Online မှာ အရမ်းနာမည်ကြီးနေတဲ့ FaceApp မသုံးခင် ဒီစာလေးကိုဖတ်ပါ
Sharing is caring!
ယခု သတင်းကို ( Htet Nay Lin Oo ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ဒါဖတ်ပြီးမှ FaceApp သုံးပါ။ ဒီကုမ္ပဏီသည် ရုရှား ကုမ္ပဏီပါ။ဒီကုမ္ပဏီသည် GDPR (General Data
Protection Regulation) ကို လိုက်နာသော ကုမ္ပဏီအဖြစ် စာရင်းသွင်းမထားပါ။ GDPR-compliant မဖြစ်ပါ။ကိုယ်တင်လိုက်တဲ့ ဓာတ်ပုံကို ကိုယ့်ရဲ့ ဖုန်းထဲမှာပဲ သူတို့က ပြုပြင်လိုက်တာ မဟုတ်ပါ။ သူ့တို့ ကုမ္ပဏီရဲ့ ဆာ
ဗာထဲကို လှမ်းပို့ပြီး သိမ်းထားပါတယ်။ (user က တောင်းဆိုရင် ပြန်ဖျက်ပေးမယ်လို့ ပြောပါတယ်။ တစ်ချို့ကလည်း ၄၈ နာရီပဲ သိမ်းထားမယ်လို့ ပြောပါတယ် ဒါပေမယ့် တကယ်ဖျက်မဖျက် သိဖို့ ခဲယဉ်းပါတယ်။ သူတို့က ကိုယ်
တောင်းဆိုရင် ဖျက်ပေးမယ်ဆိုရင်တောင် ဘယ်လို တောင်းဆိုရမလဲ၊ သူတို့ကို ဘယ်လိုဆက်သွယ်ရမလဲ ကိုယ်သိပါသလား)ဓာတ်ပုံကို ဓာတ်ပုံလို့ပဲ မမြင်ပါနဲ့။ မျက်နှာပါတဲ့ ဓာတ်ပုံဟာ ရှင်းရှင်းပြောရင် ကိုယ့်ရဲ့ biometric
data ပါပဲ။ အခုခေတ် မျက်နှာဒေတာ ဟာ အရင်ခေတ်က လက်ဗွေလို ဖြစ်လာနေပါပြီ။ မျက်နှာနဲ့ ဖုန်းကို ဖွင့်လို့ရပါတယ်။ မျက်နှာနဲ့ windows hello ပါတဲ့ ကွန်ပျူတာထဲကို ဝင်လို့ရပါတယ်။ ကိုယ့်ရဲ့ လက်ဗွေကို ရုရှားကုမ္ပဏီ
ကို ဘယ်သူမှ အတင်းအဓမ္မ မခိုင်းဘဲ ပေးပို့သလို ဖြစ်နေပါတယ်။ ကိုယ့်ပို့နေတာ မှုန်တိမှုန်ဝါး ဂရုဖိုတို မဟုတ်ပါ။ ကိုယ့်မျက်နှာသီးသန့်ရိုက်ထားတဲ့ high resolution image ပါ။FaceApp ကို သုံးပြီဆိုတာနဲ့ ကိုယ့်ရဲ့
အမည်၊ အလုပ်အကိုင်၊ အသက်၊ တည်နေရာ၊ ကြိုက်နှစ်သက်သော အရာများ၊ ရောက်ရှိခဲ့သော နေရာများ၊ ကိုယ့်မျက်နှာ ဒေတာ အစရှိတဲ့ ကိုယ်ရေးအချက်အလက်တွေကို ကုမ္ပဏီကို ပေးသုံးဖို့ သဘောတူညီပြီးသား ဖြစ်သွားပါ
ပြီ။
ဒါကို ဖတ်ကြည့်ပါ။ FaceApp ရဲ့ user agreement ပါ။ အင်မတန် လန့်ဖွယ်ပါ။ You grant FaceApp “a perpetual, irrevocable, nonexclusive, royalty-free, worldwide, fully-paid,
transferable, sub-licensable license to use, reproduce, modify, adapt, publish, translate, creative derivative works from, distribute, publicly perform and display your
User Content, and any name, username or likeness provided in connection with your User Content in all media formats and channels now known or later developed, without
compensation to you.”
