မကြာခင် ချက်စားခံရတော့မယ့် လှောင်အိမ်ထဲက ကြောင်အကောင်(၇၀၀)
|ကြောင်ပေါင်း ၇၀၀ ဝန်းကျင်လောက်ဟာ လူတွေစားသုံးရန် ကြောင်သား ဟင်းတစ်ခွက်ပြုလုပ်ဖို့ သတ်ဖြတ်ခြင်းခံရခါနီးမှာပဲ ကံကောင်းစွာနဲ့ပဲ ကယ်တင်ခြင်းခံခဲ့ရပါတယ်..တရုတ်ပြည်မြောက်ပိုင်း ဟိုတယ် စားသောက်ဆိုင် တစ်ခု
ရဲ့ ညစ်ညမ်းနေတဲ့ နောက်ဖေးမှာ ထိုကြောင်လေးတွေ ပိတ်လှောင်ခြင်းခံ နေ ရတာကို ရှာတွေခဲ့တာဖြစ်ပါတယ်…တိရိစ္ဆာန်ချစ်သူတွေအတွက်တော့ အင်မတန်မှ ရင်နင့်စရာကောင်းတဲ့ ပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။
လှောင်အိမ်ကျဉ်းကျဉ်းလေးထဲမှာ ကြောင်လေးတွေများစွာဟာ သွတ်ထည့် ပိတ်လှောင်ခံခဲ့ရတာကြောင့် နာကျင်စွာနဲ့လည်း အော်နေကြပါတယ်။ဒီကြောင်လေးတွေ အများစုဟာ ခိုးယူခံခဲ့ရပုံပေါ်ပါတယ် တိရိစ္ဆာန်ကုန်ကူးတဲ့သူတွေက
လည်း ကြောင်တွေကို ဖမ်းပြီး စားသောက်ဆိုင်တွေမှာ ရောင်းစားကြပါတယ်.. MailOnline သတင်း အရင်းအမြစ် တွေအရ ကြောင်တွေဟာ အသားအဖြစ် ချက်ပြုတ်ဖို့အတွက် ခုတ်သတ်ခံရတော့မှာ ဖြစ်ပါတယ်ဒီလိုကြောက်မက်
ဖွယ်ကောင်းတဲ့ မြင်ကွင်းကို တိရိစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ Li အမည်ရ အမျိုးသမီးက မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ်ကို မျှဝေခဲ့တာဖြစ်ပါတယ်။
Ms.Li ဟာ ကြောင်လေးတွေကို ထို ဟိုတယ် စားသောက်ဆိုင်တစ်ခုရဲ့ နောက်ဖေးမှာ အဲ့မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား တစ်ချို့ရဲ့ ပြောသံတွေကြောင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ထိုအမျိုးသမီးရဲ့ ပြောကြားချက်အရ တိရိစ္ဆာန်
လေးတွေဟာ နေရာအစုံမှ ဖမ်းယူခြင်းခံခဲ့ရတာ ဖြစ်ပါတယ်တိရိစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့တစ်ခုဟာ Ms.Li တင်ထားတဲ့ ပုံကို မြင်မြင်ပြီး ချင်ချင်းပဲ ကြောင်လေးတွေကို အချိန်မှီကယ်တင်ဖို့ ထိုဟိုတယ်ကို ချက်ချင်းဆိုသလို
ရောက်ရှိခဲ့ပါတယ်။
