တွံတေးစိုးအောင် သီချင်းများကို ခေတ်မီအောင် ပြန်လည် ဆန်းသစ်သီဆိုမယ့် ကျော်ကျော်နန္ဒ
Sharing is caring!
မြန်မာသံစဉ်များနဲ့ ပရိတ်သတ်ကို အခုချိန်ထိတိုင် ဖမ်းစားနိုင်ခဲ့သူ တွံတေးစိုးအောင်ကတော့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ်များကို ကျော်ကျော်နန္ဒထံ ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒကတော့ သီချင်းများကို
တ်သစ်ပုံစံနဲ့ ပြန်လည်ဆန်းသစ် သီဆိုမှာ ဖြစ်တဲ့အတွက် သီချင်းကောင်းများ ပျက်စီးသွားမည်ကို ပရိတ်သတ်များက စိုးရိမ်နေခဲ့ကြပါတယ်။အဆိုပါ ကိုယ်ပိုင်သံစဉ်များ ပြန်လည်ရောင်းချမှုနဲ့ ပက်သက်ပြီး တွံတေးစိုးအောင်
ကတော့ မီဒီယာတစ်ခုမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ “အမှန်က ကျွန်တော် စီးပွားရေး အဆင်မပြေလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့အနုပညာသမားတွေက စီးပွားရေး အဆင်ပြေကြပါတယ်။ ကျွန်တော်က သီချင်းရေးတဲ့သူဖြစ်
တော့ သီချင်းလာဝယ်ကြတဲ့အခါမှာ သူ့ကိုယ်တော့ ရောင်းမယ် တခြားသူကိုမရောင်းဘူးဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူဆိုတာကတော့ လာဝယ်ရင် ရောင်းကြမှာပဲ။စတိုးဆိုင်ဖွင့်ထားတဲ့သူလိုပေါ့ ဘယ်သူပဲ
ဝင်လာပြီးဝယ်ဝယ် ရောင်းရမှာပဲလေ။ လာဝယ်တဲ့သူကလည်း ဆို ရင် ကောင်းအောင်ဆိုမှာပဲ။ သူ့နာမည်ပျက်အောင်တော့ ဆို မှာ မဟုတ်လောက်ပါ ဘူး။ တီးတဲ့သူကလည်း ကောင်းအောင်တီးမှာပဲ။ သူ ဆိုကြည့်လို့အဆင်ပြေ
ရင်တော့ ထုတ်မှာပေါ့။ မပြေတော့ လည်း သူဘယ်ထုတ်မလဲ။ ကျွန်တော်ကတော့ သူ ကြိုးစားကြည့်ပါစေဆိုပြီး ရောင်းလိုက်တာပါ” ဆိုပြီး ဖြေကြားခဲ့တာပါ။ကျော်ကျော်နန္ဒကလည်း တေးသီချင်းကောင်းများကို ပျက်ဆီးစေဖို့ မ
ပြုလုပ်မဲ့ အကြောင်းကို
လည်း အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ ”သီချင်းလေးတွေကိုတော့ ဒီဘက်ခေတ်နဲ့လည်း လိုက်ဖက် သလို၊ သူ့ရဲ့မူရင်းပုံစံလည်းမပျက် အောင်လို့ကျွန်တော်ဖန်တီးမှာပါ။ ဒါပေမဲ့ ကျွန်တော်က လူငယ် ဖြစ်တာရယ်၊ ကျွန်တော် စပေါ်လာ
ကတည်းက အမြူးလေးတွေကို ပိုဦးစားပေးလုပ်တတ်တာမို့၊ ခေတ် သစ်ပုံစံလေးကိုမြင်ရမှာပါ။ ပရိ သတ်စိတ်အနှောင့်အယှက်ဖြစ်မယ့် ပုံစံမျိုးတော့ ကျွန်တော်မလုပ်ပါ ဘူး။ကျွန်တော်စလုပ်ကတည်းက သိနေသူတွေကတော့
ဝေဖန်တာ ထက် အကြံပေးတာမျိုးတွေရှိကြ တယ်။ အခုမှ ကျွန်တော် သရုပ် ပျက်ပုံစံမျိုးလုပ်တာ တမင် နာမည် ကြီးချင်းလို့ လုပ်ကြံဖန်တီးပြတာ မဟုတ်ပါဘူး။ အစကတည်းက ကျွန်တော် ဒီလိုပဲဝတ်တယ်၊ နေ တယ်။
သရုပ်ဆောင်တာပါ သရုပ် ပျက်တာမျိုး တမင်လုပ်ပြတာ မဟုတ်ပါဘူး၊ ကိုယ်ပိုင်ဟန်ကိုယ် ပိုင် ပုံစံလေးနဲ့ဖြစ်နေတာပါ။ အခု သူ့ရဲ့နာမည်ကြီးထားတဲ့ သီချင်း တွေကိုဝယ်ပြီး ပြန်ဆိုတာပါ။ တခြားဖျက်ဆီးလိုတဲ့စိတ်နဲ့ လုပ် တာ
မဟုတ်ပါဖူး” ဆိုကာ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာသံစဉ် တေးသံရှင် တွံတေးစိုးအောင်ရဲ့ သီချင်းများကို ကျော်ကျော်နန္ဒ ပြန်လည်သီဆိုမယ့် အကြောင်းနဲ့ ပက်သက်ပြီး ပရိတ်သတ်တွေရဲ့ အမြင်လေးတွေကိုလည်း ဝေမျှခဲ့ပါဦးနော်။
Credit
Zawgyi Version
Credit
Add a Comment
Your email address will not be published. Required fields are marked *