ရတနာ သုံးပါးကျေးဇူးဖြင့် COVID_19 ရဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့သူ
|“ရတနာသုံးပါး ဂုဏ်ကျေးဇူး”ကြောင့်ဝူဟန် ဗိုင်းရပ် ရောဂါ မှ “သေရွာပြန်”ခဲ့သူ တစ်ဦး အကြောင်း”
ကျွန်တော် ခံစားခဲ့ရတဲ့ “ဝူဟန်းဗိုင်းရပ်”အကြောင်းလေးပါ။
ဘာကြောင့်-ဝူဟန်း ကျွန်တော့် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသလဲ?
မလာအောင် ဘယ်လိုလုပ်နိုင် ဆိုတာ နဲ့မလှုပ်နိုင်ဘဲ “နာရီပေါင်း (၁၄၀) ကျော်” ကိုမခံသာတဲ့ “မရာဏာပိဒုက္ခ” ကိုကျော်လာခဲ့ပုံအတွေ့အကြုံလေးပါ။
ပထမဉီးဆုံး-“သေရွာပြန်”ခဲ့တာ ဟာ “ရတနာသုံးပါး ဂုဏ်ကျေးဇူး”ကြောင့်ဆိုတာပါပဲ။
(“Ventilator” မှာ-သေမင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မေတ္တာစူးစိုက်ပို့ပေးနေခဲ့ကြတဲ့,
ဆရာတော် ခေမာဓေမမ္မာ၊အောက်စ်ဖို့ ဆရာတော်၊တိပိဋ္ဌက ရွှေစင်ဆရာတော်ဘုရားကြီး၊ဂုတ်ထိပ်ဆရာတော်ဘုရားကြီး ဦးပညာဝံသ ၊ထိသိ စွန်းလွန်းဆရာတော် ဦးသုမန၊သဘာဝရိပ်သာ မှ ဆရာတော်အမှုးထားပြီး ဘုန်းဘုန်းများ ဆရာလေးများ၊မိုးကုတ်ရိပ်သာ မှ ဆရာလေးများ ။ပြည် ဝိဇ္ဇောဒယ မှ ဆရာသမားများအချိန်ပြည့်တရားအားထုတ်ပြီး သစ္စာတိုင်တည်မေတ္တာပို့နေတဲ့ မိခင်ကြီး ဒေါ်အေးမြင့် ၊ဇနီးမအေးမိုး နဲ့သားသားခရစ္စ ၊ ညီမငယ် မဖြူ အကိုကြီးကိုဝင်း အမကြီး မညောင် မသူဇာ တို့ကိုအထူးကျေးဇူးတင်ပြီ မေတ္တာကိုခံစားခဲ့ရပါတယ်။ )
သူငယ်ချင်း “မဥမ္မာလှိုင်”ကလဲ-“သစ်တံခါးဆရာတော်ဘုရားကြီး”ကို အပူကပ်”မေတ္တာပို့ ပေးဖို့ လျောက်ထားခဲ့ပါတယ်”။
“အရိယာ သူတော်ကောင်းကြီးများရဲ့မေတ္တာ”နဲ့သေတွင်း ကလွတ်ခဲ့ပါပြီ။
အကြိမ်ကြိမ် ဦးတိုက် ကန်တော့ပါတယ် ဘုရား။
(၁)ဘာလို့ ဝူဟန်ဗိုင်းရပ်ကိုယ့်ဆီကိုတည့်တည့်ရောက်လာတာလဲ?
