ပိုက်ဆံ ငါးသောင်းကို မမက်ပါဘူး ရင်နာလို့ ရေးတာပါဆိုတဲ့ ဆရာဝန်တစ်ဦးရဲ့ ရင်ဖွင့်စာ

Sharing is caring!

ကိုဗစ်ကုသပေးတဲ့ ဆရာဝန်တွေ အတွက် အတိုင်ပင် ခံ ဂုဏ်ပြု တဲ့ချီးမြှင့်ငွေ နဲ့ အ လွန် ကို အံ့သြစရာကောင်း ပီး ရွံရှာစ ရာဖြစ်ရပ်ထိုက်သော သူတို့ ရကြ ပါစေ …..နိုင်ငံတော် အတိုင်ပင်ခံ ကနေပီး COVID-19 ရောဂါကို ပြုစု
ကုသပေးနေ တဲ့ ဆရာဝန်တွေ ကို ကျေးဇူးတင်ရှိပီး ဂုဏ်ပြုလိုသောကြောင့်Special Allowance အဖြစ် ကျပ်ငွေ ၅၀၀၀၀ ကို ချီးမြှင့်ဖို့ စီစဉ်ပေးခဲ့ ပါတယ်။ နိုင်ငံတော်အနေ နဲ့ တတ်နိုင်သလောက် ဂုဏ်ပြုတဲ့ သဘောပါ ။

အဲဒီနောက်တော့ ထုံးစံအတိုင်း သတင်းစုံကြား ရတော့တာ ပါပဲ။ အဆိုးရွားဆုံးက တကယ်ပြုစုကုသနေရ တဲ့ ဆရာဝန်တွေ ပိုက်ဆံ မရတာပါ။ကျနော် နဲ့တော့ တိုက်ရိုက်မဆိုင်ပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေအတွက်၊ မတရားတာဆို ကြည့်မနေတတ်တဲ့အတွက် ဒီစာကို ရေးပါ တယ်။တချို့နယ် ဆေးရုံလေးတွေ မှာပါ အကုန်နီးပါးရကြပေမယ့် တကယ့်ရှေ့တန်း က ကုနေရ တဲ့ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ရှေ့တန်းက တချို့ဆရာဝန်တွေ၊မြောက်ဥက္ကလာ

ဆေးရုံအပါအဝင် ဆေး ၂ ဘက်က တချို့ဆရာဝန်တွေ၊ မန္တလေးဆေးရုံကြီး ကတချို့ ဆရာဝန်တွေ ပိုက်ဆံမရဘူးဆိုပီး ပြောကြတာတွေ ကြားနေရပါတယ်။ဒါဟာ ပိုက်ဆံ ၅၀၀၀၀ ကို မက်လို့ ပြောနေကြတာမဟုတ်ပါဘူး။နိုင်ငံတော်ရဲ့ ဂုဏ်ပြုမှုကို ငါတို့ရရှိပါလား ဆိုတဲ့ခံစားချက်ကို လိုချင်လို့ သူတို့ တောင်းဆိုကြတာပါ။ ဒီအချိန်မှာ စာထုတ်တာ နောက်ကျလို့၊အမိန့်ထွက်တာက နောက်ကျလို့ မပေးဘူး ဆိုတာတွေက မဖြစ်သင့် ပါဘူး။ဒီဆရာဝန်တွေက ရာထူး

အမိန့်က မထွက်သေးလို့ ငါတို့ COVID လူနာတွေကို မကုဘူးဆိုပီး ရှောင်နေကြတာမဟုတ်ကြ ပါဘူး။ မတ်လ၊ ဧပြီလ တလလုံး ပြည်သူတွေ Stay Home နေနေတုန်း အသက်ကိုစွန့်ပီးဒီရောဂါဆိုးကြီးကို ရှေ့တန်းက ကုသပေးနေကြတဲ့သူတွေပါ။ဒီလူတွေက မရဘူး ဆိုတာက အလွန်ကို အံ့သြစရာကောင်းပီး ရွံရှာစရာဖြစ်နေပါတယ်။ တချို့ဆေးရုံတွေမှာကအသနားခံစာရေးတင်ရင် ပေးတယ်လို့ သိရ ပါတယ်။ ပိုတောင် အံ့သြစရာပါပဲ။လက်ထဲမှာ ပိုက်ဆံရှိနေ

