ကျန်းမာရေးအတွက် အကျိုးများတဲ့ စပါးလင် လ္ဘက်ခြောက်လုပ်နည်း

Sharing is caring!

စပါးလင် ကို လက်ဖက်ခြောက်ရည်လို သောက်လို့ရတဲ့ နည်း ပြုလုပ်ပုံ မျှဝေထားပါတယ် မသိသေးတဲ့ သူတွေ ကြည့်ပါနော်စပါးလင် ဆိုတဲ့အပင်က အိမ်တိုင်းနီးပါး စိုက်ထားတဲ့ အပင်မျိုးပါ။

သူ့ဆီမှာ ဗီတာမင် အေ စီ ဘီ ဖောလက် ကယ်လစီယမ် မက်ကနီစီယမ် သံဓာတ် အများအပြားပါဝင်ပေမဲ့ လူတွေ သိပ်မသိကြပါဘူးစပါးလင်ဟာ ရဲ့အကျိုးဟာ အစာကြေစေပြီး ဆီးရွင်အောင်ကူညီပေးပါတယ် ကိုယ်ထဲက အဆိပ်

တွေကို ဆီးနဲ့အတူပါသွားအောင် ထုတ်ပေးရာမှာ ကူညီပါတယ်အူထဲက ဂက်စ် တွေ ကို လျော့ချပေးဖို့ ကူညီတဲ့အပြင် အစာအိမ်ထဲက ဂက်စ်တွေကိုပါ လျော့ချပေးလို့ ဗိုက်အအီမလည် လေထိုးလေ အောင့် ကိုပါ သက်သာစေပါ

တယ်စပါးလင်ထဲ ပါတဲ့ အဆီတွေက အူကြီးအူမတွေတွေကို လေထုတ်ပေးရာမှာ ကူညီပေးပြီး ဗိုက်ထဲမှာ ဝမ်းပျက်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်သွေးကြောထဲက စုစည်းနေတဲ့ အဆီတွေကို လျော့ချ တဲ့အပြင် သွေး

လည်ပတ်မှု အားကောင်းစေအောင်လဲ ကူညီပါတယ်ဦးနှောက်အားရုံကြောကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်အသက်ရှုလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ အသက်ရှုခက်ခဲမှုကို စပါးလင်ကနေထွက်လာတဲ့ အဆီက ဗီတာမင် စီ

က အသက်ရှုမဝတာ ခက်ခဲတာတွေကို ကူညီပေးပါတယ်စပါးလင်က ကိုယ်ခံအားကို မြင့်မားစေတဲ့အပြင်အူကြီး အူမတွေရဲ့ အဟာရစုတ်ယူမှုအားကောင်းအောင် ကူညီပေးလို့ ကိုယ်ခံအားမြင့်တက်စေပါတယ်အရေပြားပေါ်က ညင်းစက်

တွေ ပွေးကွက်တွေကို စပါးလင်နဲ့လုပ်ထားတဲ့ လိမ်းဆေးနဲ့ ကုသပျောက်ကင်းစေပါတယ်အရိုးပွတဲ့သူတွေ သောက်သင့်ပါတယ်တဲ့စပါးလင်ကို လက်ဖက်ခြောက်ရည်လို လုပ်သောက်လို့၇ပါတယ် ဆွမ်းမွေးအရွက်နဲ့ စပါးလင်ကို ရော

သောက်တဲ့အခါ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်အထူးသတိပြုရမဲ့သူက ကိုယ်ဝန်ဆောင်တွေဟာ စပါးလင်အများအပြားစားခြင်းမှာ အန္တရာယ် ဖြစ်စေပါတယ် နို့တိုက်ကလေးအမေနဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူတွေများများမစား

သုံးသင့်ပါ သောက်မည်ဆိုပါက ကလည်း တိုင်းရင်းဆေးဆရာနဲ့ သေခြာ တိုင်ပင်ပြီးမှ အသုံးပြုပါရန် အထူး သတိပေး လိုက်ရပါတယ် ရှင့်သဘာဝပင်တွေက ကောင်းကျိုး တွေ အများအပြားပေးနိုင်သလို ဆိုးကျိုးတွေလည်း အများ

အပြားရှိနိုင်တဲ့အတွက် အထူးသတိထားပြီးချင့်ချိန် အသုံးပြုကြပါ လို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်အထက်ပါအကြောင်းအရာတွေကို နာဝါ ချနား ကနေ သိခွင့်ရလို့ ကလေးအမေက အနီးစပ်ဆုံး ဘာသာပြန် ရေးသားခြင်း ဖြစ်ပါတယ်

ရှင့် အားလုံး စပါးလင်ရဲ့ကောင်းကျိုးကို ရွေးချယ် အသုံးပြု နိုင်ပါစေ လို့စပါးလင် လက်ဖက် လုပ်ပုံလေး ကိုယ်တိုင်လူပ်ပြီး မျှဝေထားပါတယ် ရှင့်ခူးပြီး ရေနဲ့ တစ်ပင်ခြင်းကို ဖော့တုံးနဲ့ ဆေးပါတယ် ပြီးရင် ရေခါ ပြီးဒီလိုညှပ် ပါ

တယ် ဂျပန်မှာ အရွက်ကို သောက်ကြတယ်အရိုးကိုလည်း ဒီလိုဖြတ် ပြီး နှစ်မျိုးလုံးကို နေပူလှန်းပါတယ် လုံးဝခြောက်သွားမှ ဒယ်အိုးထဲ မီးအေးအေးနဲ့ လှော် လိုက်ပါတယ် ဒီလို အရောင် ရလာပါတယ်လှော်ပြီးသား စပါးလင်

လက်ဖက်ခြောက် ပါ ရေနွေးထဲ ထည့်ပြုတ် ၅ မိနစ်လောက် ဒါမှ မဟုတ် ရေဆူဆူကို ထည့်ုပြီးလောင်းချရုံပါပဲစာဖတ်သူတွေထဲက စပါးလင်နဲ့ ပတ်သက်လို့ ကောင်းကျိုး ဆိုးကျိုးကို သိရင် ကွန်မန့် ပေးပြီး မျှေ၀ ခဲ့ပါနော်။

မေတ္တာ ဖြင့်

လေးစားစွာဖြင့်ခရက်ဒစ် မေမေထိုက်

Zawgyi Version














မေတ္တာ ဖြင့်


Add a Comment

Your email address will not be published. Required fields are marked *