အတိတ် က ပြုခဲ့တဲ့”ဝဋ်”တွေ အကျိုးပေးဖို့အချိန် မှီလာလို့ပါ။
“ဘာလို့ အကျိုးပေးဖို့အချိန်မှီလာလဲ?”-ဆိုတော့-
“ပိုင်းလော့ဆရာတော်”ပြောတဲ့-“အချိန်တိုင်း တွေးနေရင်း ဘဝ ပြောင်းသည်”ဆိုတဲ့အချက်ကြောင့်ပါ။
ကျွန်တော် ဟာ မနေတတ်/မထိုင်တတ်“ဝူဟန်းဗိုင်းရပ်”ကို နေ့/ညအချိန်ပေါင်းများစွာ source ပေါင်းများစွာက follow လုပ်ပါတယ်၊”covid ဂုဏ်တော်ပွါးများနေတယ်”လို့ပဲ ဆိုပါတော့။
အဲ့ဒီတော့ လာပြီပေါ့ ကိုယ့်ဆီကို၊ဘာဆန်းမလဲ။အချိန်တိုင်းတွေးနေရင်း ဘဝ ပြောင်းပြီလေ။ဒီအချက်က ရှောင်လို့ရပါတဲ့ covid ကို follow မလုပ်ကြပါနဲ့-ကြောက်လဲမကြောက်ကြပါနဲ့ ၊သောက လဲမရောက်ကြပါနဲ့။ကိုယ့်တရားကိုယ် အာရုံပြုရင် အလွယ်တကူလွတ်မြောက်နိုင်ပါတယ်မနေတတ်တာ အခုမှ မဟုတ်ပါ။
“ရွှေဝါရောင်အရေး”တုန်းကလဲ ဒေါသ ဝမ်းနည်းမှုတွေနဲ့ အရင်ဆုံးပူလောင်သူကကိုယ်ပါ။စီးပွါးတွေပျက် ပစ္စည်းတွေ ဆုံးရှုံး ကြုံခဲ့ပြီးပါပြီ။အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းခဲ့ရပါတယ်။“အမျိုးသမီး တစ်ယောက်”က”သူနာပြုဆရာမလေး”ကို”စက်ရုပ် မို့ အိမ်မှာ နေ ရမှာလား?” တို့”ပြည်တော်ပြန် တွေ သတ်ပစ် တစ်ကောင်မှ အထင်မကြီးဘူး”-ဆိုတဲ့ပို့ိစ်တွေကြောင့် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။
ဒါဟာ-“အကုသိုလ်စိတ်”ပါ။”အကုသိုလ်” အကျိုးပေးတွေ အချိန်မှီပြီလေ ။ဒါဟာ ရှောင်လို့ရတဲ့အချက်ပါ။
ဒါက-“ဝူဟန်းဗိုင်းရပ်စ်ရောက်လာခြင်းအကြောင်း”ပါပဲ၊အလွယ်တကူ ရှောင်လို့ရတဲ့ အချက်ပါ။
(၂) ဆေးရုံက Intensive Care မှာventilator ပေါ်မှာ နာရီ (၁၄၀) ကျော်
ကျွန်တော် “အပျင်းဖျား”ပြီး”တစ်ပါတ်”အကြာမှာချောင်းဆိုး လာပါတယ်။
(၃)ရက်လောက်ကြာတော့ နှာခေါင်းထဲ “ဆီကြော်အနံ့”လိုရပြီး အသက်ရှုကြပ် လာပါတယ်။တကယ်တော့ ဘာ အနံ့ မှ မရှိပါဘူး။
“အောက်စီဂျင် level (၈၇)”အထိထိုးကျလို့”ဆေးရုံ”ရောက်ခဲ့ပါတယ်။
ဆေးရုံမှာ-“အောက်စီဂျင်”ပေးထားတဲ့ကြားကတက်မလာဘဲ -“အဖျား (၃၉)” ကနေ မကျဘဲ,”နှလုံးခုန်ှုန်း,သွေးပေါင်ချိန်”ကျသွားလို့သတိလစ် သလိုဖြစ်သွားပါတယ်။ဆရာဝန်တွေ/ဆရာမတွေက-“မသွားနဲ့ ငါတို့နဲ့နေပါ”-ဆိုပြီးတစ်ယောက်ဖက် ထားပြီး ဝိုင်းအော်နေတာ ကြားပါတယ်။ချက်ချင်းပဲ-ventilator machine ပေါ်တင်တော့တာပါပဲ။”မေ့ဆေးဆရာဝန်”က”မေ့ဆေး”ပေးပြီး-“လည်ချောင်းအပေါက်ဖောက်””ပိုက်”မျိုးစုံထည့်”နှာခေါင်းပိုက် နှလုံးခုံစက်အစုံ”ပါပဲ။” Ventilator ပေါ်တင်”ပြန်ရှင်တဲ့သူ အရမ်းနဲတယ်”ဆိုတာသိထားပါတယ်။
မေ့ဆေးပြယ်တော့ ဆရာဝန်တွေက ရှင်းပြကြပါတယ်။အိပ်ရာ လဲဖျာကပ်ပေါ့၊လှုပ်လို့လဲမရတော့ပါဘူး။ကျွန်တော် ဟာ “တရားကိန်းသူ”မဟုတ်ပါ။”အညံ့စား ပုထုဇဥျ တဈဦး”ပါ။
တရား ကိုမရဏာပိဒုက္ခ ကို ရင်ဆိုင်နိုင်လောက်အောင်နေကောင်းစဉ်က အားမထုတ်ထားခဲ့ပါ။
“ပုထုဇဉ် တစ်ယောက်အနေနဲ့ဘယ်လိုရင်ဆိုင်မလဲ?”ဆိုတာစ စဉ်းစားရတော့တာပါပဲ။
တစ်ခုတည်းသော အားကိုးရာ “ရတနာသုံးပါး”ပါပဲ။
“အဖျား (၃၉ံ)”နဲ့အသက်မနဲရှုနေရတာဘယ်က တရား စ မှတ်မလဲ?