ရဲ့သားနဲ့ ဆေးရုံအုပ်ချုပ်ရေးပိုင်းက တမင်မပေးသလို ဖြစ်နေပါတယ်။ ကိုယ့်ဆေးရုံမှာဆရာဝန်ဘယ်နှယောက်ရှိတယ်။ ဘယ်သူတွေက ဒီရောဂါကို ရှေ့တန်းက ပြုစုကုသပေးနေ ရတယ်။ ဒါကို သူတို့သိထားရပါမယ်။ အခုထိလဲ ကုနေရတုန်းပါ။နောက်ပီး ဒီဆရာဝန်တွေကပဲ ဝေဘာဂီတို့ တောင်ဥက္ကလာတို့ကိုပါ အလှည့်ကျ သွားကုပေးနေရ ပါသေး တယ်။ဒီလောက် COVID ပိုးတွေ့လူနာတွေကြား PPE တွေနဲ့ သက်စွန့်ဆံဖျားကုသပေးနေသူတွေကို မပေးဘူးဆိုရင်တော့ အတော်လွဲမှားနေပါပီ။

သူတို့ထက် ပိုရသင့်တာ ဘယ်သူတွေရှိသေးလို့လဲ။ နေပြည်တော်က ချပေးလိုက်တဲ့ ပိုက်ဆံတွေက ဘယ်လောက်လဲ။ဘယ်သူတွေကို ဘယ်လို Procedure နဲ့ ပေးလဲဆိုတာ မေးခွန်းထုတ်စရာပါ။ဒီပိုက်ဆံတွေက နိုင်ငံတော်အစိုးရ နဲ့ ဝန်ကြီးဌာနကနေ ပြည်သူ့ပိုက်ဆံနဲ့ ချပေးလိုက်တာပါ။ပြည်သူတွေရဲ့ အခွန်အခနဲ့ ရတဲ့ ငွေတွေဖြစ်ပါတယ်။ ပြည်သူတွေကလဲသူတို့အတွက် ပေးဆပ်နေသူတွေ ကို ကျေးဇူးဆပ်ကြတဲ့ သဘောပါပဲ။ဒါပေမယ့် တကယ်ကု

သနေရ တဲ့ ရှေ့ဆုံးက လူတွေ မရဘူးဆို တာကတော့ လက်ခံနိုင်စရာကို လုံး၀ မရှိပါဘူး။သေချာ စာရင်းလုပ်ပီး ကုသနေသူတွေ ကို ဘာအသနားခံစာ မှ တင်စရာမလိုပဲ ပေးကို ပေးရမယ့် ကိစ္စဖြစ် ပါတယ် ။ဒီပြသနာဟာ နေပြည်တော်က ပြသနာ မဟုတ်ပါဘူး ။ သက်ဆိုင်ရာ ဆေးရုံတွေ ရဲ့ အားနည်းချက်တွေပါ ။ဒီလို မပေးလို့လဲ သူတို့က မလုပ်တော့ဘူး ဆိုပီး လူနာတွေကို ပစ်ထားကြမှာ မဟုတ် ပါဘူး။ သူတို့အလုပ် သူတို့ ဆက်လုပ်နေမှာ ပါပဲ ။ဒါပေမယ့် နာကျင်ခံစားရမှုက အတိုင်းအဆ မရှိပါဘူး။ သက်ဆိုင်ရာ ဆေးရုံတွေက အုပ်ချုပ်သူတွေကို ပြောချင်တာက မကုသရတဲ့ သူတွေကို မပေးတာ ကိစ္စမရှိပေမယ့် တကယ် ရှေ့တန်းကနေ လနဲ့ ချီပီး ကုသပေးခဲ့ရ ၊ကုသ

ပေးနေဆဲ လူတွေကို ဒီလိုအချိုးမျိုးလုပ်တာကတော့ လက်ခံနိုင်စရာ မရှိဘူးလို့ ပြတ်ပြတ် သားသားပြောလိုက်ပါရစေ။ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စကားအတိုင်းပြောရရင် ခင်ဗျား တို့ ေ-ာက်ကျင့်တွေ ကို ပြင်ဖို့လိုနေပီ လို့ တခွန်းထဲပြော လိုက် ပါမယ် ။

