“ငါ့အတွက် အကုန်အကျမခံပါနဲ့ လယ်ပဲစိုက်စားမယ်” ဆိုတဲ့ကမ္ဘာလေးစားရတဲ့ သမ္မတ

Sharing is caring!

ယခု သတင်းကို ( Kyaw Soe Aung ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ Jose Mujica ကို သိပါသလားဥရုဂွေးဆိုတဲ့ နိုင်ငံလေး…..။ ကမ္ဘာ့ဖလားပွဲတွေမှာ ဥ

ရုဂွေးအသင်းကို ရံဖန်ရံခါ ကြားရတတ်တယ်။ တောင်အမေရိကတိုက်က နိုင်ငံလေး၊ သိပ်တော့စိတ်ဝင်စားစရာ မဟုတ်။ စိတ်ဝင်စားစရာ ကောင်းတာက ဥရုဂွေးနိုင်ငံကို ပဲ့ကိုင်သွားတဲ့ သမ္မတကြီး Jose Mujica ။ ရိုးသားလွန်းတဲ့

သမ္မတကြီး။ကမ္ဘာကျော်သတင်းဌာန ဘီဘီစီကတောင် “The World’s ‘Poorest’ President” ကမ္ဘာ့အဆင်းရဲဆုံးသမ္မတလို့တောင် တင်စားခဲ့တယ်။ Jose Mujica က ဘာတွေလုပ်ခဲ့လို့ ဆင်းရဲတာလဲ။Jose Mujica

ကို ၁၉၃၅ ခုနှစ် မေလ (၂ဝ) ရက်နေ့မှာ ဥရုဂွေးနိုင်ငံရဲ့မြို့တော် Montevideo မှာ မွေးတယ်။ ဖခင်က လယ်သမား ၊ ဆင်းရဲလွန်းလို့ လူမွဲဘွဲ့ခံလိုက်ရတယ်။ မိခင်ကတော့ အီတလီနိုင်ငံကနေ နိုင်ငံရေးခိုလှုံသူ။ ဆင်းရဲလွန်းလို့ သူ့

ရဲ့ ဆယ်ကျော်သက်ဘဝက အလုပ်ကြမ်းပေါင်းစုံလုပ်ပြီး ကုန်ဆုံးခဲ့ရတယ်။၁၉၆ဝ ခုနှစ်တွေမှာ ကျူးဘားတော်လှန်ရေး ရိုက်ခတ်မှုတွေကြောင့် ဥရုဂွေးနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာပြီး အစိုးရဆန့်ကျင်ရေး လုပ်လာ

ချိန်မှာ

Tupamaros အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။ သူတို့အဖွဲ့က ငြိမ်းချမ်းမှုကို လိုချင်သူ ၊ နိုင်ငံကို အသစ်ပြန်လည် မွေးဖွားလိုသူ။ ၁၉၇၀ ခုနှစ်တွေမှာ Jose Mujica ဟာ နိုင်ငံရေးသမားဘဝမှာ သေနတ်ဒဏ်ရာ (၆) ခါရဖူးပြီး (၁၄)

နှစ်အထိ ထောင်ကျခဲ့ဖူးတယ်။ ၁၉၉၄ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတယ်။ ၁၉၉၉ ရွေးကောက်ပွဲမှာတော့ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ် မတ်လ (၁) ရက်နေ့မှာ သူ

ဟာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဖြစ်လာခဲ့တယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ဘဏ္ဍာရေးဝန်ကြီး Danilo Astori ကို ကျော်ဖြတ်ပြီး ဥရုဂွေးနိုင်ငံရဲ့ (၄ဝ) မြောက် သမ္မတ ဖြစ်လာခဲ့တယ်။အမေရိကန်သမ္မတ

Donald Trump ဆိုရင် အိမ်ဖြူတော်မှာနေတယ်၊ ပြင်သစ်သမ္မတ Emmanuel Macron ဟာ Élysée Palace မှာနေတယ်၊ ဗြိတိန်ဘုရင်မကြီး Queen Elizabeth II က သူ့နန်းတော် Buckingham Palace မှာပဲ စံမြန်း

တယ်။ ဥရုဂွေးသမ္မတ Jose Mujica ဟာ နိုင်ငံတော်က စီစဉ်ပေးတဲ့ Residencia de Suarez စံအိမ်မှာ မနေဘူး။ အခြွေအရံတွေကိုပါ ငြင်းပယ်ထားလိုက်တာ၊ ရပိုင်ခွင့်တွေကို မယူပါဘူး။ Montevideo မြို့ရဲ့ ဆင်ခြေဖုံး

