ယနေ့တွင် မြန်မာတနိုင်ငံလုံး ၃ နာရီအကြာ နေ့ကြတ်မည်
|ယနေ့(ဇွန်လ ၂၁) နေ့လည် ၁၂ နာရီ ၁၉ မိနစ်အချိန်မှာ ၂၀၂၀ ရဲ့ပထမဆုံး နေကြတ်ချိန်ရောက်လာပါမယ်။ ရန်ကုန်မြို့အတွက် နေကြတ်ချိန် (မြန်မာစံတော်ချိန်) က နေကြတ်ခြင်း စတင်မည့်အချိန် – နေ့လည် ၁၂ နာရီ ၁၉
မိနစ်၊ အမြင့်ဆုံး နေကြတ်မည့်အချိန် – ညနေ ၂ နာရီ ၄ မိနစ်နေကြတ်ခြင်း ပြီးဆုံးမည့်အချိန် – ညနေ ၃ နာရီ ၃၃ မိနစ် ဖြစ်ပါတယ်။ စုစုပေါင်း ကြာမြင့်မယ့်အချိန်က ၃ နာရီ ၁၃ မိနစ် ၅၅ စက္ကန့်ဖြစ်ပါတယ်။ မိနစ်နည်း
ငယ်ကွဲလွဲမှုတော့ ဖြစ်နိုင်ပါတယ်။မနက်ဖြန် ဖြစ်ပေါ်မယ့် နေကြတ်ခြင်းဟာ (နေအပြည့်ကြတ်ခြင်း) Total Solar Eclipse မဟုတ်ဘဲ လဟာ နေကို ၉၉% သာ ဖုန်းကွယ်မှာ ဖြစ်တာကြောင့် နေကြတ်ချိန်မှာ နေလုံးကြီးကို မမြင်ရ
ဘဲ အနားစွန်း အလင်းရောင်ကွင်းကြီးကို မြင်ရမှာ ဖြစ်ပါတယ်။မနက်ဖြန် နေကြတ်ခြင်းကို အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီသီယိုးပီးယားနဲ့ ကွန်ဂိုတို့မှာ အပြည့်အဝ မြင်ရပါမယ်။ရန်ကုန်မြို့မှာတော့
နေကြတ်ခြင်းကို ၄၇% ခန့်သာ မြင်ရပါမယ်။ဇွန်လ ၂၁ ရက်နေ့ နေ့ကြတ်ခြင်းဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနေကြတ်ခြင်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် နေကြတ်မှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် ၁၀၀%
အပြည့်အဝ နေကြတ်မှာ ဖြစ်ပါတယ်။နေကြတ်ချိန်မှာ နေကို သာမန်မျက်စိနဲ့ မကြည့်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ မကြည့်သင့်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။
ရှေးခေတ်အယူအဆအရ အိန္ဒိယ အပါအဝင်ရှေးဟောင်းထုံးစံကို လိုက်နာတဲ့ လူမျိုးတွေမှာ နေကြတ်ချိန် အစားအသောက် စားသောက်ခြင်း အထူးရှောင်ကြဉ်ကြပါတယ်။နေကြတ်ချိန်မှာ နေကနေ မိမိတို့ဆီ ရောက်လာတဲ့ေဂရာင်
ခြည်ရဲ့ wavelength နဲ့ intensity တွေ ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် ခရမ်းလွန် ရောင်ခြည် ပါဝင်မှု ပိုများလာတယ် ဆိုပါတယ်။ အဲဒါတွေက- အစားအသောက်မှာ ရှိတဲ့- micro-organisms တွေ ပေါ်မှာက်
ရောက်မှု ရှိပါတယ်။ဒါကြောင့် အာယုဗ္ဗေဒ ပညာမှာ နေမကြတ် ခင် ၂နာရီ အလိုတည်းက အစားမစား ရလို့ တားမြစ်ထားပြီး၊ ကျေညက်ခဲ၏ လို့ ဆိုထားပါတယ်။ နေကြတ်ပြီးယင် လို့ အစာစားယင်လည်း ကျေညက်လွယ်တဲ့
အစာတို့ကို စားသင့်တယ် လို့ ဆိုပါတယ်။နေကြတ်ချိန်မှာ လုပ်ဆောင်ရန်များ– နေကြတ်ချိန်က လွတ်ပြီးနောက် ရေချိုးပစ်ပြီး၊ အဝတ်အစားများ လဲရပါမယ်။
– ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့ အိမ်ထဲကနေ အိမ်ပြင် မထွက်သင့်ပဲ၊ မိခင်ကိုရော ဝမ်းထဲက သန္ဓေသားကိုပါ ထိခိုက်စေလို့ နေရောင်ကို လုံး၀ ရှောင်ကြပါလို့ ဆိုပါတယ်။
– နေမကြတ်ခင်က ပြင်ဆင်ထားတဲ့ အစားအစာ များကို လွှင့်ပစ်သင့်ပါတယ်။ တကယ်လို့ မလွှင့်ပစ်နိုင်ဘူး ဆိုယင် နေကြတ်ချိန် မတိုင်မီ ကတည်းက ပင်စိမ်းအရွက်တွေနဲ့ အုပ်ကာထားရပါမယ်။ ဒီနေရာမှာ သက္ကတ လိုတော့
ဒရ်ဘ မြက် – ကုသျှ မြက် (दर्भ/कुश) လည်း ခေါ်တဲ့ သက်ငယ်မြက် နဲ့ ဖြစ်စေ၊ မြေဇာ မြက်နဲ့ ဖြစ်စေ၊ အစားအစာများ၊ သောက်ရေကန်များကို အုပ်ကာ ပေးနိုင်ပါတယ်။
– တရားထိုင်ခြင်း၊ အလှူပေးခြင်းကို နေကြတ်ချိန်မှာ လုပ်ခြင်းဟာ မင်္ဂလာအင်မတန် ရှိတယ် ဆိုပါတယ်။
– သူရိယဒေဝတာ အတွက် မန္တာန်ရွတ်ဆို နိုင်ပါတယ်။
နေကြတ်ချိန်မှာ ရှောင်ကြဉ်ရန်များ
• နေကြတ် နေချိန်အတွင်း အစားစားခြင်း၊ ရေသောက်ခြင်း ရှောင်ပါ။
• နေကြတ်ပြီး နေရောင်သင့်တဲ့ အစားအသောက်များ မစားပါနဲ့။
• နေကြတ်နေချိန်မှာ ထမင်းဟင်းချက်ခြင်း၊ အစားအသောက် ပြင်ဆင်ခြင်း မပြုပါနဲ့။
• နေကြတ်နေချိန် အတွင်း ခရီးမသွားပါနဲ့။
• အရေးကြီးတဲ့ အလုပ်အကိုင်၊ မင်္ဂလာအမှုတွေ မပြုရပါ။
Cre – Sayer Aye Thein, ဆရာ နျူမာန်(မိုးတား)
Zawgyi Version
ယေန႔(ဇြန္လ ၂၁) ေန႔လည္ ၁၂ နာရီ ၁၉ မိနစ္အခ်ိန္မွာ ၂၀၂၀ ရဲ႕ပထမဆုံး ေနၾကတ္ခ်ိန္ေရာက္လာပါမယ္။ ရန္ကုန္ၿမိဳ႕အတြက္ ေနၾကတ္ခ်ိန္ (ျမန္မာစံေတာ္ခ်ိန္) က ေနၾကတ္ျခင္း စတင္မည့္အခ်ိန္ – ေန႔လည္ ၁၂ နာရီ ၁၉
မိနစ္၊ အျမင့္ဆုံး ေနၾကတ္မည့္အခ်ိန္ – ညေန ၂ နာရီ ၄ မိနစ္ေနၾကတ္ျခင္း ၿပီးဆုံးမည့္အခ်ိန္ – ညေန ၃ နာရီ ၃၃ မိနစ္ ျဖစ္ပါတယ္။ စုစုေပါင္း ၾကာျမင့္မယ့္အခ်ိန္က ၃ နာရီ ၁၃ မိနစ္ ၅၅ စကၠန႔္ျဖစ္ပါတယ္။ မိနစ္နည္း
ငယ္ကြဲလြဲမႈေတာ့ ျဖစ္ႏိုင္ပါတယ္။မနက္ျဖန္ ျဖစ္ေပၚမယ့္ ေနၾကတ္ျခင္းဟာ (ေနအျပည့္ၾကတ္ျခင္း) Total Solar Eclipse မဟုတ္ဘဲ လဟာ ေနကို ၉၉% သာ ဖုန္းကြယ္မွာ ျဖစ္တာေၾကာင့္ ေနၾကတ္ခ်ိန္မွာ ေနလုံးႀကီးကို မျမင္ရ
ဘဲ အနားစြန္း အလင္းေရာင္ကြင္းႀကီးကို ျမင္ရမွာ ျဖစ္ပါတယ္။မနက္ျဖန္ ေနၾကတ္ျခင္းကို အိႏၵိယ၊ နီေပါ၊ ပါကစၥတန္၊ ေဆာ္ဒီအာေရဗ်၊ ယူေအအီး၊ အီသီယိုးပီးယားနဲ႔ ကြန္ဂိုတို႔မွာ အျပည့္အဝ ျမင္ရပါမယ္။ရန္ကုန္ၿမိဳ႕မွာေတာ့
ေနၾကတ္ျခင္းကို ၄၇% ခန႔္သာ ျမင္ရပါမယ္။ဇြန္လ ၂၁ ရက္ေန႔ ေန႔ၾကတ္ျခင္းဟာ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ပထမေနၾကတ္ျခင္း ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ ဒုတိယအႀကိမ္ ေနၾကတ္မွာျဖစ္ၿပီး အဲ့ဒီအခ်ိန္က်ရင္ ၁၀၀%
အျပည့္အဝ ေနၾကတ္မွာ ျဖစ္ပါတယ္။ေနၾကတ္ခ်ိန္မွာ ေနကို သာမန္မ်က္စိနဲ႔ မၾကည့္သင့္ပါဘူး။ ကိုယ္ဝန္ေဆာင္နဲ႔ ကေလးငယ္ေတြ မၾကည့္သင့္ဘူးလို႔ ပညာရွင္ေတြက ေျပာပါတယ္။
ေရွးေခတ္အယူအဆအရ အိႏၵိယ အပါအဝင္ေရွးေဟာင္းထုံးစံကို လိုက္နာတဲ့ လူမ်ိဳးေတြမွာ ေနၾကတ္ခ်ိန္ အစားအေသာက္ စားေသာက္ျခင္း အထူးေရွာင္ၾကဥ္ၾကပါတယ္။ေနၾကတ္ခ်ိန္မွာ ေနကေန မိမိတို႔ဆီ ေရာက္လာတဲ့ေဂရာင္
ျခည္ရဲ႕ wavelength နဲ႔ intensity ေတြ ေျပာင္းလဲသြားပါတယ္။ အထူးသျဖင့္ ခရမ္းလြန္ ေရာင္ျခည္ ပါဝင္မႈ ပိုမ်ားလာတယ္ ဆိုပါတယ္။ အဲဒါေတြက- အစားအေသာက္မွာ ရွိတဲ့- micro-organisms ေတြ ေပၚမွာက္
ေရာက္မႈ ရွိပါတယ္။ဒါေၾကာင့္ အာယုေဗၺဒ ပညာမွာ ေနမၾကတ္ ခင္ ၂နာရီ အလိုတည္းက အစားမစား ရလို႔ တားျမစ္ထားၿပီး၊ ေက်ညက္ခဲ၏ လို႔ ဆိုထားပါတယ္။ ေနၾကတ္ၿပီးယင္ လို႔ အစာစားယင္လည္း ေက်ညက္လြယ္တဲ့
အစာတို႔ကို စားသင့္တယ္ လို႔ ဆိုပါတယ္။ေနၾကတ္ခ်ိန္မွာ လုပ္ေဆာင္ရန္မ်ား– ေနၾကတ္ခ်ိန္က လြတ္ၿပီးေနာက္ ေရခ်ိဳးပစ္ၿပီး၊ အဝတ္အစားမ်ား လဲရပါမယ္။
– ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ား အေနနဲ႔ အိမ္ထဲကေန အိမ္ျပင္ မထြက္သင့္ပဲ၊ မိခင္ကိုေရာ ဝမ္းထဲက သေႏၶသားကိုပါ ထိခိုက္ေစလို႔ ေနေရာင္ကို လုံး၀ ေရွာင္ၾကပါလို႔ ဆိုပါတယ္။
– ေနမၾကတ္ခင္က ျပင္ဆင္ထားတဲ့ အစားအစာ မ်ားကို လႊင့္ပစ္သင့္ပါတယ္။ တကယ္လို႔ မလႊင့္ပစ္ႏိုင္ဘူး ဆိုယင္ ေနၾကတ္ခ်ိန္ မတိုင္မီ ကတည္းက ပင္စိမ္းအ႐ြက္ေတြနဲ႔ အုပ္ကာထားရပါမယ္။ ဒီေနရာမွာ သကၠတ လိုေတာ့
ဒရ္ဘ ျမက္ – ကုသွ် ျမက္ (दर्भ/कुश) လည္း ေခၚတဲ့ သက္ငယ္ျမက္ နဲ႔ ျဖစ္ေစ၊ ေျမဇာ ျမက္နဲ႔ ျဖစ္ေစ၊ အစားအစာမ်ား၊ ေသာက္ေရကန္မ်ားကို အုပ္ကာ ေပးႏိုင္ပါတယ္။
– တရားထိုင္ျခင္း၊ အလႉေပးျခင္းကို ေနၾကတ္ခ်ိန္မွာ လုပ္ျခင္းဟာ မဂၤလာအင္မတန္ ရွိတယ္ ဆိုပါတယ္။
– သူရိယေဒဝတာ အတြက္ မႏၲာန္႐ြတ္ဆို ႏိုင္ပါတယ္။
ေနၾကတ္ခ်ိန္မွာ ေရွာင္ၾကဥ္ရန္မ်ား
• ေနၾကတ္ ေနခ်ိန္အတြင္း အစားစားျခင္း၊ ေရေသာက္ျခင္း ေရွာင္ပါ။
• ေနၾကတ္ၿပီး ေနေရာင္သင့္တဲ့ အစားအေသာက္မ်ား မစားပါနဲ႔။
• ေနၾကတ္ေနခ်ိန္မွာ ထမင္းဟင္းခ်က္ျခင္း၊ အစားအေသာက္ ျပင္ဆင္ျခင္း မျပဳပါနဲ႔။
• ေနၾကတ္ေနခ်ိန္ အတြင္း ခရီးမသြားပါနဲ႔။
• အေရးႀကီးတဲ့ အလုပ္အကိုင္၊ မဂၤလာအမႈေတြ မျပဳရပါ။
Cre – Sayer Aye Thein, ဆရာ န်ဴမာန္(မိုးတား)