Nay Thway

Zawgyi Version

ကိုဗစ္ကုသေပးတဲ့ ဆရာဝန္ေတြ အတြက္ အတိုင္ပင္ ခံ ဂုဏ္ျပဳ တဲ့ခ်ီးျမႇင့္ေငြ နဲ႔ အ လြန္ ကို အံ့ၾသစရာေကာင္း ပီး ႐ြံရွာစ ရာျဖစ္ရပ္ထိုက္ေသာ သူတို႔ ရၾက ပါေစ …..ႏိုင္ငံေတာ္ အတိုင္ပင္ခံ ကေနပီး COVID-19 ေရာဂါကို ျပဳစု
ကုသေပးေန တဲ့ ဆရာဝန္ေတြ ကို ေက်းဇူးတင္ရွိပီး ဂုဏ္ျပဳလိုေသာေၾကာင့္Special Allowance အျဖစ္ က်ပ္ေငြ ၅၀၀၀၀ ကို ခ်ီးျမႇင့္ဖို႔ စီစဥ္ေပးခဲ့ ပါတယ္။ ႏိုင္ငံေတာ္အေန နဲ႔ တတ္ႏိုင္သေလာက္ ဂုဏ္ျပဳတဲ့ သေဘာပါ ။

အဲဒီေနာက္ေတာ့ ထုံးစံအတိုင္း သတင္းစုံၾကား ရေတာ့တာ ပါပဲ။ အဆိုး႐ြားဆုံးက တကယ္ျပဳစုကုသေနရ တဲ့ ဆရာဝန္ေတြ ပိုက္ဆံ မရတာပါ။က်ေနာ္ နဲ႔ေတာ့ တိုက္႐ိုက္မဆိုင္ေပမယ့္ မိတ္ေဆြ သူငယ္ခ်င္းေတြအတြက္၊ မတရားတာဆို ၾကည့္မေနတတ္တဲ့အတြက္ ဒီစာကို ေရးပါ တယ္။တခ်ိဳ႕နယ္ ေဆး႐ုံေလးေတြ မွာပါ အကုန္နီးပါးရၾကေပမယ့္ တကယ့္ေရွ႕တန္း က ကုေနရ တဲ့ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ေရွ႕တန္းက တခ်ိဳ႕ဆရာဝန္ေတြ၊ေျမာက္ဥကၠလာ

ေဆး႐ုံအပါအဝင္ ေဆး ၂ ဘက္က တခ်ိဳ႕ဆရာဝန္ေတြ၊ မႏၲေလးေဆး႐ုံႀကီး ကတခ်ိဳ႕ ဆရာဝန္ေတြ ပိုက္ဆံမရဘူးဆိုပီး ေျပာၾကတာေတြ ၾကားေနရပါတယ္။ဒါဟာ ပိုက္ဆံ ၅၀၀၀၀ ကို မက္လို႔ ေျပာေနၾကတာမဟုတ္ပါဘူး။ႏိုင္ငံေတာ္ရဲ႕ ဂုဏ္ျပဳမႈကို ငါတို႔ရရွိပါလား ဆိုတဲ့ခံစားခ်က္ကို လိုခ်င္လို႔ သူတို႔ ေတာင္းဆိုၾကတာပါ။ ဒီအခ်ိန္မွာ စာထုတ္တာ ေနာက္က်လို႔၊အမိန႔္ထြက္တာက ေနာက္က်လို႔ မေပးဘူး ဆိုတာေတြက မျဖစ္သင့္ ပါဘူး။ဒီဆရာဝန္ေတြက ရာထူး

အမိန႔္က မထြက္ေသးလို႔ ငါတို႔ COVID လူနာေတြကို မကုဘူးဆိုပီး ေရွာင္ေနၾကတာမဟုတ္ၾက ပါဘူး။ မတ္လ၊ ဧၿပီလ တလလုံး ျပည္သူေတြ Stay Home ေနေနတုန္း အသက္ကိုစြန႔္ပီးဒီေရာဂါဆိုးႀကီးကို ေရွ႕တန္းက ကုသေပးေနၾကတဲ့သူေတြပါ။ဒီလူေတြက မရဘူး ဆိုတာက အလြန္ကို အံ့ၾသစရာေကာင္းပီး ႐ြံရွာစရာျဖစ္ေနပါတယ္။ တခ်ိဳ႕ေဆး႐ုံေတြမွာကအသနားခံစာေရးတင္ရင္ ေပးတယ္လို႔ သိရ ပါတယ္။ ပိုေတာင္ အံ့ၾသစရာပါပဲ။လက္ထဲမွာ ပိုက္ဆံရွိေန