ရပ်ကွက်မှာရှိတဲ့ လယ်တောအိမ်မှာပဲ နေတယ်။Jose Mujica ဟာ သူ့အတွက်နဲ့ နိုင်ငံတော်ကို စရိတ်မတက်စေချင်တဲ့ သဘော။ အဝတ်အစားကိုလည်း ဖြစ်သလိုပဲ ဝတ်တယ်။ ကပိုကရိုနေတတ်တယ်။ သမ္မတလစာက

(၁၁,၆၃၄) ဒေါ်လာ ရတယ်။ သိန်း (၁၆၀) ကျပ်ပဲ ဆိုပါစို့။ သူ့လစာထဲက (၉၀) ရာခိုင်နှုန်းအထိ ဆင်းရဲတဲ့ပြည်သူတွေကို လှူပစ်ခဲ့တယ်။ သူ့အိမ်မှာ လယ်ကွင်းကြီးရယ်။ ထွန်စက်အဟောင်းကြီးရယ်။ ခြေတစ်ဖက်ပြတ်နေတဲ့

Manuela လို့ခေါ်တဲ့ ခွေးကြီးရယ်။ အိမ်ရဲ့မလှမ်းမကမ်းမှာ အစောင့်ချထားတဲ့ ရဲသား(၂) ယောက်ရယ်ပဲ ရှိပါတယ်။

သမ္မတ Jose Mujica ဟာ ဇိမ်ခံကား မစီးပါဘူး။ ၁၉၈၇ ခုနှစ်ထုတ် ဒေါ်လာ (၁,၈၀၀) တန် Volkswagen Beetle လိပ်ခုံးကားကိုပဲ မြတ်မြတ်နိုးနိုး စီးနေတုန်းပါ။ ကျန်းမာရေးမကောင်းရင်လည်း အများပြည်သူတွေနဲ့

ဆေးခန်းမှာပဲ ကုတယ်။ သီးသန့်မကုဘူး။ သူ့အတွက်နဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို မထိခိုက်စေချင်ဘူး။ ၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတဖြစ်တယ်၊ ၂ဝ၁၅ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတရာထူးက ဆင်းသွား

တယ်။ သူ့ရာထူးမှာ ပိုမနေဘူး။ အချိန်တန်ရင် ဆင်းသွားတယ်။ လယ်တောထဲက လာတဲ့လူဟာ လယ်တောထဲမှာပဲ ပြန်ဆင်းသွားခဲ့ပါတယ်။ စိတ်တူကိုယ်တူရှိတဲ့ ဇနီးသည် Lucia Topolansky ကို ၂၀၀၅ ခုနှစ်မှာ လက်ထပ်

တယ်၊ သားသမီးမထွန်းကားဘူး။ အခုတော့ (၈၅) နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်းကြီးက ဂန္ဓမာပန်းရောင်းစားနေသတဲ့၊ တင်းတိမ်ရောင့်ရဲချက်။“ကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ ပြောကြတယ်။ ကိုယ့်ကိုယ်ကိုယ်ဆင်းရဲ

တယ်လို့ မခံစားမိပါဘူး။ ဆင်းရဲတဲ့သူဆိုတာ ကုန်ကျစရိတ်မြင့်မားတဲ့ လူနေမှုဘဝကို ကာမိဖို့ ပိုက်ဆံတွေကို မရပ်မနား ရှာဖွေနေရတဲ့သူတွေပါ”ကဲ . . . လူ့ဘဝတိုတိုလေးထဲမှာ နောက်ဆုံးပေါ်ဖက်ရှင်၊ တန်ဖိုးကြီးတံဆိပ်တွေ

နောက်ကို လိုက်ပြီးတော့ ရူးသွပ်နေတော့မှာလား။ အကျိုးရှိတာတွေကို လုပ်နေပြီး ကုန်ဆုံးတော့မှာလား။ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရအောင်ဗျာ။ အဓိကအချက်က အရေးမကြီးတာတွေ လုပ်နေရင် အရေးကြီးတာတွေ မေ့တတ်တယ်ဆို

တဲ့ ဒဿနကို အမြဲသတိရသင့်ပါတယ်။ လူ့ဘဝတိုတိုလေးမှာ ရိုးရိုးရှင်းရှင်းနေကြရအောင်နော်။

Kyaw Soe Aung

Zawgyi Version

ယခု သတင္းကို ( Kyaw Soe Aung ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္ကမာၻ႔အဆင္းရဲဆုံး သမၼတ Jose Mujica ကို သိပါသလားဥ႐ုေဂြးဆိုတဲ့ ႏိုင္ငံေလး…..။ ကမာၻ႔ဖလားပြဲေတြမွာ ဥ

႐ုေဂြးအသင္းကို ရံဖန္ရံခါ ၾကားရတတ္တယ္။ ေတာင္အေမရိကတိုက္က ႏိုင္ငံေလး၊ သိပ္ေတာ့စိတ္ဝင္စားစရာ မဟုတ္။ စိတ္ဝင္စားစရာ ေကာင္းတာက ဥ႐ုေဂြးႏိုင္ငံကို ပဲ့ကိုင္သြားတဲ့ သမၼတႀကီး Jose Mujica ။ ႐ိုးသားလြန္းတဲ့

