင်းလိပ်
လေးတွေကာပြီး ဆိုင်မှာ ပြန်သောက်လို့ရပြီ။ဆိုက်ကားဂိတ်တွေမှာ ဈေးတွေမှာ ပြန်စည်ကားပြီ။ ရပ်ကွက်လူကြီးတွေလည်း ရေနွေးကြမ်းဝိုင်းနဲ့ အေးအေးလူလူဝိုင်းဖွဲ့ဆွေးနွေးလို့။ စားဝတ်နေရေး ထွက်တာတင်မက အင်ယားကန်စောင်းမှာလည်း အလည်အပတ်ထွက်သူတွေ အရင်နီးပါးပြန်ဖြစ်နေပြီ။ဒါပေမယ့် mask ကို သေချာတတ်သူက တစ်ရာမှာ ဆယ်ယောက်၊ နောက် သုံးဆယ်က မေးစေ့မှာ၊ ခြောက်ဆယ်ကတော့ တပ်ကို မတပ်တာ။ အေးလေ
ဘာတပ်စရာလိုလဲ၊ မွန်းကမွန်းပါဘိသနဲ့၊ ဒီလောက်ပူတဲ့ ရာသီဥတုမှာ။ စားဝတ်နေရေးက ရှိသေးတယ်။ ထွက်ရမှာပဲ။ ဒါက လက်လုပ်လက်စား အတွေး။အင်းယားကန်သွား၊ အိမ်မှာလူစူ၊ ဝိုင်ဘီယာသောက်နေသူတွေကျ ဒီ ကိုဗစ်က အဲ့လောက်လဲမဆိုးပါဘူးကွာ။ နာမည်ကျော်တွေတောင် အိမ်ပြန်သွားပြီ။ လူတွေကိုက အကြောက်လွန်တာပါ။ လာ မက်ကရိုသွားတိုးမယ်။ အလကား ဒို့အစိုးရကို အပုတ်ချချင်လို့ အကျယ်ချဲ့တာ၊ အခု ဘာဖြစ်လဲ အေးဆေးပဲကို။ ဒါ လက်မည်းတွေ ခြောက်နေတာ။
အခု လူနာနည်းတယ် ကျသွားတယ်ဆိုတာ သင်္ကြန်တုန်းက ငြိမ်နေခဲ့တဲ့ အကျိုးကျေးဇူး၊ ဒါကို တကယ်ကျတယ်ထင်ပြီး ပြန်ထွက်ရင် ပြန်တက်ဖို့ သေချာသလောက်ပဲ။တကယ်လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မျက်ခုံးလှုပ်နေပြီ။ ကိုယ့် အခြေအနေကိုယ်သိတာကိုး။ ဒါ လက်ကုန်ထုတ်ထားတာ။ အောက်က ကိုးနဲ့ ရှိုးနေရတာဆိုတော့။ နည်းနည်းလေးပြောမယ်။အခု ရန်ကုန်မှာ ကိုဗစ်ကုတဲ့ ဆေးရုံ သုံးခုရှိတယ်။ ဝေဘာဂီ၊ တောင်ဥက္ကလာ နဲ့
ဖောင်ကြီး။ ဝေဘာဂီမှာ အသက်ရှုစက်နဲ့ ICU 15 လုံးရှိတယ်။ တောင်ဥက္ကလာမှာ ICU 15 လုံးရှိတယ်။ ဖောင်ကြီးမှာ လက်ရှိ ICU. 10 လုံးရှိတယ်။ ဒါအကုန်ပဲ။လက်ရှိ။ ဖောင်ကြီးက ပိုဆိုးလာရင် နောက်ထပ် ICU ကုတင် 30 ထပ်တိုးနိုင်မယ် ပြောတယ်။ ရိုးရိုးလူနာအတွက် ကုတင် 300 နဲ့ 400 ကြားရှိမယ်။အဲ့ ICU 40 လုပ်နိင်ဖို့ တခြား ဆေးရုံက မေ့ဆေးဆရာဝန်တွေကို ဆွဲစိထားရလို့ ခွဲစိတ်မှုတွေ ရပ်ထားရတယ်။ ရိုးရိုးလူနာတွေလည်း ကိုဗစ်