အရင်ဆုံး-“ဂုတ်ထိပ်ဆရာတော်ဘုရားကြီး”သင်ပေးတဲ့-“စိတ်လျော့ရှပ်လျော့”ပါပဲ။
လျော့ချလိုက်တာနဲ့-“သဘာဝ သဘောခန္ဓာ” စမြင်တော့ပါပဲ။အလုပ် စ ရပြီပေါ့။”ဝေဒနာ”ကပြင်းလွန်းလို့ မျောသွား/လွတ်သွားပြန်တာပဲ။ဒီတခါ-“စွန်းလွန်းဆရာတော် ဦးသုမန”-ဆေးရုံမတက်ခင်”အေးစေငြိမ်းစေ” တရားပေးထားပါတယ်။”အာနာပါန”နဲ့ “အေးစေငြိမ်းစေ” စတင်ပါတယ်။စပြီး တည်ငြိမ် လာပါပြီ။
နဲနဲ “စိတ်”နဲ့ “ရုပ်”ကိုခွါလာနိုင်တော့-“ပြည် ဝိဇေဇာဒယ” ရဲ့ “အရှုဈာန်”တင်တော့တာပဲ။”ရုပ်”ပေါ်မှာ”ဈာန်”နဲ့ခွါသလို-“အောက်စီဂျင်”လဲ တက်လာပါတယ်။နောက် တော့-မျောလိုက် မေ့သွားလိုက် နဲ့ လုံးခြာလိုက်နေပါတယ်။
သတိရ တာနဲ့ “သဲအင်းဆရာတော်ကြီး”ရဲ့ “ကော့မူးရှုကွက်”တရားတင်တော့တာပဲ။”ရှုကွက်”က-“ဖောက်ပြန်တဲ့ရုပ်သဘော”နဲ့”သိတတ်ခံစားတတ်တဲ့ နာမ်တရားလေးပဲရှိတယ်”-ဆိုတာ။
“ဘာဘဲ ပေါ်လာ-ချုပ်ပျောက်သွားတာလေးတွေကငါမဟုတ်ဖူး”-လို့လိုက် သိပေးနေပါတယ်။
“ငါဖြင့်သေရေတာ့မယ် မိသားစုနဲ့ခွဲရတော့မယ်”-ဆိုတဲ့”သောက”တွေမရှိတော့ပါဘူး၊အရာရာ တရစပ် ချုပ်နေတာကိုး။ဉာဏ်အား နဲနဲ အထောက်အကူ ရတာနဲ့-
“သဘာဝ ဆရာတော်”ရဲ့-“အနတ္တ သဘောခန္ဓာ လေးတွေအခုကြည့်/ အခု မရှိတော့ဘူး”-ဆိုတဲ့”ရှုကွက်”နဲ့ လိုက်တယ်။
“ဆရာလေးခေမာရံသီ”ရဲ့ -“နဂိုကမှ ဘာမှမရှိဘဲတရစပ် အစားထိုး ဖြစ်/ပျက် နေကြတာ”- ကို တင်ရှုပါတယ်။
“စွန်းလွန်း ဦးသုမန” ရဲ့ –
“နာတာကိုမသိနဲ့၊နာတာကိုသိတဲ့စိတ်ကလေးရဲ့အပျက် လိုက်”-ဆိုတာနဲ့လိုက်ပါတယ်။
အဲ့ဒီအခါမှာ-“ရုပ်”ကြီးကလဲသူ့သဘောနဲ့သူပြောင်း”သိမှု”တွေကလဲ ပြောင်းပြောင်းချုပ်ချုပ်သွားကြတာမြင်ရပါတယ်။
“ငါခံနေရတယ်”-ဆိုတာကလွတ်လာပါပြီ။”မိသားစု”ကိုလည်း မစွဲတော့ပါဘူး၊အေးအေးဆေးဆေး ဘဝကူး နိုင်ပါပြီ။
“မကောင်းတဲ့ လားရာဂတိနိမိတ်”တွေ လုံးဝ မတွေ့ရပါဘူး။
ပုထုဇဉ်တစ်ယောက်အနေနဲ့အပါယ်တံခါး တစ်ဘဝ လောက်ပိတ်အောင် လုပ်နိုင်ခဲ့ပါပြီ။
ဒီလိုနဲ့–မျောလိုက်-သတိတင်လိုက်နဲ့ ဆရာဝန်တွေ/ဆရာမတွေ”က-
“မင်းအသက်ဘေးကလွတ်ပြီ”ဆိုပြီး ဝမ်းသာအားရ လာ ပြောကြပါတယ်။
အဲဒီကနေ-ရိုးရိုး ward မှာ အားပြန်ရှိအောင်နေရပါတယ်။အခုပဲ ဆေးရုံက စိတ်ချရပြီ မို့ အိမ်ပြန်ခွင့်ရပါပြီ။
“ဆေးရုံ”က “ဝန်ထမ်းများ”ဟာ-ကျွန်တော် အသေကောင်တ မျှပျက်စီးနေတာကိုမငြိုမငြင်/ယုယုယယ ပြုစုကြတာ အံ့လို့မဆုံးပါဘူး။
ဘယ်လိုအသားရောင်/လူမျိုးကိုဖြစ်ဖြစ်မေတ္တာထားနိုင် “NHS National Healthcare Services (United Kingdom) ဝန်ထမ်းတွေ”-ကိုကြည့်ပြီး- မျက်ရည်ဝဲ တဲ့အထိ ကျေးဇူးတွေ တင်မိပါတယ်။
ပြောတာလည်း များသွားပြီ။”အကုသိုလ် အခေါ်တရား”တွေ ရှောင်ကြပါ၊
“စိတ်ညစ်နွမ်း”စေ “သောက ဒေါသ”ဖြစ်စေမဲ့ ပို့ိစ်တွေ မရှယ်ကြပါနဲ့။မြင်ရင်လဲ သူငယ်ချင်းတွေကိုပူလောင် “အကုသိုလ်”များအောင် မရှယ်ကြပါနဲ့။အားလုံးဘေးဆိုးကြီးကလွတ်မြောက်ကြမှာပါ။
အားလုံးချမ်းသာကြပါစေ။
“အောင်ကျော်စိုး”
ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။
ကိုညီညီတင်
(ဉာဏ်လင်းမြို့)
“ရတနာသုံးပါး ဂုဏ္ေက်းဇူး”ေၾကာင့္ဝူဟန္ ဗိုင္းရပ္ ေရာဂါ မွ “ေသ႐ြာျပန္”ခဲ့သူ တစ္ဦး အေၾကာင္း”
ကြၽန္ေတာ္ ခံစားခဲ့ရတဲ့ “ဝူဟန္းဗိုင္းရပ္”အေၾကာင္းေလးပါ။
ဘာေၾကာင့္-ဝူဟန္း ကြၽန္ေတာ့္ ဆီကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာသလဲ?
မလာေအာင္ ဘယ္လိုလုပ္ႏိုင္ ဆိုတာ နဲ႔မလႈပ္ႏိုင္ဘဲ “နာရီေပါင္း (၁၄၀) ေက်ာ္” ကိုမခံသာတဲ့ “မရာဏာပိဒုကၡ” ကိုေက်ာ္လာခဲ့ပုံအေတြ႕အႀကဳံေလးပါ။
ပထမဉီးဆုံး-“ေသ႐ြာျပန္”ခဲ့တာ ဟာ “ရတနာသုံးပါး ဂုဏ္ေက်းဇူး”ေၾကာင့္ဆိုတာပါပဲ။
(“Ventilator” မွာ-ေသမင္းနဲ႔ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ ေမတၱာစူးစိုက္ပို႔ေပးေနခဲ့ၾကတဲ့,
ဆရာေတာ္ ေခမာေဓမမၼာ၊ေအာက္စ္ဖို႔ ဆရာေတာ္၊တိပိ႒က ေ႐ႊစင္ဆရာေတာ္ဘုရားႀကီး၊ဂုတ္ထိပ္ဆရာေတာ္ဘုရားႀကီး ဦးပညာဝံသ ၊ထိသိ စြန္းလြန္းဆရာေတာ္ ဦးသုမန၊သဘာဝရိပ္သာ မွ ဆရာေတာ္အမႈးထားၿပီး ဘုန္းဘုန္းမ်ား ဆရာေလးမ်ား၊မိုးကုတ္ရိပ္သာ မွ ဆရာေလးမ်ား ။ျပည္ ဝိေဇၨာဒယ မွ ဆရာသမားမ်ားအခ်ိန္ျပည့္တရားအားထုတ္ၿပီး သစၥာတိုင္တည္ေမတၱာပို႔ေနတဲ့ မိခင္ႀကီး ေဒၚေအးျမင့္ ၊ဇနီးမေအးမိုး နဲ႔သားသားခရစၥ ၊ ညီမငယ္ မျဖဴ အကိုႀကီးကိုဝင္း အမႀကီး မေညာင္ မသူဇာ တို႔ကိုအထူးေက်းဇူးတင္ၿပီ ေမတၱာကိုခံစားခဲ့ရပါတယ္။ )
သူငယ္ခ်င္း “မဥမၼာလႈိင္”ကလဲ-“သစ္တံခါးဆရာေတာ္ဘုရားႀကီး”ကို အပူကပ္”ေမတၱာပို႔ ေပးဖို႔ ေလ်ာက္ထားခဲ့ပါတယ္”။
“အရိယာ သူေတာ္ေကာင္းႀကီးမ်ားရဲ႕ေမတၱာ”နဲ႔ေသတြင္း ကလြတ္ခဲ့ပါၿပီ။
အႀကိမ္ႀကိမ္ ဦးတိုက္ ကန္ေတာ့ပါတယ္ ဘုရား။
(၁)ဘာလို႔ ဝူဟန္ဗိုင္းရပ္ကိုယ့္ဆီကိုတည့္တည့္ေရာက္လာတာလဲ?
အတိတ္ က ျပဳခဲ့တဲ့”ဝဋ္”ေတြ အက်ိဳးေပးဖို႔အခ်ိန္ မွီလာလို႔ပါ။
“ဘာလို႔ အက်ိဳးေပးဖို႔အခ်ိန္မွီလာလဲ?”-ဆိုေတာ့-
“ပိုင္းေလာ့ဆရာေတာ္”ေျပာတဲ့-“အခ်ိန္တိုင္း ေတြးေနရင္း ဘဝ ေျပာင္းသည္”ဆိုတဲ့အခ်က္ေၾကာင့္ပါ။
ကြၽန္ေတာ္ ဟာ မေနတတ္/မထိုင္တတ္“ဝူဟန္းဗိုင္းရပ္”ကို ေန႔/ညအခ်ိန္ေပါင္းမ်ားစြာ source ေပါင္းမ်ားစြာက follow လုပ္ပါတယ္၊”covid ဂုဏ္ေတာ္ပြါးမ်ားေနတယ္”လို႔ပဲ ဆိုပါေတာ့။
အဲ့ဒီေတာ့ လာၿပီေပါ့ ကိုယ့္ဆီကို၊ဘာဆန္းမလဲ။အခ်ိန္တိုင္းေတြးေနရင္း ဘဝ ေျပာင္းၿပီေလ။ဒီအခ်က္က ေရွာင္လို႔ရပါတဲ့ covid ကို follow မလုပ္ၾကပါနဲ႔-ေၾကာက္လဲမေၾကာက္ၾကပါနဲ႔ ၊ေသာက လဲမေရာက္ၾကပါနဲ႔။ကိုယ့္တရားကိုယ္ အာ႐ုံျပဳရင္ အလြယ္တကူလြတ္ေျမာက္ႏိုင္ပါတယ္မေနတတ္တာ အခုမွ မဟုတ္ပါ။
“ေ႐ႊဝါေရာင္အေရး”တုန္းကလဲ ေဒါသ ဝမ္းနည္းမႈေတြနဲ႔ အရင္ဆုံးပူေလာင္သူကကိုယ္ပါ။စီးပြါးေတြပ်က္ ပစၥည္းေတြ ဆုံးရႈံး ႀကဳံခဲ့ၿပီးပါၿပီ။အခ်ိန္တိုင္းေတြးေနရင္း ဘဝေျပာင္းခဲ့ရပါတယ္။“အမ်ိဳးသမီး တစ္ေယာက္”က”သူနာျပဳဆရာမေလး”ကို”စက္႐ုပ္ မို႔ အိမ္မွာ ေန ရမွာလား?” တို႔”ျပည္ေတာ္ျပန္ ေတြ သတ္ပစ္ တစ္ေကာင္မွ အထင္မႀကီးဘူး”-ဆိုတဲ့ပို႔ိစ္ေတြေၾကာင့္ ဝမ္းနည္း စိတ္မေကာင္း ျဖစ္ရပါတယ္။
ဒါဟာ-“အကုသိုလ္စိတ္”ပါ။”အကုသိုလ္” အက်ိဳးေပးေတြ အခ်ိန္မွီၿပီေလ ။ဒါဟာ ေရွာင္လို႔ရတဲ့အခ်က္ပါ။
ဒါက-“ဝူဟန္းဗိုင္းရပ္စ္ေရာက္လာျခင္းအေၾကာင္း”ပါပဲ၊အလြယ္တကူ ေရွာင္လို႔ရတဲ့ အခ်က္ပါ။
(၂) ေဆး႐ုံက Intensive Care မွာventilator ေပၚမွာ နာရီ (၁၄၀) ေက်ာ္
ကြၽန္ေတာ္ “အပ်င္းဖ်ား”ၿပီး”တစ္ပါတ္”အၾကာမွာေခ်ာင္းဆိုး လာပါတယ္။
(၃)ရက္ေလာက္ၾကာေတာ့ ႏွာေခါင္းထဲ “ဆီေၾကာ္အနံ႔”လိုရၿပီး အသက္ရႈၾကပ္ လာပါတယ္။တကယ္ေတာ့ ဘာ အနံ႔ မွ မရွိပါဘူး။
“ေအာက္စီဂ်င္ level (၈၇)”အထိထိုးက်လို႔”ေဆး႐ုံ”ေရာက္ခဲ့ပါတယ္။
ေဆး႐ုံမွာ-“ေအာက္စီဂ်င္”ေပးထားတဲ့ၾကားကတက္မလာဘဲ -“အဖ်ား (၃၉)” ကေန မက်ဘဲ,”ႏွလုံးခုႏ္ႈန္း,ေသြးေပါင္ခ်ိန္”က်သြားလို႔သတိလစ္ သလိုျဖစ္သြားပါတယ္။ဆရာဝန္ေတြ/ဆရာမေတြက-“မသြားနဲ႔ ငါတို႔နဲ႔ေနပါ”-ဆိုၿပီးတစ္ေယာက္ဖက္ ထားၿပီး ဝိုင္းေအာ္ေနတာ ၾကားပါတယ္။ခ်က္ခ်င္းပဲ-ventilator machine ေပၚတင္ေတာ့တာပါပဲ။”ေမ့ေဆးဆရာဝန္”က”ေမ့ေဆး”ေပးၿပီး-“လည္ေခ်ာင္းအေပါက္ေဖာက္””ပိုက္”မ်ိဳးစုံထည့္”ႏွာေခါင္းပိုက္ ႏွလုံးခုံစက္အစုံ”ပါပဲ။” Ventilator ေပၚတင္”ျပန္ရွင္တဲ့သူ အရမ္းနဲတယ္”ဆိုတာသိထားပါတယ္။
ေမ့ေဆးျပယ္ေတာ့ ဆရာဝန္ေတြက ရွင္းျပၾကပါတယ္။အိပ္ရာ လဲဖ်ာကပ္ေပါ့၊လႈပ္လို႔လဲမရေတာ့ပါဘူး။ကြၽန္ေတာ္ ဟာ “တရားကိန္းသူ”မဟုတ္ပါ။”အညံ့စား ပုထုဇဥ် တဈဦး”ပါ။
တရား ကိုမရဏာပိဒုကၡ ကို ရင္ဆိုင္ႏိုင္ေလာက္ေအာင္ေနေကာင္းစဥ္က အားမထုတ္ထားခဲ့ပါ။
“ပုထုဇဥ္ တစ္ေယာက္အေနနဲ႔ဘယ္လိုရင္ဆိုင္မလဲ?”ဆိုတာစ စဥ္းစားရေတာ့တာပါပဲ။
တစ္ခုတည္းေသာ အားကိုးရာ “ရတနာသုံးပါး”ပါပဲ။
“အဖ်ား (၃၉ံ)”နဲ႔အသက္မနဲရႈေနရတာဘယ္က တရား စ မွတ္မလဲ?
