ဝမ်းသာစရာသတင်းပါ..လူတိုင်း ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံများ ကိုင်ရတော့မည်

Sharing is caring!

လက် ရှိ အသုံးပြုနေ တဲ့ ပိုက်ဆံအားလုံး ကို ဗိုလ်ချုပ် ပုံနဲ့ ထုတ်ဝေသွားမယ်လက် ရှိအသုံးပြုနေတဲ့ ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက

ပြောကြားလိုက်ပါတယ်။ဒီနေ့ ဇွန်လ(၁၅)ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံတော်အစိုးရ စတုထ္ထ (၁)နှစ်အတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။အခုနှစ်ထဲမှာပဲ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူကိုလည်း ဇန်နဝါရီလ(၄)ရက်နေ့ က စထုတ်ခဲ့ပါသေးတယ်။“အခုရှိနေတဲ့ ငွေစက္ကူ အကုန်လုံးကိုတော့ (၅၀၀၀)တန်ကော၊ (၁၀၀၀၀)တန်ကော၊ (၅၀၀)တန်ကော ဆိုလိုတာက

ငွေစက္ကူ အားလုံးအတွက် ထုတ်သွားမှာပါ။”လို့ ဦးစိုးမင်းက ပြောပါတယ်။အသစ်ထုတ်လိုက်တဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအသစ်ကို အပြင်မှာ အများအပြား တွင်တွင်ကျယ်ကျယ် အသုံးမပြုတာဟာ ရွက်ရေအကန့်အသတ်နဲ့ထုတ်တာ

ကြောင့်လို့လည်း သိရပါတယ်။ဗိုလ်ချုပ်ပုံပါ ငွေစက္ကူသစ်ကို နောက်လည်း ဆက်လက်ထုတ်ဝေသွားမှာဖြစ်သလို အခုအချိန်မှာတော့ တသောင်းတန်ထက်မြင့်တဲ့ ငွေစက္ကူကိုတော့ ထပ်ထုတ်ဖို့မရှိသေးဘူးလို့ သိရပါတယ်

Credit

Zawgyi Version

လက္ ရွိ အသုံးျပဳေန တဲ့ ပိုက္ဆံအားလုံး ကို ဗိုလ္ခ်ဳပ္ ပုံနဲ႔ ထုတ္ေဝသြားမယ္လက္ ရွိအသုံးျပဳေနတဲ့ ေငြစကၠဴအားလုံးကို ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ႐ိုက္ႏွိပ္ထုတ္ေဝသြားမယ္လို႔ ျမန္မာႏိုင္ငံဗဟိုဘဏ္ရဲ႕ ဒုတိယဥကၠ႒ ဦးစိုးမင္းက

ေျပာၾကားလိုက္ပါတယ္။ဒီေန႔ ဇြန္လ(၁၅)ရက္ေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ ႏိုင္ငံေတာ္အစိုးရ စတုထၳ (၁)ႏွစ္အတြင္း ေဆာင္႐ြက္ခဲ့မႈေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းပြဲမွာ အဲဒီလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။အခုႏွစ္ထဲမွာပဲ ဗိုလ္ခ်ဳပ္႐ုပ္ပုံနဲ႔ ေငြစကၠဴကိုလည္း ဇန္နဝါရီလ(၄)ရက္ေန႔ က စထုတ္ခဲ့ပါေသးတယ္။“အခုရွိေနတဲ့ ေငြစကၠဴ အကုန္လုံးကိုေတာ့ (၅၀၀၀)တန္ေကာ၊ (၁၀၀၀၀)တန္ေကာ၊ (၅၀၀)တန္ေကာ ဆိုလိုတာက

ေငြစကၠဴ အားလုံးအတြက္ ထုတ္သြားမွာပါ။”လို႔ ဦးစိုးမင္းက ေျပာပါတယ္။အသစ္ထုတ္လိုက္တဲ့ ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴအသစ္ကို အျပင္မွာ အမ်ားအျပား တြင္တြင္က်ယ္က်ယ္ အသုံးမျပဳတာဟာ ႐ြက္ေရအကန႔္အသတ္နဲ႔ထုတ္တာ

ေၾကာင့္လို႔လည္း သိရပါတယ္။ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴသစ္ကို ေနာက္လည္း ဆက္လက္ထုတ္ေဝသြားမွာျဖစ္သလို အခုအခ်ိန္မွာေတာ့ တေသာင္းတန္ထက္ျမင့္တဲ့ ေငြစကၠဴကိုေတာ့ ထပ္ထုတ္ဖို႔မရွိေသးဘူးလို႔ သိရပါတယ္

Credit

Add a Comment

Your email address will not be published.