ကြောင့် ဆေးရုံတွေ၊ ခွဲခန်းတွေနားထားလို့ တော်တော် တိုင်ပတ်နေကြပြီ။ အခု လက်ရှိ လူနာ 150 ကျော်၊ သေတာ 6 ယောက်၊ ICU က ပြန်ကောင်းတာ 2 ယောက်လောက်ဆိုတော့ လူနာအယောက် တစ်ရာမှာ ငါးယောက် 5% ICU ရောက်မယ်ဆိုတဲ့ နိုင်ငံတကာ အချိုးနဲ့ မြန်မာပြည်နဲ့ ကွက်တိပဲ။အဲ့တော့ ပြန်တွက်ရင် positive 800 တပြိုက်နက် ဆေးရုံတက်ရရင် ICU ပြည့်ပြီ။ နိုင်ငံတကာကို ပြန်ကြည့်ရင် တစ်ယောက်က တစ်ဆယ် ၊ တစ်ဆယ်က
တစ်ရာဖြစ်ဖို့သာကြာတာ၊ တစ်ရာက တစ်ထောင်ဖြစ်ဖို့ဆိုတာ ခဏလေး။ တစ်ထောင်က တစ်သောင်းဖြစ်ဖို့ပိုမြန်၊ တစ်သိန်းက တစ်သန်းဖြစ်ဖို့ လုံးဝလျှပ်တပြတ်။အဲ့တော့ ကျွန်တော်တို့ တိုင်းပြည်ဆင်းရဲတယ်။ တစ်နေ့လုပ် တစ်နေ့စားများတယ်။ ထိုင်မစားနိုင်ဘူး။ ဒါမှန်တယ်။ အစိုးရကော လူထုရော ကျွန်တော်ရော မြန်မြန်ပုံမှန်ဖြစ်ချင်တာပဲ။ စီးပွားရေးက ခရိုနီကနေ သူတောင်းစား အထိ ထိတယ်။ ဖြစ်သင့်တာကတော့ ပိတ်ရင် ငတ်မယ်။ ဖွင့်ရမယ်။ ဒါလက်ခံတယ်။
ဒါပေမယ့် စည်းနဲ့ကမ်းနဲ့ ဥပဒေ တင်းတင်းကျပ်ကျပ်တော့ လုပ်ဖို့လိာမယ်။ mask ကို မဖြစ်မနေ စနစ်တကျ တပ်ခိုင်းရမယ်။ social distancing မဖြစ်မနေလုပ်ရမယ်။ မလိုက်နာရင် ဒဏ်ရိုက်ရမယ်။ ပြင်းပြင်းထန်ထန်ကို စောင့်ကြည့် ဒဏ်ရိုက်ရမယ်။ esstential ဖွင့်ရမယ်။ non-essential ပိတ်ရမယ်။ လူတွေကို အလကား ဆန်ဆီဝေမယ့်အစား အစိုးရက လူမစုတဲ့ အလုပ်ဒီအချိန်မှာ များများဖော်ပေးသင့်တယ်။ဆီဈေးလဲ ကျနေချိန်။ ဥပမာ
လမ်းတွေခင်း ၊ မြောင်းဖော်၊ သန့်ရှင်းရေး၊ cable ချ၊ ဆေးသုတ်၊ construction လုပ် ဒါမျိုးတွေပေါ့လေ။ အလကားဆိုတာ ဘယ်တော့မှ မကောင်းဘူး။ ရေရှည်မခံဘူး။ စည်းကမ်းကျပ်ကျပ်မတ်မတ်၊ ချိုးဖေါက်ရင် ပြင်းအထန် အရေးယူဆိုရင် စီးပွားရေးလေးလည်း ဆက်သွား၊ ရောဂါလေးလည်း သိပ်မဆိုး ဖြစ်နိုင်ပေမယ့် ဒီပုံအတိုင်း လူတွေ စားဝတ်နေရေးဆိုပြီး လုပ်ချင်တာလုပ် လွှတ်ထားရင်တော့ ခုန လူနာ 800 ဆေးရုံတပြိုင်ထဲ တက်ရပြီဆိုတာနဲ့ ရားတရားသာ အောက်မေ့ပေတော့လို့ ပြောရမလို ဖြစ်နေပြီ။ အဲ့ကျ ထိမ်းဖို့ခက်ပြီ။