ထိုသို့ ကံကောင်းစွာနဲ့ပဲ သနားဖွယ် ကြောင်လေးတွကို ကယ်တင်ရရှိခဲ့ပြီး… မကြာခင်မှာပဲ သူတို့ရဲ့ သက်ဆိုင်ရာ ပိုင်ရှင်တွေဆီကို ပြန်ပို့ဖို့ စီစဉ်နေကြောင်းသိရပါတယ်‘ကြောင် ၇၀၀ ကျော် အကုန်လုံးကို ကြောင်အိမ်တစ်ခုချင်းစီ
အတွင်းသို့ ရွေ့ပြောင်းခဲ့ပြီးပါပြီ..အစာနဲ့ ရေတွေလည်း ကျွေးထားပါတယ်…တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေကလည်း ဒဏ်ရာရာ နေမကောင်းဖြစ်နေတဲ့ ကြောင်လေးတွေ ရှိမရှိ စစ်ဆေးနေပါတယ်’ လို့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်
တစ်ဦးက ပြောကြားခဲ့ပါတယ်။
ထိုဟိုတယ် စားသောက်ဆိုင်ကို ရဲတွေလည်း ရောက်ရှိခဲ့ပြီး ဒီဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေပါတယ်။အခုစာဖတ်နေတဲ့သူတွေထဲမှာလည်း တိရိစ္ဆာန် ချစ်တဲ့သူပဲ ဖြစ်ဖြစ် မချစ်တဲ့သူတွေလည်း အခုလို ရက်စက်တဲ့အပြုအမှု
တွေ မပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်..တိရိစ္ဆာန်တွေကလည်း လူတွေနည်းတူ အသက်တစ်ချောင်းနဲ့ပဲမို့ ကိုယ်ချင်းစာတရားထားပြီး သူတို့ကို နာကျင်အောင် နှိပ်စက်သတ်ဖြတ်တာတွေ မလုပ်တာဟာ အကောင်းဆုံးဖြစ်ပါ
တယ်။
SYL Video ( Writer – MOE )
Zawgyi Version
ေၾကာင္ေပါင္း ၇၀၀ ဝန္းက်င္ေလာက္ဟာ လူေတြစားသုံးရန္ ေၾကာင္သား ဟင္းတစ္ခြက္ျပဳလုပ္ဖို႔ သတ္ျဖတ္ျခင္းခံရခါနီးမွာပဲ ကံေကာင္းစြာနဲ႔ပဲ ကယ္တင္ျခင္းခံခဲ့ရပါတယ္..တ႐ုတ္ျပည္ေျမာက္ပိုင္း ဟိုတယ္ စားေသာက္ဆိုင္ တစ္ခု
ရဲ႕ ညစ္ညမ္းေနတဲ့ ေနာက္ေဖးမွာ ထိုေၾကာင္ေလးေတြ ပိတ္ေလွာင္ျခင္းခံ ေန ရတာကို ရွာေတြခဲ့တာျဖစ္ပါတယ္…တိရိစာၦန္ခ်စ္သူေတြအတြက္ေတာ့ အင္မတန္မွ ရင္နင့္စရာေကာင္းတဲ့ ပုံရိပ္တစ္ခုပဲ ျဖစ္ပါတယ္။
ေလွာင္အိမ္က်ဥ္းက်ဥ္းေလးထဲမွာ ေၾကာင္ေလးေတြမ်ားစြာဟာ သြတ္ထည့္ ပိတ္ေလွာင္ခံခဲ့ရတာေၾကာင့္ နာက်င္စြာနဲ႔လည္း ေအာ္ေနၾကပါတယ္။ဒီေၾကာင္ေလးေတြ အမ်ားစုဟာ ခိုးယူခံခဲ့ရပုံေပၚပါတယ္ တိရိစာၦန္ကုန္ကူးတဲ့သူေတြက
လည္း ေၾကာင္ေတြကို ဖမ္းၿပီး စားေသာက္ဆိုင္ေတြမွာ ေရာင္းစားၾကပါတယ္.. MailOnline သတင္း အရင္းအျမစ္ ေတြအရ ေၾကာင္ေတြဟာ အသားအျဖစ္ ခ်က္ျပဳတ္ဖို႔အတြက္ ခုတ္သတ္ခံရေတာ့မွာ ျဖစ္ပါတယ္ဒီလိုေၾကာက္မက္
