COVID ကာလမှာ မြင်သူတိုင်းကို တုန်လှုပ်စေတဲ့ ရန်ကုန်က မြင်ကွင်းများ

Sharing is caring!

ကိုဗစ်ဖြစ်ပွားနေတဲ့ ကာလမှာ Social Distance ဆိုပြီး တစ်ဦးနဲ့ တစ်ဦးအကြား ၆ ပေ ခန့်အထိ နေရမယ်လို့ သက်ဆိုင်ရာ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာနက အမိန့်ထုတ်ထားတာ အားလုံး အသိပဲ ဖြစ်ပါတယ်။

ပြီးတော့ ရုံးတွေပြန်ဖွင့်ချိန်မှာ အလုပ်ဆင်းရမှာ လား မဆင်းရဘူးလားဆိုတဲ့ တိကျပြတ်သားတဲ့ အမိန့်တွေ ရှိမနေခဲ့တာကြောင့်ကြေငြာချက်တွေ အမိန့်တွေကို ဘေးဖယ်ပြီး အလုပ်မပြုတ်ရေးသာ ရုန်းကန်နေကြရသူတွေရဲ့ ရန်ကုန်လူမှု ပုံရိပ်တွေဟာ
မြင်ရသူဖို့တော့ အတော်လေးကို တုန်လှုပ်စရာကောင်းပါတယ်။

ကားတွေ ပိတ်ညပ်နေတာတွေ ၊ YBS ပေါ်မှာ တစ်ဦးနဲ့တစ်ဦး ထိကပ်ပြီး တွယ်စီးနေတာတွေဟာ အသံတိတ်ပိုးသယ်ဆောင်လာသူ တစ်ဦးပါဝင်လာရင် မတွေးဝံ့စရာပါပဲ..။

အရင်ဆုံး ယာဉ်ပေါ်ပါလူများကို ကူးမယ် ၊ နောက်ပြီးတော့ သူတို့ အလုပ်ခွင် ၊ သူတို့ မိသားစု .။ ဘယ်လိုမှကို ကွင်းဆက် နဲ့မထိန်းနိုင်အောင်ဖြစ်သွားမယ့် အရာကြီးဖြစ်ပါတယ်။

သူတို့က COVID ပြီးနေသူတွေ မဟုတ်ပါဘူး။ တချို့က ဒီလူတွေကို အပြစ်တင်နေကြတယ် ။ တကယ်ကတော့ သူတို့မှာ အပြစ်မရှိပါဘူး။ အလုပ်ရှင်က အလုပ်ဆင်းရမယ်ဆိုရင် သူတို့ဟာ ဝမ်းရေးအတွက် အလုပ်ဆင်းရမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူကို အပြစ်တင်ရမလဲ ဆိုတာ မပြောတတ်တော့ပါဘူးဗျာ။ မြန်မာပြည်ကြီး ကံကောင်းပါစေ။

Min Tay Za







Min Tay Za

Add a Comment

Your email address will not be published. Required fields are marked *