ထမင်းတလုပ်အတွက် လမ်းပေါ်ကဆန်လေးတွေ ခြစ်ကုတ်ကောက်နေတဲ့ ဦးလေးရဲ့အဖြစ်

Sharing is caring!

မြင်ရသူတိုင်း ရင်ထဲမချိရတဲ့ လမ်းပေါ်ကဆန်းလေးတွေ စားဖို့ကောက်နေတဲ့ ဦးလေးရဲ့အဖြစ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။” စားလို့ရပါသေးတယ် ” ဆိုပြီး လမ်းပေါ်မှာပြန့်ကျဲနေတဲ့ ဆန်တွေကိုပြန်ကောက်နေခဲ့တဲ့

အလုပ်သမားတစ်ဦးရဲ့အဖြစ်အပျက်လေးပါ။ယခုလို အသွားအလာကန့်သတ်ထိန်းချုပ်ထားတဲ့အချိန်မျိုးမှာ လူအတော်များများက နေအိမ်အတွင်း၌သာနေထိုင်ပြီး အနားယူနေကြပေမဲ့လည်း ၊အချို့သော တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူ

တွေကတော့ အချိန်ကြာလာတာနဲ့အမျှ အလုပ်လက်မဲ့ဖြစ်နေခဲ့လို့ အဆင်မပြေမှုတွေ တစ်ရက်ထက်တစ်ရက်တိုးလာခဲ့ပါတယ် ။ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတစ်

ဦးဟာ ဆန်ထည့်ထားသော ကျွတ်ကျွတ်အိတ်ပေါက်ပြဲသွားခဲ့လို့ လမ်းပေါ်ပြန့်ကျဲသွားခဲ့တဲ့ ဆန်တွေကို ပြန်ကောက်ထည့်နေခဲ့တဲ့ ဓာတ်ပုံဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေး ကြည့်ရှုသူများနေခဲ့ပါတယ် ။အဆိုပါ

အမျိုးသားဟာ သူ့ရဲ့အဖြစ်ကို အတော်လေးစိတ်မကောင်းဖြစ်နေပုံရပြီး သူ၏နှုတ်ကနေ ” အဆင်ပြေပါတယ် ၊ ငါဒါတွေ ရေပြန်ဆေးလို့ရတယ် ၊ဒီဆန်တွေက စားလို့ရပါသေးတယ် ” ဆိုပြီးတော့လည်း ရေရွတ်နေခဲ့ကြောင်း ဖော်ပြထား

ပါတယ် ။ထို့ကြောင့် အချို့သောသူများက “လူတွေက ဆင်းရဲနေပါစေ ၊ ချမ်းသာနေပါစေ ဆာလောင်နေရင် အကုန်လုံးက အတူတူပါပဲ ” ဆိုပြီးတော့လည်း ဝေဖန်သုံးသပ်ချက်များရေးသားခဲ့ကြပါတယ် ။ထို့ကြောင့် ယခုလိုအချိန်တွေ

မှာ နိုင်ငံခြားအလုပ်သမားတွေသာမက ၊ ပြည်တွင်းရှိ ဆင်းရဲလွန်းလှတဲ့ ပြည်သူများဟာလည်း အလုပ်လက်မဲ့ဖြစ်နေခဲ့လို့ ယခုလိုအခက်အခဲမျိုးကြုံတွေ့နေရသူ များပြားစွာရှိနေကြောင်း မလေးရှားနိုင်ငံရှိလူအများစုက မျိုးစုံသုံးသပ်

ရေးသားခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi Version

ျမင္ရသူတိုင္း ရင္ထဲမခ်ိရတဲ့ လမ္းေပၚကဆန္းေလးေတြ စားဖို႔ေကာက္ေနတဲ့ ဦးေလးရဲ႕အျဖစ္ကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။” စားလို႔ရပါေသးတယ္ ” ဆိုၿပီး လမ္းေပၚမွာျပန႔္က်ဲေနတဲ့ ဆန္ေတြကိုျပန္ေကာက္ေနခဲ့တဲ့

အလုပ္သမားတစ္ဦးရဲ႕အျဖစ္အပ်က္ေလးပါ။ယခုလို အသြားအလာကန႔္သတ္ထိန္းခ်ဳပ္ထားတဲ့အခ်ိန္မ်ိဳးမွာ လူအေတာ္မ်ားမ်ားက ေနအိမ္အတြင္း၌သာေနထိုင္ၿပီး အနားယူေနၾကေပမဲ့လည္း ၊အခ်ိဳ႕ေသာ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့လူ

ေတြကေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် အလုပ္လက္မဲ့ျဖစ္ေနခဲ့လို႔ အဆင္မေျပမႈေတြ တစ္ရက္ထက္တစ္ရက္တိုးလာခဲ့ပါတယ္ ။ဒီတစ္ေခါက္မွာလည္း မေလးရွားႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ ႏိုင္ငံျခားအလုပ္သမားတစ္

ဦးဟာ ဆန္ထည့္ထားေသာ ကြၽတ္ကြၽတ္အိတ္ေပါက္ၿပဲသြားခဲ့လို႔ လမ္းေပၚျပန႔္က်ဲသြားခဲ့တဲ့ ဆန္ေတြကို ျပန္ေကာက္ထည့္ေနခဲ့တဲ့ ဓာတ္ပုံဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလး ၾကည့္ရႈသူမ်ားေနခဲ့ပါတယ္ ။အဆိုပါ

အမ်ိဳးသားဟာ သူ႔ရဲ႕အျဖစ္ကို အေတာ္ေလးစိတ္မေကာင္းျဖစ္ေနပုံရၿပီး သူ၏ႏႈတ္ကေန ” အဆင္ေျပပါတယ္ ၊ ငါဒါေတြ ေရျပန္ေဆးလို႔ရတယ္ ၊ဒီဆန္ေတြက စားလို႔ရပါေသးတယ္ ” ဆိုၿပီးေတာ့လည္း ေရ႐ြတ္ေနခဲ့ေၾကာင္း ေဖာ္ျပထား

ပါတယ္ ။ထို႔ေၾကာင့္ အခ်ိဳ႕ေသာသူမ်ားက “လူေတြက ဆင္းရဲေနပါေစ ၊ ခ်မ္းသာေနပါေစ ဆာေလာင္ေနရင္ အကုန္လုံးက အတူတူပါပဲ ” ဆိုၿပီးေတာ့လည္း ေဝဖန္သုံးသပ္ခ်က္မ်ားေရးသားခဲ့ၾကပါတယ္ ။ထို႔ေၾကာင့္ ယခုလိုအခ်ိန္ေတြ

မွာ ႏိုင္ငံျခားအလုပ္သမားေတြသာမက ၊ ျပည္တြင္းရွိ ဆင္းရဲလြန္းလွတဲ့ ျပည္သူမ်ားဟာလည္း အလုပ္လက္မဲ့ျဖစ္ေနခဲ့လို႔ ယခုလိုအခက္အခဲမ်ိဳးႀကဳံေတြ႕ေနရသူ မ်ားျပားစြာရွိေနေၾကာင္း မေလးရွားႏိုင္ငံရွိလူအမ်ားစုက မ်ိဳးစုံသုံးသပ္

ေရးသားခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *