ကြက်ဥခွံတွေကို လွှင့်မပစ်နဲ့ ဒီလို အပင်တွေအတွက် အားဆေးလုပ်လို့ရပါတယ်
|ကြက်ဥခွံံရှာလကာရည် အသီးအပွင့် အားဆေး အလွယ်တကူ ပြုလုပ်အသုံးပြုနည်းကို မျှဝေပေးပါမယ်။ကြက်ဥရှာလကာရည်၏ အကျိုး အာနိသင်အသီးအပွင့်များအောင်မြင်စေပြီး အသီးနုပုပ်ခြင်း ၊ ကြွေကျခြင်း ၊ အရွက်နုများ နူခြင်း၊
လိပ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။အသီးများကို ိအချိုဓာတ် ထူးကဲစြာ တိုးစေပါသည်။ထို့ကြောင့် သြဂဲနစ် တောင်သူများလက်စွဲထားသုံးစွဲသင့်သော သဘာဝ ပစ္စည်းစစ်စစ် ဖြစ်ပါသည်။
ကြက်ဥခွံအမှုန့် ၁၀ ကျပ်သားကို
ရှာလကာရည် ၁လီတာ
တွင်(၇)ရက်ကြာ စိမ်ထားပါ
လေးဂါလံဆန့် ဆေးဖြန်းပုံး တစ်ပုံးတွင်ကြက်ဥရှာလကာရည် ၂၀၀စီစီ ထည့်၍ ရေဖြင့်ရောစပ်အသုံးပြုနိုင်ပါသည် ။အပင်များပွင့်ဖူးစအချိန်မှ စတင်ပြီး ၁၀ရက်လျှင်တစ်ကြိမ်ဖြန်းပက်နိုင်ပါသည်။ထို့ကြောင့် တစ်ဧကလျှင် ကြက်ဥခွံ
၁၀ ကျပ်သား ( သို့မဟုတ် ) ကြက်ဥရှာလကာရည် တစ်လီတာခန့် သုံးစွဲရန်သာလိုအပ်ပါသည်။သဘာဝ ကြက်ဥခွံမှာတော့ ကယ်လ်စီယမ်ဓါတ် အများအပြားပါဝင်တဲ့ အပြင် အပင်အတွက် လိုအပ်သော အခြားအာဟာရဓါတ်တွေ
ဖြစ်တဲ့ မက်ဂနီစီယမ် , ဖော့စဖော့ရပ်စ် , ပိုတတ်စီယမ် တို့လည်း ပါဝင်ပါသည်။ကြက်ဥခွံသည် အလွယ်တကူရရှိနိုင်ပြီး အိမ်တွင် တောင်သူများကိုယ်တိုင် အလွယ်တကူ ဆေးရည်ပြုလုပ်နိုင်သည့်အပြင်
ကုန်ကျစရိတ်လည်း သက်သာသောကြောင့် သြဂဲနစ် တောင်သူများ လက်စွဲထားအသုံးပြုသင့်သော သဘာဝ အသီးအပွင့်အားဆေး တစ်မျိုးဖြစ်ပါသည်။
စိုက်ပျိုးရေး နည်းပညာ
Zawgyi Version
ၾကက္ဥခြံံရွာလကာရည္ အသီးအပြင့္ အားေဆး အလြယ္တကူ ျပဳလုပ္အသုံးျပဳနည္းကို မွ်ေဝေပးပါမယ္။ၾကက္ဥရွာလကာရည္၏ အက်ိဳး အာနိသင္အသီးအပြင့္မ်ားေအာင္ျမင္ေစၿပီး အသီးႏုပုပ္ျခင္း ၊ ေႂကြက်ျခင္း ၊ အ႐ြက္ႏုမ်ား ႏူျခင္း၊
လိပ္ျခင္းတို႔ကို ကာကြယ္ေပးပါသည္။အသီးမ်ားကို ိအခ်ိဳဓာတ္ ထူးကဲျစာ တိုးေစပါသည္။ထို႔ေၾကာင့္ ၾသဂဲနစ္ ေတာင္သူမ်ားလက္စြဲထားသုံးစြဲသင့္ေသာ သဘာဝ ပစၥည္းစစ္စစ္ ျဖစ္ပါသည္။
ၾကက္ဥခြံအမႈန႔္ ၁၀ က်ပ္သားကို
ရွာလကာရည္ ၁လီတာ
တြင္(၇)ရက္ၾကာ စိမ္ထားပါ
ေလးဂါလံဆန႔္ ေဆးျဖန္းပုံး တစ္ပုံးတြင္ၾကက္ဥရွာလကာရည္ ၂၀၀စီစီ ထည့္၍ ေရျဖင့္ေရာစပ္အသုံးျပဳႏိုင္ပါသည္ ။အပင္မ်ားပြင့္ဖူးစအခ်ိန္မွ စတင္ၿပီး ၁၀ရက္လွ်င္တစ္ႀကိမ္ျဖန္းပက္ႏိုင္ပါသည္။ထို႔ေၾကာင့္ တစ္ဧကလွ်င္ ၾကက္ဥခြံ
၁၀ က်ပ္သား ( သို႔မဟုတ္ ) ၾကက္ဥရွာလကာရည္ တစ္လီတာခန႔္ သုံးစြဲရန္သာလိုအပ္ပါသည္။သဘာဝ ၾကက္ဥခြံမွာေတာ့ ကယ္လ္စီယမ္ဓါတ္ အမ်ားအျပားပါဝင္တဲ့ အျပင္ အပင္အတြက္ လိုအပ္ေသာ အျခားအာဟာရဓါတ္ေတြ
ျဖစ္တဲ့ မက္ဂနီစီယမ္ , ေဖာ့စေဖာ့ရပ္စ္ , ပိုတတ္စီယမ္ တို႔လည္း ပါဝင္ပါသည္။ၾကက္ဥခြံသည္ အလြယ္တကူရရွိႏိုင္ၿပီး အိမ္တြင္ ေတာင္သူမ်ားကိုယ္တိုင္ အလြယ္တကူ ေဆးရည္ျပဳလုပ္ႏိုင္သည့္အျပင္
ကုန္က်စရိတ္လည္း သက္သာေသာေၾကာင့္ ၾသဂဲနစ္ ေတာင္သူမ်ား လက္စြဲထားအသုံးျပဳသင့္ေသာ သဘာဝ အသီးအပြင့္အားေဆး တစ္မ်ိဳးျဖစ္ပါသည္။
စိုက္ပ်ိဳးေရး နည္းပညာ