မုတ်သုန်ကြောင့် ၂ ရက်အတွင်း မိုးကြီးမည့် ဒေသများ
|တောင်ကုန်းဒေသတွေမှာ မြေပြိုမှုအန္တရာယ်သတိပြုဖို့ ကိုလည်း မိုးဇလက အသိပေးထားပါတယ်။ဇွန်လ (၁၆)ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မုတ်သုံလေဝင်ရောက်မှု အားကောင်းလာမှုကြောင့် နေရာအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။လက်ရှိမှာတော့ မုတ်သုံလေ အားနည်းနေခြင်းဖြစ်ပြီး အဆိုပါမုတ်သုံလေဟာ တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတို့မှာ တပြိုက်နက် အားကောင်းလာနိုင်ပြီး နောက် (၂)ရက်အတွင်းမှာ မိုးများလာနိုင်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
“အခုချိန်က မိုးဦးကျကာလလည်းဖြစ်သလို နောက်နှစ်ရက် အတွင်း မှာလည်း မုတ်သုံလေက ပိုပြီးအားကောင်းလာနိုင်ပါတယ်။ မုတ်သုံလေ အားကောင်းလာတဲ့ အတွက် ယခုထက်ပိုပြီး မြန်မာနိုင်ငံအနှံ့ မိုးများနိုင်သလို တနင်္သာရီ ၊ ရခို
င်နဲ့ မွန်ပြည်နယ်တို့မှာတော့ မုတ်သုံလေ အားပိုကောင်းလာနိုင်တဲ့ အနေအထားရှိနေတယ်”လို့ ဦးကျော်မိုးဦးက ပြောပါတယ်။မုတ်သုံလေ အားကောင်းလာချိန်မှာ ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်ပြီး မြစ်ငယ်ချောင်းတွေမှာလည်းရေကြီးမှုအန္တရာယ်သတိပြုဖို့ လိုသလို မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကုန်းဒေသတွေမှာလည်း မြေပြိုမှုအန္တရာယ်သတိပြုဖို့ လိုတယ်လို့ ဦးကျော်မိုးဦးက သတိပေးပြောကြားပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ နေလယ် (၁)နာရီ ထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာလည်း မိုးပိုနိုင်တယ်လို့ သိရပါတယ်။
Credit Duwun
Zawgyi Version
ေတာင္ကုန္းေဒသေတြမွာ ေျမၿပိဳမႈအႏၲရာယ္သတိျပဳဖို႔ ကိုလည္း မိုးဇလက အသိေပးထားပါတယ္။ဇြန္လ (၁၆)ရက္ေန႔အထိ ျမန္မာႏိုင္ငံအတြင္း မုတ္သုံေလဝင္ေရာက္မႈ အားေကာင္းလာမႈေၾကာင့္ ေနရာအႏွံ႔အျပားမွာ မိုးႀကီးႏိုင္တယ္လို႔
မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ သိရပါတယ္။လက္ရွိမွာေတာ့ မုတ္သုံေလ အားနည္းေနျခင္းျဖစ္ၿပီး အဆိုပါမုတ္သုံေလဟာ တနသၤာရီကမ္း႐ိုးတန္းနဲ႔ ရခိုင္ကမ္း႐ိုးတန္းတို႔မွာ တၿပိဳက္နက္ အားေကာင္းလာႏိုင္ၿပီး ေနာက္ (၂)ရက္အတြင္းမွာ မိုးမ်ားလာႏိုင္တယ္လို႔ မိုးဇလၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။
“အခုခ်ိန္က မိုးဦးက်ကာလလည္းျဖစ္သလို ေနာက္ႏွစ္ရက္ အတြင္း မွာလည္း မုတ္သုံေလက ပိုၿပီးအားေကာင္းလာႏိုင္ပါတယ္။ မုတ္သုံေလ အားေကာင္းလာတဲ့ အတြက္ ယခုထက္ပိုၿပီး ျမန္မာႏိုင္ငံအႏွံ႔ မိုးမ်ားႏိုင္သလို တနသၤာရီ ၊ ရခို
င္နဲ႔ မြန္ျပည္နယ္တို႔မွာေတာ့ မုတ္သုံေလ အားပိုေကာင္းလာႏိုင္တဲ့ အေနအထားရွိေနတယ္”လို႔ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။မုတ္သုံေလ အားေကာင္းလာခ်ိန္မွာ ကမ္း႐ိုးတန္းေဒသေတြမွာ မိုးမ်ားႏိုင္ၿပီး ျမစ္ငယ္ေခ်ာင္းေတြမွာလည္းေရႀကီးမႈအႏၲရာယ္သတိျပဳဖို႔ လိုသလို မိုးဆက္တိုက္႐ြာသြန္းမႈေၾကာင့္ ေတာင္ကုန္းေဒသေတြမွာလည္း ေျမၿပိဳမႈအႏၲရာယ္သတိျပဳဖို႔ လိုတယ္လို႔ ဦးေက်ာ္မိုးဦးက သတိေပးေျပာၾကားပါတယ္။
မိုးေလဝသႏွင့္ ဇလေဗဒၫြန္ၾကားမႈ ဦးစီးဌာနရဲ႕ ဒီကေန႔ ေနလယ္ (၁)နာရီ ထုတ္ျပန္ခ်က္အရ ေနာက္(၂)ရက္အတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔မွာလည္း မိုးပိုႏိုင္တယ္လို႔ သိရပါတယ္။
Credit Duwun