စီးပွားလည်းပျက် လူလည်းသေ။ ဒီ post က အဆိုးမြင်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်က ဆရာဝန်ဆိုတော့ ဆရာဝန်ဆိုတာ ဘယ်ပြသနာကိုမဆို ချဉ်းကပ်ရင် safety first၊ အဆိုးဆုံးတွေကို ပြင်ဆင်၊ အဆိုးဆုံးဖြစ်နိုင်တာတွေ လူနာကိုရှင်းပြနေကျဆိုတော့ နားလည်ပေးကြပါလို့။အဆိုးဆုံးအတွက် ကောင်းကောင်း ပြင်ဆင်လာခဲ့ရင် တော်တော်ရွဲတဲ့ လူနာတောင်ပြန်ကောင်းတတ်ပြီး၊ အစကတဲက ကောင်းတဲ့လူနာ အေးဆေးပါ၊ ကောင်းသွားမှာပါဆိုပြီး ပေါ့ဆရင် နောက်ကနေ မျက်ကလဲဆန်ပြာ ဘယ်လောက်လိုက်ရတတ်တယ်ဆိုတာ ဆရာဝန်တိုင်း အသိပါ။
Credit: Dr.Myo Htet Aung
Zawgyi Version
ယခု သတင္းကို ( Dr.Myo Htet Aung ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္ေပါ့ဆမႈေၾကာင့္ ကိုဗစ္ စိုးရိမ္ေရမွတ္ နီးလာၿပီျဖစ္ေၾကာင္း ျပင္းျပင္းထန္ထန္ သတိေပးလိုက္တဲ့ ဆရာဝန္တစ္ဦးရန္ကုန္ကေတာ့ ဆရာဝန္ အျမင္အရ စိုးရိမ္ေရမွတ္နဲ႔ နီးနီးလာၿပီ လူေတြလည္း အရင္လို အမ်ားႀကီး၊ ကားေတြလည္း ျပန္ပိတ္၊ လက္ဖက္ရည္ဆိုင္ ျပန္ထိုင္ၾက၊ ဆင္ေျခဖုံးေတြမွာဆို ဘီယာဆိုင္ေတြေတာင္ ေနပူသလိုလိုနဲ႔
ယင္းလိပ္
ေလးေတြကာၿပီး ဆိုင္မွာ ျပန္ေသာက္လို႔ရၿပီ။ဆိုက္ကားဂိတ္ေတြမွာ ေဈးေတြမွာ ျပန္စည္ကားၿပီ။ ရပ္ကြက္လူႀကီးေတြလည္း ေရေႏြးၾကမ္းဝိုင္းနဲ႔ ေအးေအးလူလူဝိုင္းဖြဲ႕ေဆြးေႏြးလို႔။ စားဝတ္ေနေရး ထြက္တာတင္မက အင္ယားကန္ေစာင္းမွာလည္း အလည္အပတ္ထြက္သူေတြ အရင္နီးပါးျပန္ျဖစ္ေနၿပီ။ဒါေပမယ့္ mask ကို ေသခ်ာတတ္သူက တစ္ရာမွာ ဆယ္ေယာက္၊ ေနာက္ သုံးဆယ္က ေမးေစ့မွာ၊ ေျခာက္ဆယ္ကေတာ့ တပ္ကို မတပ္တာ။ ေအးေလ
ဘာတပ္စရာလိုလဲ၊ မြန္းကမြန္းပါဘိသနဲ႔၊ ဒီေလာက္ပူတဲ့ ရာသီဥတုမွာ။ စားဝတ္ေနေရးက ရွိေသးတယ္။ ထြက္ရမွာပဲ။ ဒါက လက္လုပ္လက္စား အေတြး။အင္းယားကန္သြား၊ အိမ္မွာလူစူ၊ ဝိုင္ဘီယာေသာက္ေနသူေတြက် ဒီ ကိုဗစ္က အဲ့ေလာက္လဲမဆိုးပါဘူးကြာ။ နာမည္ေက်ာ္ေတြေတာင္ အိမ္ျပန္သြားၿပီ။ လူေတြကိုက အေၾကာက္လြန္တာပါ။ လာ မက္က႐ိုသြားတိုးမယ္။ အလကား ဒို႔အစိုးရကို အပုတ္ခ်ခ်င္လို႔ အက်ယ္ခ်ဲ႕တာ၊ အခု ဘာျဖစ္လဲ ေအးေဆးပဲကို။ ဒါ လက္မည္းေတြ ေျခာက္ေနတာ။