သမၼတႀကီး။ကမာၻေက်ာ္သတင္းဌာန ဘီဘီစီကေတာင္ “The World’s ‘Poorest’ President” ကမာၻ႔အဆင္းရဲဆုံးသမၼတလို႔ေတာင္ တင္စားခဲ့တယ္။ Jose Mujica က ဘာေတြလုပ္ခဲ့လို႔ ဆင္းရဲတာလဲ။Jose Mujica

ကို ၁၉၃၅ ခုႏွစ္ ေမလ (၂ဝ) ရက္ေန႔မွာ ဥ႐ုေဂြးႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Montevideo မွာ ေမြးတယ္။ ဖခင္က လယ္သမား ၊ ဆင္းရဲလြန္းလို႔ လူမြဲဘြဲ႕ခံလိုက္ရတယ္။ မိခင္ကေတာ့ အီတလီႏိုင္ငံကေန ႏိုင္ငံေရးခိုလႈံသူ။ ဆင္းရဲလြန္းလို႔ သူ႔

ရဲ႕ ဆယ္ေက်ာ္သက္ဘဝက အလုပ္ၾကမ္းေပါင္းစုံလုပ္ၿပီး ကုန္ဆုံးခဲ့ရတယ္။၁၉၆ဝ ခုႏွစ္ေတြမွာ က်ဴးဘားေတာ္လွန္ေရး ႐ိုက္ခတ္မႈေတြေၾကာင့္ ဥ႐ုေဂြးႏိုင္ငံမွာ လက္နက္ကိုင္တပ္ဖြဲ႕ေတြ ေပၚလာၿပီး အစိုးရဆန္႔က်င္ေရး လုပ္လာ

ခ်ိန္မွာ

Tupamaros အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့တယ္။ သူတို႔အဖြဲ႕က ၿငိမ္းခ်မ္းမႈကို လိုခ်င္သူ ၊ ႏိုင္ငံကို အသစ္ျပန္လည္ ေမြးဖြားလိုသူ။ ၁၉၇၀ ခုႏွစ္ေတြမွာ Jose Mujica ဟာ ႏိုင္ငံေရးသမားဘဝမွာ ေသနတ္ဒဏ္ရာ (၆) ခါရဖူးၿပီး (၁၄)

ႏွစ္အထိ ေထာင္က်ခဲ့ဖူးတယ္။ ၁၉၉၄ ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အေ႐ြးခံခဲ့ရတယ္။ ၁၉၉၉ ေ႐ြးေကာက္ပြဲမွာေတာ့ အထက္လႊတ္ေတာ္အမတ္ ျဖစ္လာခဲ့ပါတယ္။ ၂ဝဝ၅ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွာ သူ

ဟာ ေမြးျမဴေရးနဲ႔ ေရလုပ္ငန္းဝန္ႀကီး ျဖစ္လာခဲ့တယ္။ ၂ဝ၁ဝ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွာ ဘ႑ာေရးဝန္ႀကီး Danilo Astori ကို ေက်ာ္ျဖတ္ၿပီး ဥ႐ုေဂြးႏိုင္ငံရဲ႕ (၄ဝ) ေျမာက္ သမၼတ ျဖစ္လာခဲ့တယ္။အေမရိကန္သမၼတ

Donald Trump ဆိုရင္ အိမ္ျဖဴေတာ္မွာေနတယ္၊ ျပင္သစ္သမၼတ Emmanuel Macron ဟာ Élysée Palace မွာေနတယ္၊ ၿဗိတိန္ဘုရင္မႀကီး Queen Elizabeth II က သူ႔နန္းေတာ္ Buckingham Palace မွာပဲ စံျမန္း

တယ္။ ဥ႐ုေဂြးသမၼတ Jose Mujica ဟာ ႏိုင္ငံေတာ္က စီစဥ္ေပးတဲ့ Residencia de Suarez စံအိမ္မွာ မေနဘူး။ အေႁခြအရံေတြကိုပါ ျငင္းပယ္ထားလိုက္တာ၊ ရပိုင္ခြင့္ေတြကို မယူပါဘူး။ Montevideo ၿမိဳ႕ရဲ႕ ဆင္ေျခဖုံး

ရပ္ကြက္မွာရွိတဲ့ လယ္ေတာအိမ္မွာပဲ ေနတယ္။Jose Mujica ဟာ သူ႔အတြက္နဲ႔ ႏိုင္ငံေတာ္ကို စရိတ္မတက္ေစခ်င္တဲ့ သေဘာ။ အဝတ္အစားကိုလည္း ျဖစ္သလိုပဲ ဝတ္တယ္။ ကပိုက႐ိုေနတတ္တယ္။ သမၼတလစာက

