ပြည်သူတွေရဲ့ အောက်ခြေဘဝကို တင်ပြလိုက်တဲ့ လေးစားဖွယ်ရာ လွှတ်တော် အမတ်

Sharing is caring!

ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သာမက လူတိုင်းဟာ နေအိမ်နှင့် ခြံနှင့် တင့်တောင့်တင့်တယ် နေချင်ကြတာ သဘာဝကျပါတယ်သို့သော် မိမိ အာဏာရတုန်း လုပ်ပိုင်ခွင့်ကို သုံးပြီး အများပြည်သူရဲ့ အခွင့်အရေး မ

ဖော်ထုတ်ဘဲ မိမိ အတွက်သာ အခွင့်အရေး ဖော်ဆောင်နေတာဟာ မလုပ်သင့်တဲ့ကိစ္စပါယခု တင်ပြပါ ဓာတ်ပုံများဟာ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ပြည်သူများ နေထိုင်တဲ့ နေအိမ်များရဲ့ ပုံများ ဖြစ်ပါ

တယ်မင်္ဂလာဒုံမြို့နယ်မှ ပြည်သူများ နေ့စဉ်ဘဝမှာ ဘယ်လို နေထိုင်နေကြရတယ်ဆိုတာ နေပြည်တော်မှ လူကြီးမင်းများ အမှန်အတိုင်း သိစေရန် တင်ပြပါတယ်မိမိသားသမီးကို အခုလို နေအိမ်တွေမှာ ဘယ်သူမှ မထားချင်ပါဘူး

ဝန်ကြီးတွေ၊ အစိုးရ အဖွဲ့ဝင်တွေ “ပြည်သူနှင့်အတူ” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်နိုင်ကြပါစေကိုယ့်ခွန်ကိုယ့်အားဖြင့် ရှာဖွေလိုရတဲ့ ငွေနှင့် အိမ်ဝယ်တာ မထူးဆန်းပေမယ့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ခြံကွက်တွေ

ကို ဈေးချိုအောင်လုပ်ပြီး ပြည်သူတွေမပါဘဲ မိမိတို့သာ ဝယ်ခွင့်ရအောင်လုပ်တာ မဖြစ်သင့်ပါဘူးကျွန်တော့်လိုပဲ အခြားသော လွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေများမှ ဆင်းရဲသား

ပြည်သူများရဲ့ နေအိမ် ဓာတ်ပုံများကို ဖော်ထုတ်တင်ပြပြီး နေပြည်တော်မှ လုပ်ပိုင်ခွင့်ကို အသုံးချ မြေကွက်ယူတဲ့ ဝန်ကြီးတွေကို ရှက်တတ်အောင် ပြောပေးကြပါ

ဦးအောင်လှိုင်ဝင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာဒုံမဲဆန္ဒနယ်

Zawgyi Version







ဦးအောင်လှိုင်ဝင်း
မင်္ဂလာဒုံမဲဆန္ဒနယ်

Add a Comment

Your email address will not be published. Required fields are marked *