အခု လူနာနည္းတယ္ က်သြားတယ္ဆိုတာ သၾကၤန္တုန္းက ၿငိမ္ေနခဲ့တဲ့ အက်ိဳးေက်းဇူး၊ ဒါကို တကယ္က်တယ္ထင္ၿပီး ျပန္ထြက္ရင္ ျပန္တက္ဖို႔ ေသခ်ာသေလာက္ပဲ။တကယ္လုပ္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကေတာ့ မ်က္ခုံးလႈပ္ေနၿပီ။ ကိုယ့္ အေျခအေနကိုယ္သိတာကိုး။ ဒါ လက္ကုန္ထုတ္ထားတာ။ ေအာက္က ကိုးနဲ႔ ရႈိးေနရတာဆိုေတာ့။ နည္းနည္းေလးေျပာမယ္။အခု ရန္ကုန္မွာ ကိုဗစ္ကုတဲ့ ေဆး႐ုံ သုံးခုရွိတယ္။ ေဝဘာဂီ၊ ေတာင္ဥကၠလာ နဲ႔
ေဖာင္ႀကီး။ ေဝဘာဂီမွာ အသက္ရႈစက္နဲ႔ ICU 15 လုံးရွိတယ္။ ေတာင္ဥကၠလာမွာ ICU 15 လုံးရွိတယ္။ ေဖာင္ႀကီးမွာ လက္ရွိ ICU. 10 လုံးရွိတယ္။ ဒါအကုန္ပဲ။လက္ရွိ။ ေဖာင္ႀကီးက ပိုဆိုးလာရင္ ေနာက္ထပ္ ICU ကုတင္ 30 ထပ္တိုးႏိုင္မယ္ ေျပာတယ္။ ႐ိုး႐ိုးလူနာအတြက္ ကုတင္ 300 နဲ႔ 400 ၾကားရွိမယ္။အဲ့ ICU 40 လုပ္နိင္ဖို႔ တျခား ေဆး႐ုံက ေမ့ေဆးဆရာဝန္ေတြကို ဆြဲစိထားရလို႔ ခြဲစိတ္မႈေတြ ရပ္ထားရတယ္။ ႐ိုး႐ိုးလူနာေတြလည္း ကိုဗစ္
ေၾကာင့္ ေဆး႐ုံေတြ၊ ခြဲခန္းေတြနားထားလို႔ ေတာ္ေတာ္ တိုင္ပတ္ေနၾကၿပီ။ အခု လက္ရွိ လူနာ 150 ေက်ာ္၊ ေသတာ 6 ေယာက္၊ ICU က ျပန္ေကာင္းတာ 2 ေယာက္ေလာက္ဆိုေတာ့ လူနာအေယာက္ တစ္ရာမွာ ငါးေယာက္ 5% ICU ေရာက္မယ္ဆိုတဲ့ ႏိုင္ငံတကာ အခ်ိဳးနဲ႔ ျမန္မာျပည္နဲ႔ ကြက္တိပဲ။အဲ့ေတာ့ ျပန္တြက္ရင္ positive 800 တၿပိဳက္နက္ ေဆး႐ုံတက္ရရင္ ICU ျပည့္ၿပီ။ ႏိုင္ငံတကာကို ျပန္ၾကည့္ရင္ တစ္ေယာက္က တစ္ဆယ္ ၊ တစ္ဆယ္က
တစ္ရာျဖစ္ဖို႔သာၾကာတာ၊ တစ္ရာက တစ္ေထာင္ျဖစ္ဖို႔ဆိုတာ ခဏေလး။ တစ္ေထာင္က တစ္ေသာင္းျဖစ္ဖို႔ပိုျမန္၊ တစ္သိန္းက တစ္သန္းျဖစ္ဖို႔ လုံးဝလွ်ပ္တျပတ္။အဲ့ေတာ့ ကြၽန္ေတာ္တို႔ တိုင္းျပည္ဆင္းရဲတယ္။ တစ္ေန႔လုပ္ တစ္ေန႔စားမ်ားတယ္။ ထိုင္မစားႏိုင္ဘူး။ ဒါမွန္တယ္။ အစိုးရေကာ လူထုေရာ ကြၽန္ေတာ္ေရာ ျမန္ျမန္ပုံမွန္ျဖစ္ခ်င္တာပဲ။ စီးပြားေရးက ခ႐ိုနီကေန သူေတာင္းစား အထိ ထိတယ္။ ျဖစ္သင့္တာကေတာ့ ပိတ္ရင္ ငတ္မယ္။ ဖြင့္ရမယ္။ ဒါလက္ခံတယ္။
