ပိုက်ဆံမကုန်ပဲ ကိုယ်တိုင်လုပ်နိုင်တဲ့ ပေါင်းသတ်ဆေးလုပ်နည်း

Sharing is caring!

ပေါင်းတွေက တော်တော်ဒုက္ခပေးတာ။ မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာလိုက်တာနဲ့ နှုတ်ထားတာကနေ ပိုပွားနေသလိုပဲ။ တကတည်း…မစားရတဲ့ အပင်က တော်တော်လည်း သန်ပေတာကိုး။ပေါင်းသတ်ဆေးဝယ်သုံးရင်လည်း အနံ့

က မသက်သာဘူး။ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှာစိုးရတယ်။ အိမ်က အဘွားကြီးက ကြပ်တတ်တာနဲ့ အင်း……မဖြစ်ချေဘူး။ပြဿနာကတော့ တက်နေပြီဆိုတဲ့ လူတွေအတွက်ပဲဖြစ်ဖြစ်။ တစ်နိုင်တစ်ပိုင်လေး စိုက်နေ

ပျိုးနေကြတဲ့ သူတွေအတွက် ကိုယ့်ခြံလေး ပေါင်းလေးတွေ သက်သာပါစေရဲ့လို့ ဆိုရင်တော့ လိုက်ပြီးသုံးနိုင်ဖို့ နည်းလမ်း (၂) ခုကို ပြောပြပေးလိုက်ပါတယ်နော်။ပထမတစ်ခုကတော့ ရှာလကာရည်နဲ့ ဆားပါ။အိမ်မှာသုံးနေတဲ့ ရှာလ

ကာရည်က ရေသန့်ဘူး တစ်ဘူးဆို ၂၀၀ ပဲရှိပါတယ်။ နောက် ဆားတစ်ထုပ် ကို (၂၀၀) ပဲထား၊ နောက်တော့ ပန်းကန်ဆေးတဲ့ဆပ်ပြာအဆီ နည်းနည်းလောက် ညှစ်ချဖို့ပဲလိုတော့တာ။ ကုန်ကျစရိတ်ကလည်း သိပ်မများပါဘူး။

ရောပုံလေးကို ပြောမယ်။

ရှာလကာရည်နဲ့ ဆားကို ဆတူ၊ ရှာလကာရည် တစ်ခွက်ဆို ဆားလည်းတစ်ခွက်ဆိုပြီး ရောတဲ့ အချိုးအဆလည်း ရှိသလို၊ ရှာလကာရည်တစ်ပုလင်းမှ ဆား (၅) ဇွန်းလောက်ထည့်တဲ့ ရောစပ်နည်းလည်း အလုပ်ဖြစ်ပါတယ်။

ရောစပ်ပြီးရင်တော့ အပင်မှာ ဆေးကုပ်တွယ်တာမြဲအောင် ပန်းကန်ဆေးဆပ်ပြာဆီလေး နည်းနည်းညှစ်ထည့်လိုက်ပြီး ပေါင်းမြက်တွေကို လိုက်ဖြန်းပေး လိုက်ရင် ရက်တော့ နည်းနည်းစောင့်ရမယ်။ တစ်ဖြည်းဖြည်းချင်း သေသွားမှာ

ပါ။ သတိထားရမှာတစ်ခုကတော့ ရှာလကာရည်ကြောင့် အသားကို နည်းနည်းနီစေ ရဲစေတတ်တာပါ။ ပြီးတော့ ဆားများများသုံးတယ်ဆိုရင် အပင်ပေါက်ဖို့ သိပ်မလွယ်ပါဘူး။ ကိုယ်က ပေါင်းတွေကိုသတ်ပြီး အပင်စိုက်ဖို့ သုံးတယ်

ဆိုရင်တော့ ဆားကို လျော့ထည့်သင့်ပါတယ်။ တိယနည်းကတော့ ဂျင်းနဲ့ လုပ်တဲ့နည်းပါ။ ဂျင်းရယ်၊ ရှာလကာရည်ရယ်၊ နောက်တော့ ဆပ်ပြာဆီနည်းနည်းရယ်။ သူကျတော့ အချိုးက ဂျင်း (၁၀) သားဆို၊ ဆားလည်း (၁၀)

သားပဲ၊ ဆပ်ပြာထည့်ရတဲ့ အကြောင်းရင်းကတော့ ဆေးတွေကပ်တာမြဲအောင်လို့ ထည့်တာပဲ၊

ဆိုတော့ကာ များများထည့်ရင် များများပိုကပ်နိုင်မယ်ပေါ့။ သတိထားရမှာကတော့ ကိုယ်စိုက်ထားတဲ့အပင်တွေကို မထိမိစေဖို့ပါပဲ။ တတ်နိုင်သလောက် မြေကြီးကိုမထိစေပဲ အပင်တွေကိုပဲ ဖြန်းပေးပါ။ အိမ်သုံးအတွက် ရည်ရွယ်တာမို့

