အမြန်လမ်းသွားသူတိုင်း သိသင့်တဲ့ ၂၆၁ မိုင် အောက်တန်းစား ဝပ်ရှော့ဆိုင်

Sharing is caring!

အမြန်လမ်း ၂၆၁.၁ဖာလုံမှာပါဒုက္ခရောက်နေတဲ့လူတွေကို ပြစ်မှတ် ထားစီးပွားရှာနေသူ…ပိုစ့်မတင်ဘူးလို့နေတာ မတော်လောဘနဲ့စီးပွားရှာနေတဲ့လူတွေကြောင့် တင်လိုက်ပါတယ်……..အမြန် လမ်းမှာ ကားပျက်လို့ ကျွန်တော်ဝပ်ရှော့ရှာတယ် …စိုးမိုးကားဝပ်ရှော့ကိုတွေ့တယ် ….ရောက်တော့ အကိုရေ ကူညီပါအုံး ကားဘာဖြစ်သွားလဲမသိဘူး….“ကူညီကယ်ဆယ်ရေးလုပ်နေတာမဟုတ်ဘူး …ခေါ်ချင်ခေါ်မခေါ်ချင်နေ ခြေကြွခ နှစ်သောင်း ပေးရမယ်ညီ ”တအားမဝေး

ဘူး ….၁မိုင်လောက်ဘဲရှိတယ်ကိုယ်ကတကယ် ဒုက္ခရောက်နေတော့ နှစ်သောင်းမပြောနဲ့နှစ်သိန်းဆိုလဲဝင်မလေးဘူးပေးဖို့ကို တစ်ခြား ကားအကူညီနဲ့ ကားလဲသူ့ဝပ်ရှော့ ရောက်တော့ ဆီပန့်လဲရမယ်တဲ့…အဲ့တာပျော်ဘွယ်ကိုသွားဝယ်ရမယ်…ကံကောင်းချင်တော့ညီလေးတစ်ယောက်က အလကားကူညီပေးတယ် …အဲ့မာစပြီ သူကယ်ရီခ မရတော့ ပစ္စည်း အလွဲပြောဝယ်ခိုင်းတယ်…။

ညနေ၆နာရီကြတော့သူလဲ ပျောက်သွားတယ် …၇နာရီထိုးတော့ ကူညီပေးတဲ့ညီလေးပြန်ရောက်လာတယ်…သူဝယ်ခိုင်းတဲ့ပစ္စည်းကအလွဲ သူတပည့်တက်ပေးလဲတက်မရ ည၉နာရီ မှာ သူပြန်ရောက်လာတော့ ကားထဲထည့်ရမဲ့ပစ္စည်းအမှန်ပါလာတယ်…ကျွန်တော်ကို လေးသောင်း တောင်းတယ် ပိုက်ဆံသာ မပေးရင် ပစ္စည်းမတက်ပေးဘူးဆိုတဲ့ပုံစံ လက်ခကတော့ မမေးတော့နဲ့ နေပြည်တော်မှာဆို သုံးထောင်လောက်ရှိတဲ့လက်ခကို သုံးသောင်းတောင်းတယ် ။

ညကလဲနက် ထမင်းကလဲမစားရ ဗိုက်တွေကဆာ ခြင်တွေက ကိုက် ဒုက္ခတွေ ရောက်လို့နေ့လည်က ကျွန်တော် ရှေ့မှာပြင်နေတဲ့ ဦးဇင်းလေးကားဆို အကုန်ဖြုတ်ချပြီး သုံးသိန်းခွဲတောင်းတယ် ဖြုတ်မယ်ဆိုလဲမေးပေါ့ ပြန်ကောင်းတော့မလိုနဲ့ဦးဇင်းလေးကလဲမန်းလေးရောက်မှပြင်မယ်လို့ပြောလိုက်တော့ ပစ္စည်းတွေ ပြန်မတက်ပေးတော့ဘူး ….ပစ္စည်းဖြုတ်ခ ၃၀၀၀၀တဲ့ ဦးဇင်းလဲ ဘုန်းကြီးကျောင်းတစ်ကျောင်းကူညီနဲ့ မန်းလေးကိုဆွဲသွားတယ်။

နောက်တစ်စီးက ပူလီကြိုး ပူလီကြိုးကငါးထောင်တန် ကယ်ရီခ နှစ်သောင်း ခြေကြွခ နှစ်သောင်းသူ့ဝပ်ရှော့နဲ့တစ်မိုင်ဘဲရှိတယ်…ကားနဲ့ဆွဲတယ် လက်ခက နှစ်သောင်း ပေးလိုက်ရတယ်….ကိုယ်လုပ်လိုက်တဲ့အလုပ်က ပိုက်ဆံရသည်ဖြစ်စေမရသည်ဖြစ်စေ နောက်တွေ့သည့်ဖြစ်စေပြန်မတွေ့တော့သည်ဖြစ်စေ တစ်ဖက်လူရဲ့ရင်ထဲမှာ နှလုံးသားထဲမှာ ဆွဲထင်ဖို့လိုတယ်….။

အခုလိုခေတ်ကြီးထဲမှာ ဒုက္ခရောက်တဲ့ချိန်မတော်လောဘတွေနဲ့စီးပွားရှာနေတာတွေ ရှက်သင့်ပြီ…ဆိုင်းပုဒ်ပေါ်မှာတော့ဗုဒ္ဓံဓမ္မံသံဃံလို့ရေးထားတာဘဲ…ငကန်းသေ ငစွေ လာမယ် ဆိုတာလို ဘယ်သူ သေသေ ငတေ မာရင်ပီူရောတိုတာ လို တနပ်စား အကြံ နဲ့ ဆိုတာလိုတေပေါ့ ….မြန်မာတေစိတ်ဓါတ်တေ အကုန်ပျက်စီး ကုန်ပီ…။

ခုအများသူငှာ သိအောင် ပြောပြပေးလိုက်တာပါ….။

Copy.t.s

Zawgyi Version








Copy.t.s

Add a Comment

Your email address will not be published. Required fields are marked *