ယခင်ကထက်တိုးတက်လာတဲ့ ဦးမန်းဝင်း ကျန်းမာရေးအခြေအနေ

Sharing is caring!

ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ဦးနှောက်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုအပြီး (၂) ရက်အကြာမှာတော့ ဦးမန်းဝင်းက သတိမေ့မြောသွားခဲ့ပြီး မိသားစုတွေနဲ့ရာ

ဝန်တွေ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ မြန်မာနိုင်ငံလူရွှင်တော်အသင်းမှ ပြန်ကြားရေးမှုးတစ်ယောက်ဖြစ်တဲ့ လူရွှင်တော် ကောင်းကျော်က ဦးမန်းဝင်းရဲ့ နေအိမ်ကိုသွားရောက်ခဲ့ပြီး ခြေ

အနေကို အခုလိုပဲ ပြောပြလာပါတယ်။“ပြည်သူချစ်တဲ့ ရုပ်ရှင်နှင့်ဗီဒီယို ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်း ပရိသတ်၏ ပို့သသော မေတ္တာများကြောင့် ၎င်း၏ နေအိမ်တွင် ကျန်းမာရေး အထူးတိုးတက် ကောင်းမွန်လာသည်ကိုမြင်

တွေ့ခဲ့ရပါသောကြောင့် မိသားစုနှင့်ထပ်တူ ဝမ်းသာပျော်ရွှင် မိခဲ့ရသည်ပေါ့ ဗျာ” ဆိုပြီး ဦးမန်းဝင်းရဲ့ တိုးတက်လာတဲ့ ကျန်းမာရေးအခြေအနေအကြောင်းကို ပြောပြလာပါတယ်။ဦးမန်းဝင်းကတော့ အသက်အန္တရာယ်ရှိတဲ့အခြေအနေ

ကို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဦးမန်းဝင်းတစ်ယောက် ဒီထက်မက ကျန်းမာပြီး အရင်အတိုင်း ပြန်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: U Kaung Kyaw’s fb
Credit- Cele Lawka

Zawgyi Version






Source: U Kaung Kyaw’s fb
Credit- Cele Lawka

Add a Comment

Your email address will not be published. Required fields are marked *