ဒီအချက်ကိုတော့ လိုက်နာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ အဲ့မြေကြီးမှာပါ ဘာအပင်မှ မပေါက်စေချင်တော့ဘူးလို့ ရည်ရွယ်ရင်တော့ ပုံးလိုက်လောင်းလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရတဲ့မြေလေးဖြစ်ဖို့ကတော့

တော်တော့်ကို ခက်ခဲတာပါ။ကဲနောက်နည်းလမ်းလေး သွားကြစို့ရဲ့ဆားချည်းပဲသုံးတာ။ ဆားကြမ်းပက်ထားပေးရင်လည်း အပင်တွေကို သေစေနိုင်ပါတယ်နော်။ ဒါပေမဲ့ အဲ့နည်းလမ်းအတိုင်းတော့ ဟုတ်ပါရဲ့။ ဆားတွေအများကြီး သုံး

ဖြစ်လိုက်တယ်ဆိုရင် ဆားပေါက်တဲ့မြေဖြစ်ပြီး စိုက်ပျိုးလို့ရတော့မှာ မဟုတ်ပါဘူး။ကဲဗျာ မြေကို မထိခိုက်စေတဲ့ အကောင်းဆုံးနည်းကတော့ ရေနွေးလောင်းတာပဲဖြစ်ပါတယ်။ ပြုတ်လိုက်တာပေါ့။ အိမ်သုံးမို့လို့လည်း ရေနွေးလောင်းနိုင်

တာပါ။ ဒါဆို စိုက်ခင်းတွေမှာ သုံးနေတဲ့ မိုးကာအုပ်ပစ်တာရောဆိုတော့??? ရတာပေါ့။ အဲ့လိုနည်းနဲ့လည်း ပေါင်းမြက်တွေကို သေစေနိုင်ပါတယ်နော်။အိမ်တိုင်း အိမ်တိုင်း ပန်းပင်လေးတွေစီစီရီရီ စိုက်ခင်းလေးတွေကိုယ်စီနဲ့ လှနိုင်

ကြပါစေ…………

ထွန်းဝင်းကျော်

Zawgyi Version

ေပါင္းေတြက ေတာ္ေတာ္ဒုကၡေပးတာ။ မိုးေလးတစ္ၿပိဳက္ႏွစ္ၿပိဳက္ ႐ြာလိုက္တာနဲ႔ ႏႈတ္ထားတာကေန ပိုပြားေနသလိုပဲ။ တကတည္း…မစားရတဲ့ အပင္က ေတာ္ေတာ္လည္း သန္ေပတာကိုး။ေပါင္းသတ္ေဆးဝယ္သုံးရင္လည္း အနံ႔က မသ

က္သာဘူး။ ပတ္ဝန္းက်င္ကိုလည္း ထိခိုက္မွာစိုးရတယ္။ အိမ္က အဘြားႀကီးက ၾကပ္တတ္တာနဲ႔ အင္း……မျဖစ္ေခ်ဘူး။ျပႆနာကေတာ့ တက္ေနၿပီဆိုတဲ့ လူေတြအတြက္ပဲျဖစ္ျဖစ္။ တစ္ႏိုင္တစ္ပိုင္ေလး စိုက္ေန

ပ်ိဳးေနၾကတဲ့ သူေတြအတြက္ ကိုယ့္ၿခံေလး ေပါင္းေလးေတြ သက္သာပါေစရဲ႕လို႔ ဆိုရင္ေတာ့ လိုက္ၿပီးသုံးႏိုင္ဖို႔ နည္းလမ္း (၂) ခုကို ေျပာျပေပးလိုက္ပါတယ္ေနာ္။ပထမတစ္ခုကေတာ့ ရွာလကာရည္နဲ႔ ဆားပါ။အိမ္မွာသုံးေနတဲ့ ရွာလကာ

ရည္က ေရသန႔္ဘူး တစ္ဘူးဆို ၂၀၀ ပဲရွိပါတယ္။ ေနာက္ ဆားတစ္ထုပ္ ကို (၂၀၀) ပဲထား၊ ေနာက္ေတာ့ ပန္းကန္ေဆးတဲ့ဆပ္ျပာအဆီ နည္းနည္းေလာက္ ညႇစ္ခ်ဖို႔ပဲလိုေတာ့တာ။ ကုန္က်စရိတ္ကလည္း သိပ္မမ်ားပါဘူး။

ေရာပုံေလးကို ေျပာမယ္။

ရွာလကာရည္နဲ႔ ဆားကို ဆတူ၊ ရွာလကာရည္ တစ္ခြက္ဆို ဆားလည္းတစ္ခြက္ဆိုၿပီး ေရာတဲ့ အခ်ိဳးအဆလည္း ရွိသလို၊ ရွာလကာရည္တစ္ပုလင္းမွ ဆား (၅) ဇြန္းေလာက္ထည့္တဲ့ ေရာစပ္နည္းလည္း အလုပ္ျဖစ္ပါတယ္။ ေရာစပ္ၿပီးရ

