ခိုင္နွင္းေဝ ရဲ႕ မိဘမဲ့ေဂဟာမွ ကေလးငယ္မ်ား ေအာက္လမ္းနည္းနဲ႔ အတိုက္ခံရ

Sharing is caring!

ခိုင်နှင်းဝေကတော့ ပြင်ပပရဟိတအလုပ်တွေအပြင် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုပါ တည်ထောင်ပြီး ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်နေသူတစ်ယောက်ပါ။ ပရဟိတအလုပ်အပြင် အနုပညာအလုပ်တွေပါ တွဲဖက်လုပ်ကို

င်နေရသူမို့ အားပေးချီးမွမ်းတဲ့သူတွေရှိသလို ဝေဖန်သူတချို့ရဲ့ဒဏ်ကိုလည်း ခံနေရသူပါ။ကလေးတွေကို ပြုစုစောင့်ရှောက်နေသူတစ်ယောက်မို့အားပေးချစ်ခင်သူပရိသတ်ပိုများသော်လည်း မထင်မှတ်ထားလောက်အောင် အောက်တန်းကျ

ကျတိုက်ခိုက်ခံနေရကြောင်းကိုတော့ ခိုင်နှင်းဝေက မျှဝေခဲ့ပါတယ်။ “မနေ့က ကျိုက်မရောဆရာတော်ကြီး ထံသို့ သွားရောက်ဖူးမျှော်ရင်း ဂေဟာ မှာ အတိုက်အခိုက် အတားအဆီးအနှောင့်အယှက်တွေရှိနေတယ်လို့ ဆရာတော်ကြီးက မိ

န့်ကြားပြီး ဂေဟာကိုလာစစ်ပေးဖို့ ဒီနေ့ပဲ ဆရာတော်ကျောင်းက အဘ တယောက်ကို ပင့်ဖိတ်ပြီးစစ်ဆေးကြည့်တော့…. အဘက အာရုံပြုကြည့်လိုက်တာနဲ့ ဂေဟာရှေ့က ရွက်လှပင်အောက်မှာ ရှိတယ်လို့ မိန့်တော့ ကျွန်မတို့ ချက်ချင်း

ဆယ်ယူကြည့်တဲ့အခါ တကယ်ပဲအင်းပြားတွေ တွေ့လိုက်ပါတယ်ရှင်…. အဲဒီအင်းပြားက လူသေကောင်တွေမှာပတ်တဲ့အဝတ်စ.ပိတ်ဖြူနဲ့လုပ်ထားတာတဲ့… ကျွန်မ ကလေးတွေအတွက်တော့ စိတ်ပူမိတယ်… ဘာပဲဖြစ်ဖြစ်ကျွန်မကတော့

အားလုံးကို မေတ္တာထားပါတယ်. ဒီလိုလုပ်တဲ့သူကိုလဲကျမ ဒီကနေမေတ္တာပို့လိုက်ပါတယ်ရှင်. စေတနာကောင်းရင်ကံကောင်းမယ်ဆိုတာကျွန်မယုံကြည်ပါတယ်…. ဘယ်အောက်လမ်းနည်းနဲ့ပဲလုပ်လုပ်ကျွန်မရဲ့ သူတပါးပေါ်ထားတဲ့ တက

ယ့်စေတနာ နဲ့ ရိုးသားမူကို စိတ်လုံတဲ့အတွက် ဘာမှ မစိုးရိမ်ပါဘူးရှင်” ဆိုပြီး မျှဝေခဲ့ပါတယ်။ ပရိသတ်ကြီးရေ.. ဘဝကို ဘယ်လိုပဲ အကောင်းဆုံးလျှောက်လှမ်းနေပါစေ မနာလိုမုန်းထားတဲ့သူတွေကတော့ ရှိစမြဲပါ။ ဘယ်လောက်

ပဲ မကျေနပ်ပါစေ ဒီလိုယုတ်မာပြီး အောက်တန်းကျတဲ့နည်းလမ်းနဲ့ တိုက်ခိုက်တာကတော့ တကယ်ကို မလုပ်သင့်တဲ့အရာတွေပါပဲနော်။

