Covid-19 ကာကွယ်ရေးအတွက် သိန်း(၉၀၀) လှူဒါန်းနိုင်ခဲ့တဲ့ ပြည်သူ့အချစ်တော် စိုင်းစိုင်း
|စိုင်းစိုင်းခမ်းလှိုင်ကတော့ ကမ္ဘာကပ်ရောဂါဆိုးကြီးသဖွယ် အခက်အခဲ အကြပ်အတည်းတွေဖြစ်ခဲ့ရတဲ့ Covid-19 ကာလကို ကျော်ဖြတ်ဖို့ အနုပညာရှင်တစ်ယောက်အနေနဲ့ အကောင်းဆုံးကူညီပေးခဲ့သူလို့ ဆိုရမှာပါ။ နှစ်စဉ်
ဧပြီလ(၁၀)ရက်နေ့မှာ ကျင်းပမြဲဖြစ်တဲ့ သူ့ရဲ့ Birthday Showလေးကို ဒီနှစ်မှာ လုပ်လို့မရအောင် အကြောင်းဖန်ခဲ့ပေမယ့် Covid-19 ကာကွယ်ရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အားကူညီလိုတဲ့စိတ်နဲ့ Birthday In Bedroom
အစီအစဉ်လေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်လေးကြောင့် ရရှိလာခဲ့တဲ့ လှူဒါန်းငွေတွေကိုတော့ COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကို သိန်း (၃၀၀) ကျပ်၊ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး
ဦးစီးဌာနကို သိန်း (၃၀၀) ကျပ်၊ ရန်ကုန်တိုင်း ( ဖောင်ကြီးစင်တာ ) ကို အသက်ရှူစက် ၁ လုံး ( သိန်း ၂၀၀ ဝန်းကျင် )လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ လက်ကျန်ငွေ (၄၇) ကျော်ကိုစိုင်းစိုင်းမှလှူဒါန်းငွေ(၅၂) သိန်းကျော်
ထပ်စိုက်ပြီး မန္တလေး Covid-19 ကာကွယ်ရေးအတွက် သိန်း (၁၀၀) လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ… စိုင်းစိုင်းကတော့ သူကိုယ်တိုင်လှူဒါန်းငွေနဲ့ ပရိသတ်တွေရဲ့အလှူစုစုပေါင်း သိန်း(၉၀၀) ကျပ်ကို (၄) နေရာခွဲပြီး
တစ်ပြားမကျန်လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်းဒီနေ့မှာ မျှဝေခဲ့ပါတယ်။ ထပ်ပြီးတော့လည်း “ကျနော့်မွေးနေ့ဖျော်ဖြေပွဲ အကြောင်းပြုပြီး ပရိသတ်များနဲ့ မိတ်ဆွေများအားလုံးရဲ့ စုပေါင်း အလှူဖြစ်ပါတယ်” ဆိုပြီးတော့လည်း ပရိသတ်တွေပါ
ကြည်နူးသဒ္ဓါပွားများစေနိုင်ဖို့ ရေးသားခဲ့ပါသေးတယ်။ စံပြအနုပညာရှင်တစ်ယောက်အနေနဲ့ အဖက်ဖက်က အကူညီလိုအပ်နေတဲ့ဒီကာလကြီးမှာ သိန်း(၉၀၀) လှူဒါန်းပေးနိုင်ခဲ့တဲ့ စိုင်းစိုင်းနဲ့ သူ့ရဲ့ပရိသတ်များအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။
Source : Sai Sai Kham Leng | Reference & Credit : Cele Gabar
Zawgyi Version
စိုင္းစိုင္းခမ္းလႈိင္ကေတာ့ ကမာၻကပ္ေရာဂါဆိုးႀကီးသဖြယ္ အခက္အခဲ အၾကပ္အတည္းေတြျဖစ္ခဲ့ရတဲ့ Covid-19 ကာလကို ေက်ာ္ျဖတ္ဖို႔ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ အေကာင္းဆုံးကူညီေပးခဲ့သူလို႔ ဆိုရမွာပါ။ ႏွစ္စဥ္
ဧၿပီလ(၁၀)ရက္ေန႔မွာ က်င္းပၿမဲျဖစ္တဲ့ သူ႔ရဲ႕ Birthday Showေလးကို ဒီႏွစ္မွာ လုပ္လို႔မရေအာင္ အေၾကာင္းဖန္ခဲ့ေပမယ့္ Covid-19 ကာကြယ္ေရးလုပ္ငန္းေတြမွာ တစ္တပ္တစ္အားကူညီလိုတဲ့စိတ္နဲ႔ Birthday In Bedroom
အစီအစဥ္ေလးကို ျပဳလုပ္ခဲ့ပါတယ္။ ဒီအစီအစဥ္ေလးေၾကာင့္ ရရွိလာခဲ့တဲ့ လႉဒါန္းေငြေတြကိုေတာ့ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို သိန္း (၃၀၀) က်ပ္၊ ရန္ကုန္တိုင္း ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရး
ဦးစီးဌာနကို သိန္း (၃၀၀) က်ပ္၊ ရန္ကုန္တိုင္း ( ေဖာင္ႀကီးစင္တာ ) ကို အသက္ရႉစက္ ၁ လုံး ( သိန္း ၂၀၀ ဝန္းက်င္ )လႉဒါန္းေပးခဲ့ၿပီး ဒီေန႔မွာေတာ့ လက္က်န္ေငြ (၄၇) ေက်ာ္ကိုစိုင္းစိုင္းမွလႉဒါန္းေငြ(၅၂) သိန္းေက်ာ္
ထပ္စိုက္ၿပီး မႏၲေလး Covid-19 ကာကြယ္ေရးအတြက္ သိန္း (၁၀၀) လႉဒါန္းေပးခဲ့ပါတယ္တဲ့ ပရိသတ္ႀကီးေရ… စိုင္းစိုင္းကေတာ့ သူကိုယ္တိုင္လႉဒါန္းေငြနဲ႔ ပရိသတ္ေတြရဲ႕အလႉစုစုေပါင္း သိန္း(၉၀၀) က်ပ္ကို (၄) ေနရာခြဲၿပီး
တစ္ျပားမက်န္လႉဒါန္းေပးခဲ့ၿပီျဖစ္ေၾကာင္းဒီေန႔မွာ မွ်ေဝခဲ့ပါတယ္။ ထပ္ၿပီးေတာ့လည္း “က်ေနာ့္ေမြးေန႔ေဖ်ာ္ေျဖပြဲ အေၾကာင္းျပဳၿပီး ပရိသတ္မ်ားနဲ႔ မိတ္ေဆြမ်ားအားလုံးရဲ႕ စုေပါင္း အလႉျဖစ္ပါတယ္” ဆိုၿပီးေတာ့လည္း ပရိသတ္ေတြပါ
ၾကည္ႏူးသဒၶါပြားမ်ားေစႏိုင္ဖို႔ ေရးသားခဲ့ပါေသးတယ္။ စံျပအႏုပညာရွင္တစ္ေယာက္အေနနဲ႔ အဖက္ဖက္က အကူညီလိုအပ္ေနတဲ့ဒီကာလႀကီးမွာ သိန္း(၉၀၀) လႉဒါန္းေပးႏိုင္ခဲ့တဲ့ စိုင္းစိုင္းနဲ႔ သူ႔ရဲ႕ပရိသတ္မ်ားအတြက္ သာဓုေခၚေပးခဲ့ပါဦးေနာ္။
Source : Sai Sai Kham Leng | Reference & Credit : Cele Gabar