င္ေတာ့ အပင္မွာ ေဆးကုပ္တြယ္တာၿမဲေအာင္ ပန္းကန္ေဆးဆပ္ျပာဆီေလး နည္းနည္းညႇစ္ထည့္လိုက္ၿပီး ေပါင္းျမက္ေတြကို လိုက္ျဖန္းေပး လိုက္ရင္ ရက္ေတာ့ နည္းနည္းေစာင့္ရမယ္။ တစ္ျဖည္းျဖည္းခ်င္း ေသသြားမွာ

ပါ။ သတိထားရမွာတစ္ခုကေတာ့ ရွာလကာရည္ေၾကာင့္ အသားကို နည္းနည္းနီေစ ရဲေစတတ္တာပါ။ ၿပီးေတာ့ ဆားမ်ားမ်ားသုံးတယ္ဆိုရင္ အပင္ေပါက္ဖို႔ သိပ္မလြယ္ပါဘူး။ ကိုယ္က ေပါင္းေတြကိုသတ္ၿပီး အပင္စိုက္ဖို႔ သုံးတယ္ဆိုရင္ေ

တာ့ ဆားကို ေလ်ာ့ထည့္သင့္ပါတယ္။ တိယနည္းကေတာ့ ဂ်င္းနဲ႔ လုပ္တဲ့နည္းပါ။ ဂ်င္းရယ္၊ ရွာလကာရည္ရယ္၊ ေနာက္ေတာ့ ဆပ္ျပာဆီနည္းနည္းရယ္။ သူက်ေတာ့ အခ်ိဳးက ဂ်င္း (၁၀) သားဆို၊ ဆားလည္း (၁၀) သားပဲ၊ ဆပ္ျပာ

ထည့္ရတဲ့ အေၾကာင္းရင္းကေတာ့ ေဆးေတြကပ္တာၿမဲေအာင္လို႔ ထည့္တာပဲ၊

ဆိုေတာ့ကာ မ်ားမ်ားထည့္ရင္ မ်ားမ်ားပိုကပ္ႏိုင္မယ္ေပါ့။ သတိထားရမွာကေတာ့ ကိုယ္စိုက္ထားတဲ့အပင္ေတြကို မထိမိေစဖို႔ပါပဲ။ တတ္ႏိုင္သေလာက္ ေျမႀကီးကိုမထိေစပဲ အပင္ေတြကိုပဲ ျဖန္းေပးပါ။ အိမ္သုံးအတြက္ ရည္႐ြယ္တာမို႔ ဒီအ

ခ်က္ကိုေတာ့ လိုက္နာႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။ တကယ္လို႔ အဲ့ေျမႀကီးမွာပါ ဘာအပင္မွ မေပါက္ေစခ်င္ေတာ့ဘူးလို႔ ရည္႐ြယ္ရင္ေတာ့ ပုံးလိုက္ေလာင္းလည္း အဆင္ေျပပါတယ္။ ဒါေပမဲ့ စိုက္ပ်ိဳးရတဲ့ေျမေလးျဖစ္ဖို႔ကေတာ့

ေတာ္ေတာ့္ကို ခက္ခဲတာပါ။ကဲေနာက္နည္းလမ္းေလး သြားၾကစို႔ရဲ႕ဆားခ်ည္းပဲသုံးတာ။ ဆားၾကမ္းပက္ထားေပးရင္လည္း အပင္ေတြကို ေသေစႏိုင္ပါတယ္ေနာ္။ ဒါေပမဲ့ အဲ့နည္းလမ္းအတိုင္းေတာ့ ဟုတ္ပါရဲ႕။ ဆားေတြအမ်ားႀကီး သုံးျဖစ္လို

က္တယ္ဆိုရင္ ဆားေပါက္တဲ့ေျမျဖစ္ၿပီး စိုက္ပ်ိဳးလို႔ရေတာ့မွာ မဟုတ္ပါဘူး။ကဲဗ်ာ ေျမကို မထိခိုက္ေစတဲ့ အေကာင္းဆုံးနည္းကေတာ့ ေရေႏြးေလာင္းတာပဲျဖစ္ပါတယ္။ ျပဳတ္လိုက္တာေပါ့။ အိမ္သုံးမို႔လို႔လည္း ေရေႏြးေလာင္းႏိုင္

တာပါ။ ဒါဆို စိုက္ခင္းေတြမွာ သုံးေနတဲ့ မိုးကာအုပ္ပစ္တာေရာဆိုေတာ့??? ရတာေပါ့။ အဲ့လိုနည္းနဲ႔လည္း ေပါင္းျမက္ေတြကို ေသေစႏိုင္ပါတယ္ေနာ္။အိမ္တိုင္း အိမ္တိုင္း ပန္းပင္ေလးေတြစီစီရီရီ စိုက္ခင္းေလးေတြကိုယ္စီနဲ႔ လွႏိုင္ၾကပါေစ…………

ထြန္းဝင္းေက်ာ္

Add a Comment

Your email address will not be published. Required fields are marked *