perpetual – ကိုယ့်ဒေတာကို ခဏ ပေးတာ မဟုတ်။ တစ်သက်လုံးပေးရတော့မှာ
irrevocable – ပေးပြီးရင် စိတ်ပြောင်းပြီး ဘွာတေးခတ်မရ၊ ပေးပြီးရင် အဲဒါ အတည်ပဲ
royalty-free – ဒီကုမ္ပဏီကို ပေးသုံးတာကြောင့် ပိုက်ဆံရမည် မဟုတ်။ အလကား ပေးပစ်လိုက်တာ
worldwide – ကုမ္ပဏီက ကိုယ့်ဒေတာကို ရုရှားမှာတင် မဟုတ်။ တစ်ကမ္ဘာလုံး ကြိုက်တဲ့နေရာမှာ သုံးခွင့်ရှိတယ်
transferable – ဒီကုမ္ပဏီက ကိုယ့်ဒေတာကို နောက်ထပ်ကုမ္ပဏီတစ်ခုကို လက်ပြောင်းလက်လွှဲ လုပ်ခွင့်ရှိ
sub-licensable – ကိုယ့်ဒေတာကို တစ်ခြားဆီကို လိုင်စင်နဲ့တကွ ကုမ္ပဏီက ရောင်းစားခွင့်ရှိ
modify, adapt, publish, translate, creative derivative works from – ကိုယ့်ပုံကို ပုံတူကူးခွင့်သာ မက သူတို့ ကြိုက်သလို ပြင်ဆင်ခွင့်ရှိ၊ (ယုတ်စွအဆုံး ကိုယ့်မျက်နှာကို ဝတ်လစ်စလစ် ဘော်ဒီနဲ့ ဖိုတိုရှော့
လုပ်လည်းရ)
distribute, publicly perform and display your User Content – ကိုယ့်ပုံကို၊ သူတို့ စိတ်ကြိုက်ပြုပြင်ထားတဲ့ ကိုယ့်ပုံကို သူတို့ကုမ္ပဏီအနေနဲ့ လမ်းဘေးမှာ ဆိုင်းဘုတ်ထောင်ပြီးလည်း ပြခွင့်ရှိ။
all media formats and channels now known or later developed – လမ်းဘေးဆိုင်းဘုတ်သာမက တီဗီ၊ သတင်းစာ၊ ဂျာနယ်၊ယူကျုအပါအဝင် ရှိရှိသမျှ မီဒီယာ ချန်နယ်အားလုံးမှာ ပြလို့ရ။ အခုမရှိသေးဘဲ နောင်မှ
ပေါ်လာတဲ့ ချန်နယ်မှာလည်း ပြလို့ရ.
without compensation to you – ဘယ်လိုပြပြ ကိုယ်က ပိုက်ဆံရမည်မဟုတ်။
FB နဲ့ IG မှာလည်းပုံတွေတင်တာဘဲ ဆိုပြီးရောထွေးမတွေးသင့်ပါ။ Face App ဟာ ရုရှားအခြေစိုက်ဖြစ်ပြီး Fb နဲ့ IG ကအမေရိကန်အခြေစိုက်ဖြစ်ပါတယ်။ သူတို့တွေက သုံးစွဲသူတွေအပေါ်အခွင့်အရေးချိုးဖောက်မှုမျိုးလုပ်ဖို့ဆိုတာ သူ
တို့ဘရမ်းရဲ့ပုံရိပ်နဲ့တင်ဖြစ်စရာမရှိပါ။
အမုန်းစကားဖြန့်တာကို မကိုင်တွယ်နိုင်လို့တောင် ဇူကာဘတ်ကို ဆီနိတ်မှာခေါ်ကြိတ်တာအားလုံးအသိပါ။ FB /IG ကတောင်းတဲ့ user agreement နဲ့ Face App ကတောင်းတဲ့ user agreement ကလည်းမတူပါ။
သုံးသင့် မသုံးသင့် ဆရာကြီး လုပ်ဖို့ မရည်ရွယ်ပါခင်ဗျား။ အချက်အလက်များ တင်ပြရုံသာ။ ကိုယ်သာလျှင် ကိုယ့်ဒေတာရဲ့ ပဲ့ကိုင်မို့ ကိုယ်တိုင်ဆုံးဖြတ်ပါ။
Credit- Htet Nay Lin Oo
Edited- Kyi Thar Han
Zawgyi Version
ပြီ။
compensation to you.”
လုပ်လည်းရ)
Credit- Htet Nay Lin Oo
Edited- Kyi Thar Han
Add a Comment
Your email address will not be published. Required fields are marked *