(၁၁,၆၃၄) ေဒၚလာ ရတယ္။ သိန္း (၁၆၀) က်ပ္ပဲ ဆိုပါစို႔။ သူ႔လစာထဲက (၉၀) ရာခိုင္ႏႈန္းအထိ ဆင္းရဲတဲ့ျပည္သူေတြကို လႉပစ္ခဲ့တယ္။ သူ႔အိမ္မွာ လယ္ကြင္းႀကီးရယ္။ ထြန္စက္အေဟာင္းႀကီးရယ္။ ေျခတစ္ဖက္ျပတ္ေနတဲ့

Manuela လို႔ေခၚတဲ့ ေခြးႀကီးရယ္။ အိမ္ရဲ႕မလွမ္းမကမ္းမွာ အေစာင့္ခ်ထားတဲ့ ရဲသား(၂) ေယာက္ရယ္ပဲ ရွိပါတယ္။

သမၼတ Jose Mujica ဟာ ဇိမ္ခံကား မစီးပါဘူး။ ၁၉၈၇ ခုႏွစ္ထုတ္ ေဒၚလာ (၁,၈၀၀) တန္ Volkswagen Beetle လိပ္ခုံးကားကိုပဲ ျမတ္ျမတ္ႏိုးႏိုး စီးေနတုန္းပါ။ က်န္းမာေရးမေကာင္းရင္လည္း အမ်ားျပည္သူေတြနဲ႔

ေဆးခန္းမွာပဲ ကုတယ္။ သီးသန္႔မကုဘူး။ သူ႔အတြက္နဲ႔ ႏိုင္ငံေတာ္ဘ႑ာေငြကို မထိခိုက္ေစခ်င္ဘူး။ ၂ဝ၁ဝ ခုႏွစ္ မတ္လ (၁) ရက္မွာ သမၼတျဖစ္တယ္၊ ၂ဝ၁၅ ခုႏွစ္ မတ္လ (၁) ရက္မွာ သမၼတရာထူးက ဆင္းသြား

တယ္။ သူ႔ရာထူးမွာ ပိုမေနဘူး။ အခ်ိန္တန္ရင္ ဆင္းသြားတယ္။ လယ္ေတာထဲက လာတဲ့လူဟာ လယ္ေတာထဲမွာပဲ ျပန္ဆင္းသြားခဲ့ပါတယ္။ စိတ္တူကိုယ္တူရွိတဲ့ ဇနီးသည္ Lucia Topolansky ကို ၂၀၀၅ ခုႏွစ္မွာ လက္ထပ္

တယ္၊ သားသမီးမထြန္းကားဘူး။ အခုေတာ့ (၈၅) ႏွစ္ရွိၿပီျဖစ္တဲ့ သမၼတေဟာင္းႀကီးက ဂႏၶမာပန္းေရာင္းစားေနသတဲ့၊ တင္းတိမ္ေရာင့္ရဲခ်က္။“ကြၽန္ေတာ့္ကို အဆင္းရဲဆုံး သမၼတလို႔ ေျပာၾကတယ္။ ကိုယ့္ကိုယ္ကိုယ္ဆင္းရဲ

တယ္လို႔ မခံစားမိပါဘူး။ ဆင္းရဲတဲ့သူဆိုတာ ကုန္က်စရိတ္ျမင့္မားတဲ့ လူေနမႈဘဝကို ကာမိဖို႔ ပိုက္ဆံေတြကို မရပ္မနား ရွာေဖြေနရတဲ့သူေတြပါ”ကဲ . . . လူ႔ဘဝတိုတိုေလးထဲမွာ ေနာက္ဆုံးေပၚဖက္ရွင္၊ တန္ဖိုးႀကီးတံဆိပ္ေတြ

ေနာက္ကို လိုက္ၿပီးေတာ့ ႐ူးသြပ္ေနေတာ့မွာလား။ အက်ိဳးရွိတာေတြကို လုပ္ေနၿပီး ကုန္ဆုံးေတာ့မွာလား။ ကိုယ္တိုင္ပဲ ဆုံးျဖတ္ၾကရေအာင္ဗ်ာ။ အဓိကအခ်က္က အေရးမႀကီးတာေတြ လုပ္ေနရင္ အေရးႀကီးတာေတြ ေမ့တတ္တယ္ဆို

တဲ့ ဒႆနကို အၿမဲသတိရသင့္ပါတယ္။ လူ႔ဘဝတိုတိုေလးမွာ ႐ိုး႐ိုးရွင္းရွင္းေနၾကရေအာင္ေနာ္။

Kyaw Soe Aung

Add a Comment

Your email address will not be published. Required fields are marked *