သံဃာတော်တွေကို ဖိနပ်မချွတ်ပဲလှူရင် ကုသိုလ်ရလား ၊ ငရဲကြီးလား

Sharing is caring!

မင်္ဂလာပါ မိတ်ဆွေများ။ ဒီနေ့တော့ ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများ ဒွိဟဖြစ်နေတဲ့ သံဃာတော်တွေကို ဖိနပ်မချွတ်ပဲ လှူရင် ကုသိုလ်ရလား ၊ ငရဲကြီးလားဆိုတဲ့ အကြောင်းလေးကို တင်ပြပေးချင်ပါတယ်။

ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ် ပြီးမှ လှူရတယ်လို့ မိဘဆရာများက သင်ခဲ့ကြ ပါတယ်။ ဖိနပ်မချွတ်ပဲလှူခဲ့ရင် အလှူမြောက် ပါသလား?။ အကျိုးအပြစ် ရှိပါသလား။ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုတ်မှာ ခြေနင်း၊

ဖိနပ်

စီးထားသော သူကို တရားမဟောရ ဟု ပါရှိပါတယ်။ဒါကြောင့် အကယ်၍ မိမိမှ ဖိနပ်မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရားဟောပြောခြင်လျှင်တောင်မှ ဟောပြောခွင့်မ ဖြစ်နေမှာ ဖြစ်တဲ့အတွက်ကြောင့် ဖိနပ် မစီး

သင့်ပါဘူး။ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လျှင် ဖိနပ်ချွတ်ဝင်ကြသော သဘောတရားနဲ့ အတူတူပါပဲ။ သာသနာတော်မှာ သီးသန့်သတ်မှတ် (ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။ ဖိနပ်မချွတ်လည်း အလှူတော့မြောက်တယ် ဒါ

ပေမယ့်သက္ကစ္စ မဖြစ်ပါဘူး။ ဒါနအကျိုးရတယ် သကစ္စအကျိုးမရပါဘူး။သက္ကစ္စဆိုတာ ရိုရိုသေသေလှူတာ လေးလေးစားစားလှူတာ ကိုပြောတာပါ။ ဒါန အကျိုးကြောင့်ကြွယ်ဝမယ်၊ အခြွေအရံပေါမယ်။

ဒါပေမယ့် သက္ကစ္စ မဖြစ်တော့ အခြွေအရံကအစ ကိုယ့်ကို မလေးစား ဘူးပေါ့။ လူလေးစား မခံရဘူးပေါ့။ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာ အဖိုး၃သိန်းတန်တဲ့ အုတ်ကျောင်း ကိုရေစက်ချ တဲ့နေ့မှာ ဆရာတော်ဦးဗုဓ်ဟာ

ကန်တော့

ခန်းပြီးတာတောင် သီလမပေးဘူးတဲ့။ဘာလို့လဲ ဆိုတော့ ဘကြီးတော်ဟာ ထိခြင်းငါးပါးနဲ့ မရှိခိုးပဲ ခေါင်းအုံးခံ ထားလို့တဲ့။ခေါင်းအုံးဖယ်ပြီးတာတောင် ရှိခိုး တာ အချိုးကျမှ သီလပေး သတဲ့ဗျာ။

Source ; မင်္ဂလာ သတင်းစဉ်

Zawgyi Version

မဂၤလာပါ မိတ္ေဆြမ်ား။ ဒီေန႔ေတာ့ ဗုဒၶဘာသာဝင္ေတြ ေတာ္ေတာ္မ်ားမ်ား ဒြိဟျဖစ္ေနတဲ့ သံဃာေတာ္ေတြကို ဖိနပ္မခြၽတ္ပဲ လႉရင္ ကုသိုလ္ရလား ၊ ငရဲႀကီးလားဆိုတဲ့ အေၾကာင္းေလးကို တင္ျပေပးခ်င္ပါတယ္။

ရဟန္းသံဃာကို လႉရင္ ဖိနပ္ခြၽတ္ ၿပီးမွ လႉရတယ္လို႔ မိဘဆရာမ်ားက သင္ခဲ့ၾက ပါတယ္။ ဖိနပ္မခြၽတ္ပဲလႉခဲ့ရင္ အလႉေျမာက္ ပါသလား?။ အက်ိဳးအျပစ္ ရွိပါသလား။ရဟန္းေတြရဲ႕ ၂၂၇ သြယ္ေသာ သိကၡာပုတ္မွာ ေျခနင္း၊

ဖိနပ္

စီးထားေသာ သူကို တရားမေဟာရ ဟု ပါရွိပါတယ္။ဒါေၾကာင့္ အကယ္၍ မိမိမွ ဖိနပ္မခြၽတ္ပဲ လႈဒါန္းရင္ အလႈခံ ရဟန္းမွ တရားေဟာေျပာျခင္လွ်င္ေတာင္မွ ေဟာေျပာခြင့္မ ျဖစ္ေနမွာ ျဖစ္တဲ့အတြက္ေၾကာင့္ ဖိနပ္ မစီး

သင့္ပါဘူး။ဘုန္းႀကီးေက်ာင္းဝင္းအတြင္းဝင္လွ်င္ ဖိနပ္ခြၽတ္ဝင္ၾကေသာ သေဘာတရားနဲ႔ အတူတူပါပဲ။ သာသနာေတာ္မွာ သီးသန႔္သတ္မွတ္ (ဖိနပ္ခြၽတ္ရမည္ဟု) ထားတာ မေတြ႕ရွိပါ။ ဖိနပ္မခြၽတ္လည္း အလႉေတာ့ေျမာက္တယ္ ဒါ

ေပမယ့္သကၠစၥ မျဖစ္ပါဘူး။ ဒါနအက်ိဳးရတယ္ သကစၥအက်ိဳးမရပါဘူး။သကၠစၥဆိုတာ ႐ို႐ိုေသေသလႉတာ ေလးေလးစားစားလႉတာ ကိုေျပာတာပါ။ ဒါန အက်ိဳးေၾကာင့္ႂကြယ္ဝမယ္၊ အေႁခြအရံေပါမယ္။

ဒါေပမယ့္ သကၠစၥ မျဖစ္ေတာ့ အေႁခြအရံကအစ ကိုယ့္ကို မေလးစား ဘူးေပါ့။ လူေလးစား မခံရဘူးေပါ့။ဘႀကီးေတာ္မင္းနဲ႔ မယ္ႏုတို႔ဟာ အဖိုး၃သိန္းတန္တဲ့ အုတ္ေက်ာင္း ကိုေရစက္ခ် တဲ့ေန႔မွာ ဆရာေတာ္ဦးဗုဓ္ဟာ

ကန္ေတာ့

ခန္းၿပီးတာေတာင္ သီလမေပးဘူးတဲ့။ဘာလို႔လဲ ဆိုေတာ့ ဘႀကီးေတာ္ဟာ ထိျခင္းငါးပါးနဲ႔ မရွိခိုးပဲ ေခါင္းအုံးခံ ထားလို႔တဲ့။ေခါင္းအုံးဖယ္ၿပီးတာေတာင္ ရွိခိုး တာ အခ်ိဳးက်မွ သီလေပး သတဲ့ဗ်ာ။

Source ; မဂၤလာ သတင္းစဥ္

Add a Comment

Your email address will not be published.