လုံးဝ မပေါ့ကြပါနဲ့ လို့ အမေစု ကိုယ်တိုင် သတိပေးပါပြီနော်

Sharing is caring!

ယခု သတင်းကို ( Aung San Suu Kyi ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်
၁-၅-၂၀၂၀ နဲ့ ၂-၅-၂၀၂၀ စစ်ဆေးမှုတွေအရ၊ covid positive တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ ၃-၅-၂၀၂၀၊ မနေ့ကတော့ (၄)ယောက်၊ ဒီကနေ့ ၄-၅-၂၀၂၀ မှာ (၆)ယောက်တွေ့ခဲ့ ပါတယ်။

ဒါကြောင့် ကျွန်မတို့ လုံးဝ ပေါ့လို့ မဖြစ်ဘူးဆိုတာ ကြားရ၊ ဖတ်ရ သူတွေ ငြီးငွေ့ရလောက်အောင်သတိပေး နေရတာပါ

ထပ်တလဲလဲ ပြောရင်းနဲ့ စိတ္တဗေဒ သုတေသီအချို့က၊ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ အချက်တစ်ချက်စွဲ သွားဖို့ အကြိမ် (၂၀၀) လောက်ပြောရတယ်လို့ တွေ့ရှိထားကြောင်းကိုလည်း ကျွန်မ ထည့်ပြောလေ့ရှိပါတယ်။

ဒီလောက်တောင်ပဲ ပြောဖို့လိုလား လို့လဲ တွေးမိပါတယ်။

နိုင်ငံရေးလောကထဲ ရောက်လာပြီးလူပေါင်းစုံနဲ့ ပေါင်းရတော့လူတွေကို တော်တယ် ညံ့တယ်၊ ကောင်းတယ် ဆိုးတယ်လို့ ခွဲမြင်တာထက် သင်လို့ လွယ်တယ်၊ သင်လို့ ခက်တယ် လို့ ခွဲမြင်လာ ပါတယ်။

သင်လို့ လွယ်သူ တွေကိုတော့အကြိမ်(၂၀၀) ပြောဖို့ လိုမယ် မထင်ပါဘူး။ Covid ကို ထိမ်းချုပ်ရေးမှာ လောလောဆယ် အထူး အလေးထား ရမဲ့ ကိစ္စကြီး(၂)ရပ်ရှိပါတယ်။

ကျန်းမာရေးအရ စစ်ဆေးပြီး ပြန်ဖွင့်ခွင့် ပေးလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကြား ရောဂါ မပြန့်ပွါးရေးနဲ့ နယ်စပ်မှပြန်လာမဲ့ အလုပ်သမားတွေ အကြား ရောဂါ မပြန့်ပွါးရေးတို့ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန က စက်ရုံ၊ အလုပ်ရုံ တွေမှာလိုက်နာ ရမဲ့ စည်းကမ်း၊ စည်းမျဉ်းတွေ၊ပြည်တော်ပြန်များနဲ့ သက်ဆိုင်တဲ့အစီအစဉ်၊ စည်းကမ်းတွေ သေသေချာချာ ထုတ်ပြန်ထားပါတယ်။ အားလုံးက တိတိကျကျ လိုက်နာမယ်ဆိုရင်ကျွန်မတို့ covid ကို အောင်နိုင်မှာပါ။

အပေါ်က အပိုဒ်ကိုအကြိမ်(၂၀၀) မရေးတော့ပါဘူးနော်။

ကျွန်မတို့ ပြည်သူတွေ သင်ရလွယ်တယ်လို့ ယုံ ကြည်လိုက်ပါမယ်။

ယခု သတင္းကို ( Aung San Suu Kyi ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္
၁-၅-၂၀၂၀ နဲ႔ ၂-၅-၂၀၂၀ စစ္ေဆးမႈေတြအရ၊ covid positive တစ္ေယာက္မွ မေတြ႕ခဲ့ပါဘူး။ ၃-၅-၂၀၂၀၊ မေန႔ကေတာ့ (၄)ေယာက္၊ ဒီကေန႔ ၄-၅-၂၀၂၀ မွာ (၆)ေယာက္ေတြ႕ခဲ့ ပါတယ္။

ဒါေၾကာင့္ ကြၽန္မတို႔ လုံးဝ ေပါ့လို႔ မျဖစ္ဘူးဆိုတာ ၾကားရ၊ ဖတ္ရ သူေတြ ၿငီးေငြ႕ရေလာက္ေအာင္သတိေပး ေနရတာပါ

ထပ္တလဲလဲ ေျပာရင္းနဲ႔ စိတၱေဗဒ သုေတသီအခ်ိဳ႕က၊ လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ထဲမွာ အခ်က္တစ္ခ်က္စြဲ သြားဖို႔ အႀကိမ္ (၂၀၀) ေလာက္ေျပာရတယ္လို႔ ေတြ႕ရွိထားေၾကာင္းကိုလည္း ကြၽန္မ ထည့္ေျပာေလ့ရွိပါတယ္။

ဒီေလာက္ေတာင္ပဲ ေျပာဖို႔လိုလား လို႔လဲ ေတြးမိပါတယ္။

ႏိုင္ငံေရးေလာကထဲ ေရာက္လာၿပီးလူေပါင္းစုံနဲ႔ ေပါင္းရေတာ့လူေတြကို ေတာ္တယ္ ညံ့တယ္၊ ေကာင္းတယ္ ဆိုးတယ္လို႔ ခြဲျမင္တာထက္ သင္လို႔ လြယ္တယ္၊ သင္လို႔ ခက္တယ္ လို႔ ခြဲျမင္လာ ပါတယ္။

သင္လို႔ လြယ္သူ ေတြကိုေတာ့အႀကိမ္(၂၀၀) ေျပာဖို႔ လိုမယ္ မထင္ပါဘူး။ Covid ကို ထိမ္းခ်ဳပ္ေရးမွာ ေလာေလာဆယ္ အထူး အေလးထား ရမဲ့ ကိစၥႀကီး(၂)ရပ္ရွိပါတယ္။

က်န္းမာေရးအရ စစ္ေဆးၿပီး ျပန္ဖြင့္ခြင့္ ေပးလိုက္တဲ့ စက္႐ုံ၊ အလုပ္႐ုံေတြက အလုပ္သမားေတြၾကား ေရာဂါ မျပန္႔ပြါးေရးနဲ႔ နယ္စပ္မွျပန္လာမဲ့ အလုပ္သမားေတြ အၾကား ေရာဂါ မျပန္႔ပြါးေရးတို႔ျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန က စက္႐ုံ၊ အလုပ္႐ုံ ေတြမွာလိုက္နာ ရမဲ့ စည္းကမ္း၊ စည္းမ်ဥ္းေတြ၊ျပည္ေတာ္ျပန္မ်ားနဲ႔ သက္ဆိုင္တဲ့အစီအစဥ္၊ စည္းကမ္းေတြ ေသေသခ်ာခ်ာ ထုတ္ျပန္ထားပါတယ္။ အားလုံးက တိတိက်က် လိုက္နာမယ္ဆိုရင္ကြၽန္မတို႔ covid ကို ေအာင္ႏိုင္မွာပါ။

အေပၚက အပိုဒ္ကိုအႀကိမ္(၂၀၀) မေရးေတာ့ပါဘူးေနာ္။

ကြၽန္မတို႔ ျပည္သူေတြ သင္ရလြယ္တယ္လို႔ ယုံ ၾကည္လိုက္ပါမယ္။

Add a Comment

Your email address will not be published. Required fields are marked *