သာသနာတော်အတွက် အထောက်အပံ့ဖြစ်စေတဲ့ စမိုင်းလ်ရဲ့ မွေးနေ့အလှူတော်
|တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီးလူကြိုက်များတဲ့ သရုပ်ဆောင် စမိုင်းလ်တစ်ယောက်ကတော့ အနုပညာလောကမှာ မကျင်လည်တော့မယ့် ယနေ့တိုင် ပရိသတ်က ချစ်ဆဲ ဖြစ်သလို ၊ စမိုင်းလ်ကလည်း
သူ့
ရဲ့ ပရိသတ်တွေကို သတိရနေဆဲဖြစ်ပါတယ်။ဒါကြောင့် ပြီးခဲ့တဲ့ ၂၁ ရက်နေ့က စမိုင်းလ်ရဲ့ မွေးနေ့မှာ ပရိသတ်တွေအတွက် Online Brithday လေးလုပ်ပြီး မြန်မာငွေ သိန်းပေါင်း ၃၆ သိန်းကျပ်တိတိကို ကံစမ်းမဲနိုက်ပေးခဲ့
ပါတယ်နော်။အခုအခါမှာလည်း နှစ်ဖက်သောမိဘများအားအမှူးထား၍ စမိုင်းလ်ဟာ သိန်းပေါင်း ၃၀၀၀ ကို ဘုန်းကြီးကျောင်းကျောင်းဆောင်သစ်ဆောက်ဖို့ လှူဒါန်းလိုက်ပြန်ပါတယ်။သူမရဲ့ အလှူအအကြောင်းလေးကို သူ့ရဲ့ လူမှု
ကွန်ရက်စာမျက်နှာမှတဆင့် ပရိသတ်ကြီးကို ခုလို မျှဝေထားပါတယ်…“နှစ်ဖက်သောမိဘများအားအမှူးထား၍ အောင်ဇမ္ဗူဆရာတော်ဘုရားရဲ့ ပြင်ဦးလွင်မြို့မှာဆောက်လုပ်မဲ့နှစ်ထပ်ကျောင်းဆောင်သစ်အတွက် သိန်း ၁၅၀၀ နှင့်
သစ်တံခါးဆရာတော်ဘုရား၏ ၃ထပ်ကျောင်းဆောင်အတွက်သိန်း ၁၅၀၀ စုစုပေါင်း သိန်း ၃၀၀၀ လှူဒါန်းကုသိုလ်ပြု..”အခုလို ဘာသာသာသနာအတွက် အလှူအတန်းတွေ ရက်ရောလှတဲ့ သရုပ်ဆောင် စမိုင်းအတွက် သာဓုခေါ်
ပေးကြဖို့ မမေ့နဲ့ဦးနော်။
Source ; စမိုင်းလ် Smile