အရင္ဆုံး-“ဂုတ္ထိပ္ဆရာေတာ္ဘုရားႀကီး”သင္ေပးတဲ့-“စိတ္ေလ်ာ့ရွပ္ေလ်ာ့”ပါပဲ။
ေလ်ာ့ခ်လိုက္တာနဲ႔-“သဘာဝ သေဘာခႏၶာ” စျမင္ေတာ့ပါပဲ။အလုပ္ စ ရၿပီေပါ့။”ေဝဒနာ”ကျပင္းလြန္းလို႔ ေမ်ာသြား/လြတ္သြားျပန္တာပဲ။ဒီတခါ-“စြန္းလြန္းဆရာေတာ္ ဦးသုမန”-ေဆး႐ုံမတက္ခင္”ေအးေစၿငိမ္းေစ” တရားေပးထားပါတယ္။”အာနာပါန”နဲ႔ “ေအးေစၿငိမ္းေစ” စတင္ပါတယ္။စၿပီး တည္ၿငိမ္ လာပါၿပီ။
နဲနဲ “စိတ္”နဲ႔ “႐ုပ္”ကိုခြါလာႏိုင္ေတာ့-“ျပည္ ဝိေဇဇာဒယ” ရဲ႕ “အရႈဈာန္”တင္ေတာ့တာပဲ။”႐ုပ္”ေပၚမွာ”ဈာန္”နဲ႔ခြါသလို-“ေအာက္စီဂ်င္”လဲ တက္လာပါတယ္။ေနာက္ ေတာ့-ေမ်ာလိုက္ ေမ့သြားလိုက္ နဲ႔ လုံးျခာလိုက္ေနပါတယ္။
သတိရ တာနဲ႔ “သဲအင္းဆရာေတာ္ႀကီး”ရဲ႕ “ေကာ့မူးရႈကြက္”တရားတင္ေတာ့တာပဲ။”ရႈကြက္”က-“ေဖာက္ျပန္တဲ့႐ုပ္သေဘာ”နဲ႔”သိတတ္ခံစားတတ္တဲ့ နာမ္တရားေလးပဲရွိတယ္”-ဆိုတာ။
“ဘာဘဲ ေပၚလာ-ခ်ဳပ္ေပ်ာက္သြားတာေလးေတြကငါမဟုတ္ဖူး”-လို႔လိုက္ သိေပးေနပါတယ္။
“ငါျဖင့္ေသေရတာ့မယ္ မိသားစုနဲ႔ခြဲရေတာ့မယ္”-ဆိုတဲ့”ေသာက”ေတြမရွိေတာ့ပါဘူး၊အရာရာ တရစပ္ ခ်ဳပ္ေနတာကိုး။ဉာဏ္အား နဲနဲ အေထာက္အကူ ရတာနဲ႔-
“သဘာဝ ဆရာေတာ္”ရဲ႕-“အနတၱ သေဘာခႏၶာ ေလးေတြအခုၾကည့္/ အခု မရွိေတာ့ဘူး”-ဆိုတဲ့”ရႈကြက္”နဲ႔ လိုက္တယ္။
“ဆရာေလးေခမာရံသီ”ရဲ႕ -“နဂိုကမွ ဘာမွမရွိဘဲတရစပ္ အစားထိုး ျဖစ္/ပ်က္ ေနၾကတာ”- ကို တင္ရႈပါတယ္။
“စြန္းလြန္း ဦးသုမန” ရဲ႕ –
“နာတာကိုမသိနဲ႔၊နာတာကိုသိတဲ့စိတ္ကေလးရဲ႕အပ်က္ လိုက္”-ဆိုတာနဲ႔လိုက္ပါတယ္။
