မနိုးရိုးချောင်းထဲ ရေဆင်းကူးတဲ့ (၁၁) နှစ်သားလေး မိကျောင်းကိုက်ချီသွား
|အမှုဖြစ်စဉ်မှာ ၂၂.၆.၂၀၂၀ ရက် နေ့လည် (၃)နာရီ(၃၀)မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၊ပြည်ကြီးမဏ္ဍိုင်မြို့မနိုးရုံးကျေးရွာအုပ် စု(၁)မနိုးရုံးကျေးရွာနေမောင်ညီညီး(၁၁)နှစ်၊
ကျောင်း သားနှင့်မောင်ဝေယံချစ်(၁၁) နှစ်၊ကျောင်းသားတို့ နှစ်ဦးသ ည်မနိုးရုံးကျေးရွာအနောက်ဘက် (၃) ဖာလုံခန့်အကွာရှိမနိုးရုံးချောင်းတွင် ရေဆင်းကူးပြီးလှေဆိပ်နေရာအရောက် တွင်အရှည်(၁၀)ပေခန့်ရှိ မိကျောင်းတစ်
ကောင်မှမောင်ညီညီထွေးအား ဆွဲယူကိုက်ချီသွားခဲ့ပြီးမောင်ဝေယံချစ်သည် ကမ်းစပ်ပေါ်သို့အော်ဟစ်ပြေးတက်သွားသည်ကို ဓနိဖက်ခုတ်ရာမှလက်လှော်လှေငယ်ဖြင့် ပြန် လာသူဦးခင်မောင်ဝင်း (၅၃) နှစ် မနိုးရုံးကျေးရွာနေသူမှ
တွေ့မြင်ရသဖြင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းမြင့်သိန်းထံအကြောင်းကြားခဲ့ရာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရွာသူရွာသားများမှမောင်ညီညီထွေးအား လိုက်လံရှာဖွေလျက်ရှိကြောင်းသိရှိရပါသည်။ Credit #နီနီလှိုင်(ပြည်ကြီးမဏ္ဍိုင်)
Credit #နီနီလှိုင်(ပြည်ကြီးမဏ္ဍိုင်)S .H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်
Zawgyi Version
အမႈျဖစ္စဥ္မွာ ၂၂.၆.၂၀၂၀ ရက္ ေန႔လည္ (၃)နာရီ(၃၀)မိနစ္ အခ်ိန္ခန႔္တြင္ တနသၤာရီတိုင္းေဒသႀကီး၊ေကာ့ေသာင္းခ႐ိုင္၊ဘုတ္ျပင္းၿမိဳ႕နယ္၊ျပည္ႀကီးမ႑ိဳင္ၿမိဳ႕မႏိုး႐ုံးေက်း႐ြာအုပ္ စု(၁)မႏိုး႐ုံးေက်း႐ြာေနေမာင္ညီညီး(၁၁)ႏွစ္၊
ေက်ာင္း သားႏွင့္ေမာင္ေဝယံခ်စ္(၁၁) ႏွစ္၊ေက်ာင္းသားတို႔ ႏွစ္ဦးသ ည္မႏိုး႐ုံးေက်း႐ြာအေနာက္ဘက္ (၃) ဖာလုံခန႔္အကြာရွိမႏိုး႐ုံးေခ်ာင္းတြင္ ေရဆင္းကူးၿပီးေလွဆိပ္ေနရာအေရာက္ တြင္အရွည္(၁၀)ေပခန႔္ရွိ မိေက်ာင္းတစ္
ေကာင္မွေမာင္ညီညီေထြးအား ဆြဲယူကိုက္ခ်ီသြားခဲ့ၿပီးေမာင္ေဝယံခ်စ္သည္ ကမ္းစပ္ေပၚသို႔ေအာ္ဟစ္ေျပးတက္သြားသည္ကို ဓနိဖက္ခုတ္ရာမွလက္ေလွာ္ေလွငယ္ျဖင့္ ျပန္ လာသူဦးခင္ေမာင္ဝင္း (၅၃) ႏွစ္ မႏိုး႐ုံးေက်း႐ြာေနသူမွ
ေတြ႕ျမင္ရသျဖင့္ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးဦးထြန္းျမင့္သိန္းထံအေၾကာင္းၾကားခဲ့ရာအုပ္စုအုပ္ခ်ဳပ္ေရးမႉးႏွင့္႐ြာသူ႐ြာသားမ်ားမွေမာင္ညီညီေထြးအား လိုက္လံရွာေဖြလ်က္ရွိေၾကာင္းသိရွိရပါသည္။ Credit #နီနီလႈိင္(ျပည္ႀကီးမ႑ိဳင္)
Credit #နီနီလႈိင္(ျပည္ႀကီးမ႑ိဳင္)S .H ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္