ဘယ်ညာပေါင် ကြောင်အတက်အဆင်းနဲ့ ဖောက်ထွင်းဝိဇ္ဇာကို ခက်ခက်ခဲခဲဖမ်းခဲ့တဲ့ စခန်းမှူး ( ဖြစ်ရပ်မှန်)

Sharing is caring!

ဖေါက်ထွင်းဝိဇ္ဇာတစ်ယောက်ဟာဖေါက်ထွင်းမယ့်အိမ်ပေါက်ဝ မှာ မစင်စွန့်ပီး အိပ်မွေ့ချကာအိမ်ရှင်မနိုးတော့မှ အိပ်နေတဲ့ လူတွေကို ကျော်ခွပီး အေးအေးဆေးဆေးနဲ့ ပိုက်ဆံနဲ့ရွှေထည်တွေကိုဘဲ ခိုးလေ့ရှိတဲ့ အကြီးစား သူခိုးပါ။ဇွန်လ ၁ ရက်နေ့မှာ တနိုင်းမြို့မ စခန်းမှူးတာဝန် စတင်ထမ်းဆောင်ရတော့ ပဟေဠိ တပုဒ်နဲ့စမ်းသပ်ခံရတာပေါ့လေ ပုဒ်စာက စောရ ပါ ‌ဖေါက်ထွင်းဝိဇ္ဇာတစ်ယောက်ဟာ သူဖေါက်ထွင်းမယ့်အိမ်ပေါက်ဝ မှာ မစင်စွန့်ပီးအိပ်မွေ့ချ

လို့ အိမ်ရှင်မနိုးတော့မှ အိပ်နေတဲ့ လူတွေကို ကျော်ခွပီး အေးအေးဆေးဆေးနဲ့ ပိုက်ဆံနဲ့ရွှေထည်တွေကိုဘဲ ခိုးလေ့ရှိတဲ့ အကြီးစား သူခိုးပါ သူ ခိုးလို့ ၂၀၁၇ လောက်ကတည်းကခိုးမှုတွေဟာ တစ်မှုမှမပေါ်ဘဲ ပိတ်သိမ်းပေါ့လေ ဒါနဲ့ဘဲ မြို့သူမြို့သားတွေဟာ တနိုင်းရဲတပ်ဖွဲ့အပေါ် အမြင်မကြည်လင်ဖူးပေါ့၊ ကိုယ်ရောက်မှ လေ့လာကြည့်တော့ စောရ ဟာ မစင်စွန့် ဂါထာရွတ် အိပ်မွေ့ချတဲ့ သူခိုးပညာဟာ အောက်အရပ်သားတွေ လုပ်တတ်တာပါ ဒေသခံ ကချင်၊၊နာဂ တွေ လုံးဝ မဟုတ်နိုင်တာပါတနိုင်းဒေသဟာ ပယင်းထွက်လို့ ဒေသအသီးသီးက လူစုံရှိနေပါတယ် အဲဒီတော့ မုဆိုးနဲ့သားကောင် တွေ့တဲ့အခါမှာ မုဆိုးဟာ သားကောင်ထက် ပိုအပင်ပန်းခံမှ မိနိုင်မှာပါ ဒါနဲ့ဘဲ မြို့နယ်ရဲတပ်ဖွဲ့မှူး

ကလည်း အတူတူသင်တန်းတက်ခဲ့တဲ့ တစ်ပတ်စဉ်တည်း ခြားသူဖြစ်နေလို့ အတူညှိနှိုင်းပီး မြို့ပေါ်မှာ အဖွဲ့ ၅ ဖွဲ့ ခွဲပီးကင်းပုန်းဝပ်ခဲ့ကြတာပေါ့လေ အဲ့ဒီကြားကဘဲ စောရ ဟာ မိုးရွာနေတာကို အခွင့်ကောင်းယူပီး လှုပ်ရှားသွားခဲ့သေးတာပေါ့ ကိုယ်ကတော့ ပဲခူးမှာတာဝန်ကျကတည်းက စောရတွေဟာ ကိုယ်ပိုင်ကားနဲ့ လာတတ်တယ်ဆိုတာ တွေ့ကြုံဖူးပီးတာပါ နောက်ဆုံး ကိုယ်တိုင် မိုးရွာထဲမှာ မိုးကာခြုံပီး သစ်ပင်ဘေးမတ်တတ်ရပ်ရတော့ပေါ့မနက် တစ်နာရီနဲ့ သုံးနာရီကြား နှစ်နာရီဘဲ တပည့်တွေနဲ့အတူ လုပ်ခိုင်းတာပါ အဲနောက်ဆုံး တစ်ညမှာတော့ မနက် နှစ်နာရီတိတိ ချိန်မှာ မိုးက ဖွဲဖွဲနဲ့ ရွာသွန်းလာခဲ့တာပေါ့လေ လက်ရွေးစင်သုံးယောက်ဘဲ ခေါ်လာတဲ့ တပည့်တွေကို ဒါဟာ

အကောင်းဆုံး သူခိုးချိန်ဘဲလို့ တီးတိုးပြောပီး ပိတ်ထားတဲ့ ဆိုင်တစ်ဆိုင်ရှေ့ကတန်းလျားခုံမှာ ခဏထိုင်ခိုင်းလိုက်ပါတယ် တပည်သုံးယောက်က တဖက်တန်းလျားမှာထိုင်ပီး ကိုယ်ကတော့ ရာအိမ်မှူးနဲ့အတူ သူတို့နဲ့က်နှာချင်းဆိုင် ထိုင်လိုက်ချိန်မှာ မိုးက ရွာနေပါပီ အဲ့ချိန်မှာ လူတစ်ယောက်ဟာ မဲမဲ မဲမဲနဲ့ ခပ်လှမ်းလှမ်းကနေ ကားလမ်းတစ်ဖက်ကို ကူးသွားတာတွေ့လိုက်ရလို့ တပည့်သုံးယောက်ကိုအသာလေး လက်ညှိုးထိုးပြပီး တွန်းလွှတ်လိုက်ပါတယ် တပည့်တွေကလည်း မြန်သလားမမေးနဲ့ အဲ့လူနားရောက်သွားချိန်မှာ စောရဟာ ကားလမ်းဘေးဆိုင်ရဲ့ဘေး ခြံစည်းရိုးတံခါးကို သံတူးရွင်းနဲ ကလပ်ပီးဖွင့်ဖို့ ဟန်ပြင်ချိန် ဖမ်းတော့လို့ အမိန့်ပေးလိုက်တော့ ဝင်လုံးဖမ်းကြတာပေါ့လေ

စောရဟာ အဖမ်းမခံဘဲရုန်းကန်ပီးပြေးချိန်မှာ အတင်းတွန်းလှဲပီးလက်ထိပ်ခတ်ရပီးချိန်မှာ စောရရဲ့ခန္ဒာကိုယ်ကိုရှာကြတော့ အားပါးပါး ခါးကြားမှာ ချွန်မြနေတဲ့ ဒါးမြှောင်တစ်ချောင်း၊ပလိုင်ယာတစ်ခု၊လေးဂွ၊သံတူရွင်းတစ်ချောင်း တွေ့ရတာပေါ့ တော်သေးတယ် စောရဟာ ဒါးထုတ်ဖို့ ကြိုးစားချိန်မှာ ရာအိမ်မှူးက ‌ခြေထောက်နဲ့ကန်လိုက်လို့ဟန်ချက်ပျက်ပီး လဲကျသွားခဲ့လို့ ဘယ်သူမှ ဒါးထိုးမခံခဲ့ရတာပါ၊ဖမ်းဆီးပီးတော့မှ မြို့နယ်ရဲမှူးနဲ့အဖွဲ့ကို အ‌ကြောင်းကြားတဲ့အခါ ရောက်ရှိလာကြပီး စောရကိုချက်ချင်းစစ်ဆေးပီး သူငှါးနေတဲ့ အခန်းကို သွားရောက်ရှာဖွေလိုက်ချိန်မှာတော့ ဖေါက်ထွင်းဝိဇ္ဇာတစ်ယောက်ရဲ့ ခိုးရာပါပစ္စည်းပေါင်းများစွာကို သိမ်းဆည်းရမိတာပေါ့လေအခန်းရှေ့မှာတော့ လိုင်စင်မဲ့

ကရောင်းအဖြူရောင်တစ်စီးက ရပ်လျက်ပေါ့ ပီးတော့မှ ရဲစခန်းခေါ်လာပီး မရပ်မနားဆက်တိုက်စစ်ဆေးတော့မှ တနိုင်းမြို့ပေါ်မှာ သိန်းရာချီ ဖေါက်ထွင်းခဲ့တဲ့အမှုပေါင်းများစွာ ဖေါ်ထုတ်နိုင်ခဲ့တာပေါ့လေ စောရရဲ့ ဇနီးကတော့ မြစ်ကြီးနားမှာနေပီး ထွေအုပ်ဝန်ထမ်းဆိုဘဲ နောက်တစ်ယောက်ကလှိုင်သာယာကတဲ့ စောရ ရဲ့ ပေါင်နှစ်ဘက်ပေါ်မှာတော့ အဆင်းအတက် ကြောင်နှစ်ကောင်ရဲ့ ဆေးမင်ကြောင်ပုံပေါ့‌၊အဆင်းအတက် ကြောင်လို ပေါ့ပါးတယ်ပေါ့ စောရဟာ

ကိုယ်ခန့်မှန်းတဲ့အတိုင်း ဧရာဝတီတိုင်းသားပါ ဒါနဲ့ စောရရဲ့ မစင်စွန့် အိပ်မွေ့ချနည်းဂါထာကို သင်ပေးပါပြောတော့ သူခိုးခဲ့တဲ့အမှုတွေအကုန်ဖေါ်ပေးပါ့မယ်ဒါလေးတော့ ချမ်းသာပေးပါပြောလို့ လက်လျှော့လိုက်ရတယ် အဲ့ ဂါထာရရင် အွန်လိုင်းက ကြော်ငြာပီး ရောင်းစားရင် ဘူတွေ ဝယ်မလဲ မသိဘူး။

Credit – Ko KyawZaw

Zawgyi Version

ေဖါက္ထြင္းဝိဇၨာတစ္ေယာက္ဟာေဖါက္ထြင္းမယ့္အိမ္ေပါက္ဝ မွာ မစင္စြန႔္ပီး အိပ္ေမြ႕ခ်ကာအိမ္ရွင္မႏိုးေတာ့မွ အိပ္ေနတဲ့ လူေတြကို ေက်ာ္ခြပီး ေအးေအးေဆးေဆးနဲ႔ ပိုက္ဆံနဲ႔ေ႐ႊထည္ေတြကိုဘဲ ခိုးေလ့ရွိတဲ့ အႀကီးစား သူခိုးပါ။ဇြန္လ ၁ ရက္ေန႔မွာ တႏိုင္းၿမိဳ႕မ စခန္းမႉးတာဝန္ စတင္ထမ္းေဆာင္ရေတာ့ ပေဟဠိ တပုဒ္နဲ႔စမ္းသပ္ခံရတာေပါ့ေလ ပုဒ္စာက ေစာရ ပါ ‌ေဖါက္ထြင္းဝိဇၨာတစ္ေယာက္ဟာ သူေဖါက္ထြင္းမယ့္အိမ္ေပါက္ဝ မွာ မစင္စြန႔္ပီးအိပ္ေမြ႕ခ်

လို႔ အိမ္ရွင္မႏိုးေတာ့မွ အိပ္ေနတဲ့ လူေတြကို ေက်ာ္ခြပီး ေအးေအးေဆးေဆးနဲ႔ ပိုက္ဆံနဲ႔ေ႐ႊထည္ေတြကိုဘဲ ခိုးေလ့ရွိတဲ့ အႀကီးစား သူခိုးပါ သူ ခိုးလို႔ ၂၀၁၇ ေလာက္ကတည္းကခိုးမႈေတြဟာ တစ္မႈမွမေပၚဘဲ ပိတ္သိမ္းေပါ့ေလ ဒါနဲ႔ဘဲ ၿမိဳ႕သူၿမိဳ႕သားေတြဟာ တႏိုင္းရဲတပ္ဖြဲ႕အေပၚ အျမင္မၾကည္လင္ဖူးေပါ့၊ ကိုယ္ေရာက္မွ ေလ့လာၾကည့္ေတာ့ ေစာရ ဟာ မစင္စြန႔္ ဂါထာ႐ြတ္ အိပ္ေမြ႕ခ်တဲ့ သူခိုးပညာဟာ ေအာက္အရပ္သားေတြ လုပ္တတ္တာပါ ေဒသခံ ကခ်င္၊၊နာဂ ေတြ လုံးဝ မဟုတ္ႏိုင္တာပါတႏိုင္းေဒသဟာ ပယင္းထြက္လို႔ ေဒသအသီးသီးက လူစုံရွိေနပါတယ္ အဲဒီေတာ့ မုဆိုးနဲ႔သားေကာင္ ေတြ႕တဲ့အခါမွာ မုဆိုးဟာ သားေကာင္ထက္ ပိုအပင္ပန္းခံမွ မိႏိုင္မွာပါ ဒါနဲ႔ဘဲ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး

ကလည္း အတူတူသင္တန္းတက္ခဲ့တဲ့ တစ္ပတ္စဥ္တည္း ျခားသူျဖစ္ေနလို႔ အတူညႇိႏႈိင္းပီး ၿမိဳ႕ေပၚမွာ အဖြဲ႕ ၅ ဖြဲ႕ ခြဲပီးကင္းပုန္းဝပ္ခဲ့ၾကတာေပါ့ေလ အဲ့ဒီၾကားကဘဲ ေစာရ ဟာ မိုး႐ြာေနတာကို အခြင့္ေကာင္းယူပီး လႈပ္ရွားသြားခဲ့ေသးတာေပါ့ ကိုယ္ကေတာ့ ပဲခူးမွာတာဝန္က်ကတည္းက ေစာရေတြဟာ ကိုယ္ပိုင္ကားနဲ႔ လာတတ္တယ္ဆိုတာ ေတြ႕ႀကဳံဖူးပီးတာပါ ေနာက္ဆုံး ကိုယ္တိုင္ မိုး႐ြာထဲမွာ မိုးကာၿခဳံပီး သစ္ပင္ေဘးမတ္တတ္ရပ္ရေတာ့ေပါ့မနက္ တစ္နာရီနဲ႔ သုံးနာရီၾကား ႏွစ္နာရီဘဲ တပည့္ေတြနဲ႔အတူ လုပ္ခိုင္းတာပါ အဲေနာက္ဆုံး တစ္ညမွာေတာ့ မနက္ ႏွစ္နာရီတိတိ ခ်ိန္မွာ မိုးက ဖြဲဖြဲနဲ႔ ႐ြာသြန္းလာခဲ့တာေပါ့ေလ လက္ေ႐ြးစင္သုံးေယာက္ဘဲ ေခၚလာတဲ့ တပည့္ေတြကို ဒါဟာ

အေကာင္းဆုံး သူခိုးခ်ိန္ဘဲလို႔ တီးတိုးေျပာပီး ပိတ္ထားတဲ့ ဆိုင္တစ္ဆိုင္ေရွ႕ကတန္းလ်ားခုံမွာ ခဏထိုင္ခိုင္းလိုက္ပါတယ္ တပည္သုံးေယာက္က တဖက္တန္းလ်ားမွာထိုင္ပီး ကိုယ္ကေတာ့ ရာအိမ္မႉးနဲ႔အတူ သူတို႔နဲ႔က္ႏွာခ်င္းဆိုင္ ထိုင္လိုက္ခ်ိန္မွာ မိုးက ႐ြာေနပါပီ အဲ့ခ်ိန္မွာ လူတစ္ေယာက္ဟာ မဲမဲ မဲမဲနဲ႔ ခပ္လွမ္းလွမ္းကေန ကားလမ္းတစ္ဖက္ကို ကူးသြားတာေတြ႕လိုက္ရလို႔ တပည့္သုံးေယာက္ကိုအသာေလး လက္ညႇိဳးထိုးျပပီး တြန္းလႊတ္လိုက္ပါတယ္ တပည့္ေတြကလည္း ျမန္သလားမေမးနဲ႔ အဲ့လူနားေရာက္သြားခ်ိန္မွာ ေစာရဟာ ကားလမ္းေဘးဆိုင္ရဲ႕ေဘး ၿခံစည္း႐ိုးတံခါးကို သံတူး႐ြင္းနဲ ကလပ္ပီးဖြင့္ဖို႔ ဟန္ျပင္ခ်ိန္ ဖမ္းေတာ့လို႔ အမိန႔္ေပးလိုက္ေတာ့ ဝင္လုံးဖမ္းၾကတာေပါ့ေလ

ေစာရဟာ အဖမ္းမခံဘဲ႐ုန္းကန္ပီးေျပးခ်ိန္မွာ အတင္းတြန္းလွဲပီးလက္ထိပ္ခတ္ရပီးခ်ိန္မွာ ေစာရရဲ႕ခႏၵာကိုယ္ကိုရွာၾကေတာ့ အားပါးပါး ခါးၾကားမွာ ခြၽန္ျမေနတဲ့ ဒါးေျမႇာင္တစ္ေခ်ာင္း၊ပလိုင္ယာတစ္ခု၊ေလးဂြ၊သံတူ႐ြင္းတစ္ေခ်ာင္း ေတြ႕ရတာေပါ့ ေတာ္ေသးတယ္ ေစာရဟာ ဒါးထုတ္ဖို႔ ႀကိဳးစားခ်ိန္မွာ ရာအိမ္မႉးက ‌ေျခေထာက္နဲ႔ကန္လိုက္လို႔ဟန္ခ်က္ပ်က္ပီး လဲက်သြားခဲ့လို႔ ဘယ္သူမွ ဒါးထိုးမခံခဲ့ရတာပါ၊ဖမ္းဆီးပီးေတာ့မွ ၿမိဳ႕နယ္ရဲမႉးနဲ႔အဖြဲ႕ကို အ‌ေၾကာင္းၾကားတဲ့အခါ ေရာက္ရွိလာၾကပီး ေစာရကိုခ်က္ခ်င္းစစ္ေဆးပီး သူငွါးေနတဲ့ အခန္းကို သြားေရာက္ရွာေဖြလိုက္ခ်ိန္မွာေတာ့ ေဖါက္ထြင္းဝိဇၨာတစ္ေယာက္ရဲ႕ ခိုးရာပါပစၥည္းေပါင္းမ်ားစြာကို သိမ္းဆည္းရမိတာေပါ့ေလအခန္းေရွ႕မွာေတာ့ လိုင္စင္မဲ့

ကေရာင္းအျဖဴေရာင္တစ္စီးက ရပ္လ်က္ေပါ့ ပီးေတာ့မွ ရဲစခန္းေခၚလာပီး မရပ္မနားဆက္တိုက္စစ္ေဆးေတာ့မွ တႏိုင္းၿမိဳ႕ေပၚမွာ သိန္းရာခ်ီ ေဖါက္ထြင္းခဲ့တဲ့အမႈေပါင္းမ်ားစြာ ေဖၚထုတ္ႏိုင္ခဲ့တာေပါ့ေလ ေစာရရဲ႕ ဇနီးကေတာ့ ျမစ္ႀကီးနားမွာေနပီး ေထြအုပ္ဝန္ထမ္းဆိုဘဲ ေနာက္တစ္ေယာက္ကလႈိင္သာယာကတဲ့ ေစာရ ရဲ႕ ေပါင္ႏွစ္ဘက္ေပၚမွာေတာ့ အဆင္းအတက္ ေၾကာင္ႏွစ္ေကာင္ရဲ႕ ေဆးမင္ေၾကာင္ပုံေပါ့‌၊အဆင္းအတက္ ေၾကာင္လို ေပါ့ပါးတယ္ေပါ့ ေစာရဟာ

ကိုယ္ခန႔္မွန္းတဲ့အတိုင္း ဧရာဝတီတိုင္းသားပါ ဒါနဲ႔ ေစာရရဲ႕ မစင္စြန႔္ အိပ္ေမြ႕ခ်နည္းဂါထာကို သင္ေပးပါေျပာေတာ့ သူခိုးခဲ့တဲ့အမႈေတြအကုန္ေဖၚေပးပါ့မယ္ဒါေလးေတာ့ ခ်မ္းသာေပးပါေျပာလို႔ လက္ေလွ်ာ့လိုက္ရတယ္ အဲ့ ဂါထာရရင္ အြန္လိုင္းက ေၾကာ္ျငာပီး ေရာင္းစားရင္ ဘူေတြ ဝယ္မလဲ မသိဘူး။

Credit – Ko KyawZaw

Add a Comment

Your email address will not be published. Required fields are marked *