အဲ့ဒီအခါမွာ-“႐ုပ္”ႀကီးကလဲသူ႔သေဘာနဲ႔သူေျပာင္း”သိမႈ”ေတြကလဲ ေျပာင္းေျပာင္းခ်ဳပ္ခ်ဳပ္သြားၾကတာျမင္ရပါတယ္။
“ငါခံေနရတယ္”-ဆိုတာကလြတ္လာပါၿပီ။”မိသားစု”ကိုလည္း မစြဲေတာ့ပါဘူး၊ေအးေအးေဆးေဆး ဘဝကူး ႏိုင္ပါၿပီ။
“မေကာင္းတဲ့ လားရာဂတိနိမိတ္”ေတြ လုံးဝ မေတြ႕ရပါဘူး။
ပုထုဇဥ္တစ္ေယာက္အေနနဲ႔အပါယ္တံခါး တစ္ဘဝ ေလာက္ပိတ္ေအာင္ လုပ္ႏိုင္ခဲ့ပါၿပီ။
ဒီလိုနဲ႔–ေမ်ာလိုက္-သတိတင္လိုက္နဲ႔ ဆရာဝန္ေတြ/ဆရာမေတြ”က-
“မင္းအသက္ေဘးကလြတ္ၿပီ”ဆိုၿပီး ဝမ္းသာအားရ လာ ေျပာၾကပါတယ္။
အဲဒီကေန-႐ိုး႐ိုး ward မွာ အားျပန္ရွိေအာင္ေနရပါတယ္။အခုပဲ ေဆး႐ုံက စိတ္ခ်ရၿပီ မို႔ အိမ္ျပန္ခြင့္ရပါၿပီ။
“ေဆး႐ုံ”က “ဝန္ထမ္းမ်ား”ဟာ-ကြၽန္ေတာ္ အေသေကာင္တ မွ်ပ်က္စီးေနတာကိုမၿငိဳမျငင္/ယုယုယယ ျပဳစုၾကတာ အံ့လို႔မဆုံးပါဘူး။
ဘယ္လိုအသားေရာင္/လူမ်ိဳးကိုျဖစ္ျဖစ္ေမတၱာထားႏိုင္ “NHS National Healthcare Services (United Kingdom) ဝန္ထမ္းေတြ”-ကိုၾကည့္ၿပီး- မ်က္ရည္ဝဲ တဲ့အထိ ေက်းဇူးေတြ တင္မိပါတယ္။
ေျပာတာလည္း မ်ားသြားၿပီ။”အကုသိုလ္ အေခၚတရား”ေတြ ေရွာင္ၾကပါ၊
“စိတ္ညစ္ႏြမ္း”ေစ “ေသာက ေဒါသ”ျဖစ္ေစမဲ့ ပို႔ိစ္ေတြ မရွယ္ၾကပါနဲ႔။ျမင္ရင္လဲ သူငယ္ခ်င္းေတြကိုပူေလာင္ “အကုသိုလ္”မ်ားေအာင္ မရွယ္ၾကပါနဲ႔။အားလုံးေဘးဆိုးႀကီးကလြတ္ေျမာက္ၾကမွာပါ။
အားလုံးခ်မ္းသာၾကပါေစ။
“ေအာင္ေက်ာ္စိုး”
ခ်မ္းသာၾကပါေစ၊ ေအးၿငိမ္းၾကပါေစ၊သံသရာ ဝဋ္ဆင္းရဲမွ လြတ္ေျမာက္ႏိုင္ၾကပါေစ။
ကိုညီညီတင္
(ဉာဏ္လင္းၿမိဳ႕)