ဒါေပမယ့္ စည္းနဲ႔ကမ္းနဲ႔ ဥပေဒ တင္းတင္းက်ပ္က်ပ္ေတာ့ လုပ္ဖို႔လိာမယ္။ mask ကို မျဖစ္မေန စနစ္တက် တပ္ခိုင္းရမယ္။ social distancing မျဖစ္မေနလုပ္ရမယ္။ မလိုက္နာရင္ ဒဏ္႐ိုက္ရမယ္။ ျပင္းျပင္းထန္ထန္ကို ေစာင့္ၾကည့္ ဒဏ္႐ိုက္ရမယ္။ esstential ဖြင့္ရမယ္။ non-essential ပိတ္ရမယ္။ လူေတြကို အလကား ဆန္ဆီေဝမယ့္အစား အစိုးရက လူမစုတဲ့ အလုပ္ဒီအခ်ိန္မွာ မ်ားမ်ားေဖာ္ေပးသင့္တယ္။ဆီေဈးလဲ က်ေနခ်ိန္။ ဥပမာ
လမ္းေတြခင္း ၊ ေျမာင္းေဖာ္၊ သန႔္ရွင္းေရး၊ cable ခ်၊ ေဆးသုတ္၊ construction လုပ္ ဒါမ်ိဳးေတြေပါ့ေလ။ အလကားဆိုတာ ဘယ္ေတာ့မွ မေကာင္းဘူး။ ေရရွည္မခံဘူး။ စည္းကမ္းက်ပ္က်ပ္မတ္မတ္၊ ခ်ိဳးေဖါက္ရင္ ျပင္းအထန္ အေရးယူဆိုရင္ စီးပြားေရးေလးလည္း ဆက္သြား၊ ေရာဂါေလးလည္း သိပ္မဆိုး ျဖစ္ႏိုင္ေပမယ့္ ဒီပုံအတိုင္း လူေတြ စားဝတ္ေနေရးဆိုၿပီး လုပ္ခ်င္တာလုပ္ လႊတ္ထားရင္ေတာ့ ခုန လူနာ 800 ေဆး႐ုံတၿပိဳင္ထဲ တက္ရၿပီဆိုတာနဲ႔ ရားတရားသာ ေအာက္ေမ့ေပေတာ့လို႔ ေျပာရမလို ျဖစ္ေနၿပီ။ အဲ့က် ထိမ္းဖို႔ခက္ၿပီ။
စီးပြားလည္းပ်က္ လူလည္းေသ။ ဒီ post က အဆိုးျမင္တာေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္က ဆရာဝန္ဆိုေတာ့ ဆရာဝန္ဆိုတာ ဘယ္ျပသနာကိုမဆို ခ်ဥ္းကပ္ရင္ safety first၊ အဆိုးဆုံးေတြကို ျပင္ဆင္၊ အဆိုးဆုံးျဖစ္ႏိုင္တာေတြ လူနာကိုရွင္းျပေနက်ဆိုေတာ့ နားလည္ေပးၾကပါလို႔။အဆိုးဆုံးအတြက္ ေကာင္းေကာင္း ျပင္ဆင္လာခဲ့ရင္ ေတာ္ေတာ္႐ြဲတဲ့ လူနာေတာင္ျပန္ေကာင္းတတ္ၿပီး၊ အစကတဲက ေကာင္းတဲ့လူနာ ေအးေဆးပါ၊ ေကာင္းသြားမွာပါဆိုၿပီး ေပါ့ဆရင္ ေနာက္ကေန မ်က္ကလဲဆန္ျပာ ဘယ္ေလာက္လိုက္ရတတ္တယ္ဆိုတာ ဆရာဝန္တိုင္း အသိပါ။
Credit: Dr.Myo Htet Aung