Source : Khine Hnin Wai’s Facebook | Reference & Credit : Cele Gabar

Zawgyi Version

ခိုင္ႏွင္းေဝကေတာ့ ျပင္ပပရဟိတအလုပ္ေတြအျပင္ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာကိုပါ တည္ေထာင္ၿပီး ကေလးေတြကို ရင္အုပ္မကြာေစာင့္ေရွာက္ေနသူတစ္ေယာက္ပါ။ ပရဟိတအလုပ္အျပင္ အႏုပညာအလုပ္ေတြပါ တြဲဖက္လုပ္ကို

င္ေနရသူမို႔ အားေပးခ်ီးမြမ္းတဲ့သူေတြရွိသလို ေဝဖန္သူတခ်ိဳ႕ရဲ႕ဒဏ္ကိုလည္း ခံေနရသူပါ။ကေလးေတြကို ျပဳစုေစာင့္ေရွာက္ေနသူတစ္ေယာက္မို႔အားေပးခ်စ္ခင္သူပရိသတ္ပိုမ်ားေသာ္လည္း မထင္မွတ္ထားေလာက္ေအာင္ ေအာက္တန္းက်

က်တိုက္ခိုက္ခံေနရေၾကာင္းကိုေတာ့ ခိုင္ႏွင္းေဝက မွ်ေဝခဲ့ပါတယ္။ “မေန႔က က်ိဳက္မေရာဆရာေတာ္ႀကီး ထံသို႔ သြားေရာက္ဖူးေမွ်ာ္ရင္း ေဂဟာ မွာ အတိုက္အခိုက္ အတားအဆီးအေႏွာင့္အယွက္ေတြရွိေနတယ္လို႔ ဆရာေတာ္ႀကီးက မိ

န္႔ၾကားၿပီး ေဂဟာကိုလာစစ္ေပးဖို႔ ဒီေန႔ပဲ ဆရာေတာ္ေက်ာင္းက အဘ တေယာက္ကို ပင့္ဖိတ္ၿပီးစစ္ေဆးၾကည့္ေတာ့…. အဘက အာ႐ုံျပဳၾကည့္လိုက္တာနဲ႔ ေဂဟာေရွ႕က ႐ြက္လွပင္ေအာက္မွာ ရွိတယ္လို႔ မိန္႔ေတာ့ ကြၽန္မတို႔ ခ်က္ခ်င္း

ဆယ္ယူၾကည့္တဲ့အခါ တကယ္ပဲအင္းျပားေတြ ေတြ႕လိုက္ပါတယ္ရွင္…. အဲဒီအင္းျပားက လူေသေကာင္ေတြမွာပတ္တဲ့အဝတ္စ.ပိတ္ျဖဴနဲ႔လုပ္ထားတာတဲ့… ကြၽန္မ ကေလးေတြအတြက္ေတာ့ စိတ္ပူမိတယ္… ဘာပဲျဖစ္ျဖစ္ကြၽန္မကေတာ့

အားလုံးကို ေမတၱာထားပါတယ္. ဒီလိုလုပ္တဲ့သူကိုလဲက်မ ဒီကေနေမတၱာပို႔လိုက္ပါတယ္ရွင္. ေစတနာေကာင္းရင္ကံေကာင္းမယ္ဆိုတာကြၽန္မယုံၾကည္ပါတယ္…. ဘယ္ေအာက္လမ္းနည္းနဲ႔ပဲလုပ္လုပ္ကြၽန္မရဲ႕ သူတပါးေပၚထားတဲ့ တက

ယ့္ေစတနာ နဲ႔ ႐ိုးသားမူကို စိတ္လုံတဲ့အတြက္ ဘာမွ မစိုးရိမ္ပါဘူးရွင္” ဆိုၿပီး မွ်ေဝခဲ့ပါတယ္။ ပရိသတ္ႀကီးေရ.. ဘဝကို ဘယ္လိုပဲ အေကာင္းဆုံးေလွ်ာက္လွမ္းေနပါေစ မနာလိုမုန္းထားတဲ့သူေတြကေတာ့ ရွိစၿမဲပါ။ ဘယ္ေလာက္

ပဲ မေက်နပ္ပါေစ ဒီလိုယုတ္မာၿပီး ေအာက္တန္းက်တဲ့နည္းလမ္းနဲ႔ တိုက္ခိုက္တာကေတာ့ တကယ္ကို မလုပ္သင့္တဲ့အရာေတြပါပဲေနာ္။

Source : Khine Hnin Wai’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *