လာမည့် ကဆုန်လပြည့်ည မှာ Flower Moon အဖြစ် လမင်းကြီးကို အလှဆုံး မြင်ရမယ်
|၂၀၂၀ ခုနှစ် မေလ (၆) ရက်နေ့ညမှာတော့ လမင်းကြီးဟာ နေရဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်ကို ကျရောက်မှာဖြစ်ပြီး၊
မှောင်နေတဲ့ ည ကမ္ဘာခြမ်းမှာ နေရဲ့အလင်းရောင် တိုက်ရိုက်ကျရောက်နေတဲ့ လမင်းကြီးကို ထွန်းလင်းတောက်ပစွာနဲ့ တစ်ညလုံး တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီနေ့ကတော့ ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။
ပုဂံခေတ်ကျောက်စာများမှာ ကဆုန်ကို “ကုဆုန်” “ခုဆုန်” စသည်ဖြင့် ရေးသားကြတယ်လို့ မှတ်သားရပါတယ်။ “ကု””ခု” ဆိုတာ “ရေ” ကို ခေါ်ဆိုတာဖြစ်ပါတယ်။ ” ဆုန်” ဆိုတာကတော့..
စီးဆင်းခြင်း၊ သွန်းလောင်းခြင်းဖြစ်ပါတယ်။ ကဆုန် ဆိုတာ ရေသွန်းလောင်းခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ဗုဒ္ဓသာသနာ မထွန်းကားစဉ်အခါက အခုလို ပူပြင်းတဲ့ နွေကာလမှာ သစ်ပင်ကြီးငယ်များကို ရေသွန်းလောင်းခဲ့ကြပြီး..၊
ရှင်အရဟံရောက်ရှိလို့ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားလာတဲ့အခါမှာတော့.. အထွတ်အမြတ်ထားရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော ဓလေ့တစ်ခု ဖြစ်လာခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ဟာ ကဆုန်လပြည့်နေ့ကို သိပ်အထွတ်အမြတ်ထားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂေါတမ မြတ်စွာဘုရားဟာ ဒီ ကဆုန်လပြည့်နေ့တွေမှာပဲ ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားဖြစ်ခြင်း နဲ့ ပရိနိဗ္ဗာန်ပြုခြင်းတို့ ဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။
အတိုကောက်အားဖြင့် “ဆု၊ ဖွား၊ ပွင့်၊ စံ” လို့ မှတ်သားကြပြီး ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” လို့ သတ်မှတ်ကြပါတယ်။ ကဆုန်လရဲ့ ရာသီပန်းဟာ စကား(ဝါ) ပန်း (Talauma Spongocarpa) ဖြစ်ပါတယ်။
ကဆုန်လမှာ သူရိယနေမင်းကြီးဟာ မိဿရာသီမှ ပြိဿရာသီ ကြယ်တာရာများဆီသို့ ကူးပြောင်းပါတယ်။
နေရှိတဲ့အရပ်ရဲ့ ဆန့်ကျင်ဘက်အရပ်မှာ ရောက်ရှိနေတဲ့ လမင်းဟာ ထိုရာသီတို့ရဲ့ ဆန့်ကျင်ဘက်အရပ် (တနည်း) မျက်နှာချင်းဆိုင် အရပ်မှာရှိတဲ့ တူရာသီ (Libra) မှာ ရှိနေမှာဖြစ်ပါတယ်။
ဒါကို စန်းယှဉ်သော အရပ်လို့ ခေါ်ပါတယ်။ တူရာသီရဲ့ နက္ခတ်ကတော့ ဝိသာခါ နက္ခတ်ပဲ ဖြစ်ပါတယ်။
လမင်းကြီးဟာ မေလ (၆) ရက် နဲ့ (၇) ရက်ညများမှာ တူရာသီ အတွင်း ရှိနေမှာဖြစ်သလို.. ကမ္ဘာနဲ့ အနီးဆုံး ပတ်လမ်းနေရာကိုလည်း ရောက်ရှိနေမှာဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ Perigee လို့ ခေါ်ပါတယ်။
ကဆုန်လပြည့်ညမှာ လမင်းနဲ့ ကမ္ဘာရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၂၂၄၃၀၀ ခန့် ရှိနေပါမယ်။
ဒါဟာ လ နဲ့ ကမ္ဘာအကြား ပျမ်းမျှအကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂၃၀၀၀၀ ထက် ပိုနီးတဲ့ အကွာအဝေးဖြစ်လို့ လမင်းကို ပုံမှန်မြင်နေကျထက် အရွယ်အစားကြီးမားပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါကို စူပါမွန်းလို့ အများကခေါ်ဆိုကြပြီး ၂၀၂၀ ခုနှစ်မှာတော့ ထူးထူးခြားခြား ဇန်နဝါရီလမှ မေလ အထိ (၅) လ ဆက်တိုက် လပြည့်နေ့နဲ့ စူပါမွန်းတို့ တိုက်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုစူပါမွန်းဟာ ၂၀၂၀ အတွက် နောက်ဆုံးအကြိမိဖြစ်မယ့် စူပါမွန်းပါပဲ..။
အနောက်တိုင်းအဆိုမှာတော့ ဒီလမင်းကြီးကို ပန်းလမင်း (Flower Moon) လို့ ခေါ်ကြပါတယ်။ နွေဦးကာလမှာ ပွင့်ကြတဲ့ ရာသီပန်းများနဲ့ ဝေဆာနေကြလို့ပါ။
ကမ္ဘာနေရာအရပ်ဒေသအသီးသီးမှာ မတူညီတဲ့ ဓလေ့ရိုးရာတွေ ရှိကြပေမယ့်.. လမင်းကြီးကတော့ သူ့သဘာဝအတိုင်း ဆက်လက်တည်ရှိနေဦးမှာပဲ ဖြစ်ပါတော့တယ်…။
(လပြည့်နေ့မို့ ဒီရေတက်နိုင်ပါတယ်။)
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
၂၀၂၀ ခုႏွစ္ ေမလ (၆) ရက္ေန႔ညမွာေတာ့ လမင္းႀကီးဟာ ေနရဲ႕ ဆန႔္က်င္ဘက္အရပ္တည့္တည့္ကို က်ေရာက္မွာျဖစ္ၿပီး၊
ေမွာင္ေနတဲ့ ည ကမာၻျခမ္းမွာ ေနရဲ႕အလင္းေရာင္ တိုက္႐ိုက္က်ေရာက္ေနတဲ့ လမင္းႀကီးကို ထြန္းလင္းေတာက္ပစြာနဲ႔ တစ္ညလုံး ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အဲဒီေန႔ကေတာ့ ကဆုန္လျပည့္ေန႔ပဲ ျဖစ္ပါတယ္။
ပုဂံေခတ္ေက်ာက္စာမ်ားမွာ ကဆုန္ကို “ကုဆုန္” “ခုဆုန္” စသည္ျဖင့္ ေရးသားၾကတယ္လို႔ မွတ္သားရပါတယ္။ “ကု””ခု” ဆိုတာ “ေရ” ကို ေခၚဆိုတာျဖစ္ပါတယ္။ ” ဆုန္” ဆိုတာကေတာ့..
စီးဆင္းျခင္း၊ သြန္းေလာင္းျခင္းျဖစ္ပါတယ္။ ကဆုန္ ဆိုတာ ေရသြန္းေလာင္းျခင္း လို႔ အဓိပၸာယ္ရပါတယ္။ ဗုဒၶသာသနာ မထြန္းကားစဥ္အခါက အခုလို ပူျပင္းတဲ့ ေႏြကာလမွာ သစ္ပင္ႀကီးငယ္မ်ားကို ေရသြန္းေလာင္းခဲ့ၾကၿပီး..၊
ရွင္အရဟံေရာက္ရွိလို႔ ဗုဒၶသာသနာ ထြန္းကားျပန႔္ပြားလာတဲ့အခါမွာေတာ့.. အထြတ္အျမတ္ထားရာ ေဗာဓိေညာင္ပင္ကို ေရသြန္းေလာင္းေသာ ဓေလ့တစ္ခု ျဖစ္လာခဲ့ၾကပါတယ္။
ဗုဒၶဘာသာဝင္တို႔ဟာ ကဆုန္လျပည့္ေန႔ကို သိပ္အထြတ္အျမတ္ထားၾကပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဂါတမ ျမတ္စြာဘုရားဟာ ဒီ ကဆုန္လျပည့္ေန႔ေတြမွာပဲ ဗ်ာဒိတ္ခံယူျခင္း၊ ဖြားျမင္ျခင္း၊ ဘုရားျဖစ္ျခင္း နဲ႔ ပရိနိဗၺာန္ျပဳျခင္းတို႔ ျဖစ္ခဲ့လို႔ပဲျဖစ္ပါတယ္။
အတိုေကာက္အားျဖင့္ “ဆု၊ ဖြား၊ ပြင့္၊ စံ” လို႔ မွတ္သားၾကၿပီး ကဆုန္လျပည့္ေန႔ကို “ဗုဒၶေန႔” လို႔ သတ္မွတ္ၾကပါတယ္။ ကဆုန္လရဲ႕ ရာသီပန္းဟာ စကား(ဝါ) ပန္း (Talauma Spongocarpa) ျဖစ္ပါတယ္။
ကဆုန္လမွာ သူရိယေနမင္းႀကီးဟာ မိႆရာသီမွ ၿပိႆရာသီ ၾကယ္တာရာမ်ားဆီသို႔ ကူးေျပာင္းပါတယ္။
ေနရွိတဲ့အရပ္ရဲ႕ ဆန႔္က်င္ဘက္အရပ္မွာ ေရာက္ရွိေနတဲ့ လမင္းဟာ ထိုရာသီတို႔ရဲ႕ ဆန႔္က်င္ဘက္အရပ္ (တနည္း) မ်က္ႏွာခ်င္းဆိုင္ အရပ္မွာရွိတဲ့ တူရာသီ (Libra) မွာ ရွိေနမွာျဖစ္ပါတယ္။
ဒါကို စန္းယွဥ္ေသာ အရပ္လို႔ ေခၚပါတယ္။ တူရာသီရဲ႕ နကၡတ္ကေတာ့ ဝိသာခါ နကၡတ္ပဲ ျဖစ္ပါတယ္။
လမင္းႀကီးဟာ ေမလ (၆) ရက္ နဲ႔ (၇) ရက္ညမ်ားမွာ တူရာသီ အတြင္း ရွိေနမွာျဖစ္သလို.. ကမာၻနဲ႔ အနီးဆုံး ပတ္လမ္းေနရာကိုလည္း ေရာက္ရွိေနမွာျဖစ္ပါတယ္။ အဂၤလိပ္လိုကေတာ့ Perigee လို႔ ေခၚပါတယ္။
ကဆုန္လျပည့္ညမွာ လမင္းနဲ႔ ကမာၻရဲ႕ အကြာအေဝးဟာ မိုင္ေပါင္း ၂၂၄၃၀၀ ခန႔္ ရွိေနပါမယ္။
ဒါဟာ လ နဲ႔ ကမာၻအၾကား ပ်မ္းမွ်အကြာအေဝးျဖစ္တဲ့ မိုင္ေပါင္း ၂၃၀၀၀၀ ထက္ ပိုနီးတဲ့ အကြာအေဝးျဖစ္လို႔ လမင္းကို ပုံမွန္ျမင္ေနက်ထက္ အ႐ြယ္အစားႀကီးမားၿပီး ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
ဒါကို စူပါမြန္းလို႔ အမ်ားကေခၚဆိုၾကၿပီး ၂၀၂၀ ခုႏွစ္မွာေတာ့ ထူးထူးျခားျခား ဇန္နဝါရီလမွ ေမလ အထိ (၅) လ ဆက္တိုက္ လျပည့္ေန႔နဲ႔ စူပါမြန္းတို႔ တိုက္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။
ယခုစူပါမြန္းဟာ ၂၀၂၀ အတြက္ ေနာက္ဆုံးအႀကိမိျဖစ္မယ့္ စူပါမြန္းပါပဲ..။
အေနာက္တိုင္းအဆိုမွာေတာ့ ဒီလမင္းႀကီးကို ပန္းလမင္း (Flower Moon) လို႔ ေခၚၾကပါတယ္။ ေႏြဦးကာလမွာ ပြင့္ၾကတဲ့ ရာသီပန္းမ်ားနဲ႔ ေဝဆာေနၾကလို႔ပါ။
ကမာၻေနရာအရပ္ေဒသအသီးသီးမွာ မတူညီတဲ့ ဓေလ့႐ိုးရာေတြ ရွိၾကေပမယ့္.. လမင္းႀကီးကေတာ့ သူ႔သဘာဝအတိုင္း ဆက္လက္တည္ရွိေနဦးမွာပဲ ျဖစ္ပါေတာ့တယ္…။
(လျပည့္ေန႔မို႔ ဒီေရတက္ႏိုင္ပါတယ္။)
အနာဂတ္ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)