လမ်းပေါ်မှာ ပန်းရောင်းနေရတဲ့ ကလေးတွေအတွက် ကျောင်းပစ္စည်းတွေ လှူပေမယ့် Sinon
|ပရဟိတအလုပ်တွေကို တတ်နိုင်သလောက် လုပ်ဆောင်တတ်သူ ဖိလစ်ပိုင်လူမျိုး မော်ဒယ် Sinon Loresca ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ Sinon ကတော့ သူရရှိတဲ့ အနုပညာ
ကြေးထဲကနေ ခက်ခဲနေတဲ့ လူတစ်ချို့အတွက် အမြဲတမ်း ကူညီဖို့ အသင့်ရှိနေသူပါ.။ သူကိုယ်တိုင်လည်း ခက်ခဲတဲ့ ဘဝကနေ ရုန်းကန်ခဲ့ရသူမို့ ကူညီလိုအပ်တဲ့ လူတိုင်းကို ကူညီဖို့အတွက် အမြဲ စဉ်းစားနေတတ်သူလို့ ပြောရမယ်
ထင်ပါတယ်.။တကယ်ကိုလည်း ခက်ခဲနေတဲ့ သူတိုင်းအတွက် အရောက်သွားကာ ကူညီတတ်သူ Sinon ကတော့ ဒီနေ့ ဇွန်လ (၂၄)ရက်နေ့မှာလည်း ကျောင်းဖွင့်ရာသီ ရောက်လာပြီမို့ လမ်းပေါ် ပန်းရောင်း တဲ့ ကလေးလေး
တွေ
အတွက် ကျောင်းပစ္စည်းလေးတွေ ပေးဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို “ကျောင်းတွေ မကြာခင်ပြန်ဖွင့်တော့မယ် နော် .။ကျွန်တော်ကတော့ လမ်းပေါ်ကပန်းရောင်းနေကျတဲ့ကလေးလေး တွေအတွက် ကျောင်းပစ္စည်းလေး
တွေ ပေးဖို့ပြင်ဆင်နေပါပြီ.။ ကျွန်တော် တတ်နိုင်သလောက်ကူညီတာလေးက သူတို့ကို ပျော်ရွှင်မှု ရရှိစေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။Sinon ကတော့ တ
ကယ့်ကို စိတ်စေတနာ ထက်သန်ကာ အများအတွက် စဉ်းစားပေးတတ်တဲ့ မွန်မြတ်တဲ့စိတ်ပိုင်ရှင်ပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း လမ်းပေါ် ပန်းရောင်းတဲ့ ကလေးလေးတွေအတွက် ကျောင်းပစ္စည်းလေးတွေ ပေးဖို့
ပြင်ဆင်နေတဲ့ Sinon Loresca ရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်လေးအတွက် ချီးမွမ်းစကားလေး တွေ ပြောပေးသွားကြပါဦးနော်.။
Source: Sinon Loresca’s Facebook
Credit-Cele Lawka