ဖြယ္ေကာင္းတဲ့ ျမင္ကြင္းကို တိရိစာၦန္ခ်စ္သူတစ္ဦးျဖစ္တဲ့ Li အမည္ရ အမ်ိဳးသမီးက မွတ္တမ္းတင္ၿပီး အြန္လိုင္းေပၚကို မွ်ေဝခဲ့တာျဖစ္ပါတယ္။
Ms.Li ဟာ ေၾကာင္ေလးေတြကို ထို ဟိုတယ္ စားေသာက္ဆိုင္တစ္ခုရဲ႕ ေနာက္ေဖးမွာ အဲ့မွာ အလုပ္လုပ္ေနတဲ့ အလုပ္သမား တစ္ခ်ိဳ႕ရဲ႕ ေျပာသံေတြေၾကာင့္ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ထိုအမ်ိဳးသမီးရဲ႕ ေျပာၾကားခ်က္အရ တိရိစာၦန္
ေလးေတြဟာ ေနရာအစုံမွ ဖမ္းယူျခင္းခံခဲ့ရတာ ျဖစ္ပါတယ္တိရိစာၦန္ ကယ္ဆယ္ေရး အဖြဲ႕တစ္ခုဟာ Ms.Li တင္ထားတဲ့ ပုံကို ျမင္ျမင္ၿပီး ခ်င္ခ်င္းပဲ ေၾကာင္ေလးေတြကို အခ်ိန္မွီကယ္တင္ဖို႔ ထိုဟိုတယ္ကို ခ်က္ခ်င္းဆိုသလို
ေရာက္ရွိခဲ့ပါတယ္။
ထိုသို႔ ကံေကာင္းစြာနဲ႔ပဲ သနားဖြယ္ ေၾကာင္ေလးတြကို ကယ္တင္ရရွိခဲ့ၿပီး… မၾကာခင္မွာပဲ သူတို႔ရဲ႕ သက္ဆိုင္ရာ ပိုင္ရွင္ေတြဆီကို ျပန္ပို႔ဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္‘ေၾကာင္ ၇၀၀ ေက်ာ္ အကုန္လုံးကို ေၾကာင္အိမ္တစ္ခုခ်င္းစီ
အတြင္းသို႔ ေ႐ြ႕ေျပာင္းခဲ့ၿပီးပါၿပီ..အစာနဲ႔ ေရေတြလည္း ေကြၽးထားပါတယ္…တိရိစာၦန္ေဆးကု ဆရာဝန္ေတြကလည္း ဒဏ္ရာရာ ေနမေကာင္းျဖစ္ေနတဲ့ ေၾကာင္ေလးေတြ ရွိမရွိ စစ္ေဆးေနပါတယ္’ လို႔ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္
တစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ထိုဟိုတယ္ စားေသာက္ဆိုင္ကို ရဲေတြလည္း ေရာက္ရွိခဲ့ၿပီး ဒီျဖစ္စဥ္ကို ဆက္လက္စစ္ေဆးေနပါတယ္။အခုစာဖတ္ေနတဲ့သူေတြထဲမွာလည္း တိရိစာၦန္ ခ်စ္တဲ့သူပဲ ျဖစ္ျဖစ္ မခ်စ္တဲ့သူေတြလည္း အခုလို ရက္စက္တဲ့အျပဳအမႈ
ေတြ မျပဳလုပ္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္..တိရိစာၦန္ေတြကလည္း လူေတြနည္းတူ အသက္တစ္ေခ်ာင္းနဲ႔ပဲမို႔ ကိုယ္ခ်င္းစာတရားထားၿပီး သူတို႔ကို နာက်င္ေအာင္ ႏွိပ္စက္သတ္ျဖတ္တာေတြ မလုပ္တာဟာ အေကာင္းဆုံးျဖစ္ပါ
တယ္။
SYL Video ( Writer – MOE )