ရဲ႕သားနဲ႔ ေဆး႐ုံအုပ္ခ်ဳပ္ေရးပိုင္းက တမင္မေပးသလို ျဖစ္ေနပါတယ္။ ကိုယ့္ေဆး႐ုံမွာဆရာဝန္ဘယ္ႏွေယာက္ရွိတယ္။ ဘယ္သူေတြက ဒီေရာဂါကို ေရွ႕တန္းက ျပဳစုကုသေပးေန ရတယ္။ ဒါကို သူတို႔သိထားရပါမယ္။ အခုထိလဲ ကုေနရတုန္းပါ။ေနာက္ပီး ဒီဆရာဝန္ေတြကပဲ ေဝဘာဂီတို႔ ေတာင္ဥကၠလာတို႔ကိုပါ အလွည့္က် သြားကုေပးေနရ ပါေသး တယ္။ဒီေလာက္ COVID ပိုးေတြ႕လူနာေတြၾကား PPE ေတြနဲ႔ သက္စြန႔္ဆံဖ်ားကုသေပးေနသူေတြကို မေပးဘူးဆိုရင္ေတာ့ အေတာ္လြဲမွားေနပါပီ။

သူတို႔ထက္ ပိုရသင့္တာ ဘယ္သူေတြရွိေသးလို႔လဲ။ ေနျပည္ေတာ္က ခ်ေပးလိုက္တဲ့ ပိုက္ဆံေတြက ဘယ္ေလာက္လဲ။ဘယ္သူေတြကို ဘယ္လို Procedure နဲ႔ ေပးလဲဆိုတာ ေမးခြန္းထုတ္စရာပါ။ဒီပိုက္ဆံေတြက ႏိုင္ငံေတာ္အစိုးရ နဲ႔ ဝန္ႀကီးဌာနကေန ျပည္သူ႔ပိုက္ဆံနဲ႔ ခ်ေပးလိုက္တာပါ။ျပည္သူေတြရဲ႕ အခြန္အခနဲ႔ ရတဲ့ ေငြေတြျဖစ္ပါတယ္။ ျပည္သူေတြကလဲသူတို႔အတြက္ ေပးဆပ္ေနသူေတြ ကို ေက်းဇူးဆပ္ၾကတဲ့ သေဘာပါပဲ။ဒါေပမယ့္ တကယ္ကု

သေနရ တဲ့ ေရွ႕ဆုံးက လူေတြ မရဘူးဆို တာကေတာ့ လက္ခံႏိုင္စရာကို လုံး၀ မရွိပါဘူး။ေသခ်ာ စာရင္းလုပ္ပီး ကုသေနသူေတြ ကို ဘာအသနားခံစာ မွ တင္စရာမလိုပဲ ေပးကို ေပးရမယ့္ ကိစၥျဖစ္ ပါတယ္ ။ဒီျပသနာဟာ ေနျပည္ေတာ္က ျပသနာ မဟုတ္ပါဘူး ။ သက္ဆိုင္ရာ ေဆး႐ုံေတြ ရဲ႕ အားနည္းခ်က္ေတြပါ ။ဒီလို မေပးလို႔လဲ သူတို႔က မလုပ္ေတာ့ဘူး ဆိုပီး လူနာေတြကို ပစ္ထားၾကမွာ မဟုတ္ ပါဘူး။ သူတို႔အလုပ္ သူတို႔ ဆက္လုပ္ေနမွာ ပါပဲ ။ဒါေပမယ့္ နာက်င္ခံစားရမႈက အတိုင္းအဆ မရွိပါဘူး။ သက္ဆိုင္ရာ ေဆး႐ုံေတြက အုပ္ခ်ဳပ္သူေတြကို ေျပာခ်င္တာက မကုသရတဲ့ သူေတြကို မေပးတာ ကိစၥမရွိေပမယ့္ တကယ္ ေရွ႕တန္းကေန လနဲ႔ ခ်ီပီး ကုသေပးခဲ့ရ ၊ကုသ

ေပးေနဆဲ လူေတြကို ဒီလိုအခ်ိဳးမ်ိဳးလုပ္တာကေတာ့ လက္ခံႏိုင္စရာ မရွိဘူးလို႔ ျပတ္ျပတ္ သားသားေျပာလိုက္ပါရေစ။ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရဲ႕ စကားအတိုင္းေျပာရရင္ ခင္ဗ်ား တို႔ ေ-ာက္က်င့္ေတြ ကို ျပင္ဖို႔လိုေနပီ လို႔ တခြန္းထဲေျပာ လိုက္ ပါမယ္ ။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *