ရွှေတြိဂံရဲ့ ပြည့်ရှင်မင်း (သို့မဟုတ်) သုခဘုံရဲ့ မင်းသားလေး ဘိန်းဘုရင် ခွန်ဆာအကြောင်း

Sharing is caring!

ခွန်ဆာ ဆိုတဲ့ အဓိပ္ပါယ် က သုခဘုံ မင်းသားလေး တဲ့ ။လှ လိုက်တဲ့ နာမည် ။နာမည်ရင်း က ချန်စစ်ဖူ ။ရှမ်း တရုတ် ကပြား ။လူသိများ တဲ့ ခွန်ဆာ ရဲ့ စကား တခွန်းကတော့ ဗြိတိန် သတင်းထောက်တစ်ယောက် ကို ပြော ခဲ့ တဲ့ စကား ပါပဲ ။ရွေးကောက်ပွဲ မှာ အနိူင်ရ သွားတဲ့အောင်ဆန်းစု ကြည် ကို ကြည့်ပါလား ။သူ့ မှာ စစ်တပ် မရှိတော့ စစ်အစိုးရ ကအကျယ်ချုပ် ထားတာ ခံနေရ တယ်ဆိုတဲ့ စကား ။ခွန်ဆာ လက်ကိုင် ထားတဲ့ သဘောတရားကတော့ခင်ဗျား မှာ ကိုယ့် တိုင်းပြည် ဆိုတာ ရှိပြီးကိုယ့် အစိုးရ ဆိုတာ မရှိရင် ခင်ဗျား ရဲ့ဘယ်ပိုင် ဆိုင် မှု မှ စိတ်မ ချ ရ တော့ ဘူး ။ခွန်ဆာ ကို အရှေ့တောင် အာရှ ရဲ့ ပါဘလိုအက်စကိုဘာ အဖြစ် တင်စား ကြတယ် ။ဒီ စကား ကြားတော့ ခွန်ဆာ ကြီး က ရယ်တယ် တဲ့ ဗျ ။ဒီကောင် မှာ ငါ့ လို လူ ၄၀၀၀၀ လောက်ရှိပြီး လေယာဉ် ပစ် အမြောက် ပိုင် တဲ့စစ်တပ် မရှိ ပါဘူး ကွ ။ ကိုယ် ပိုင် မြို့လည်း မရှိ ဘူး ။

အဓိက အချက် ကတော့ဒီကောင် မှာ ငါ့ လ်ု ပါးရည် နပ်ရည် မရှိဘူး တဲ့ ။ခွန်ဆာ ကြွားမယ် ဆိုလည်း ကြွား လောက်တယ် ။သူ့ အသက် ၃ နှစ် အရွယ် မှာ အဖေ မဲ့ ခဲ့ပြီး ပထွေး လက်အောက် မှာ အနှိမ် ခံ ဘဝနဲ့ ကြီး ပြင်း ခဲ့ရတယ် ။ပထွေး ဖက်က ပါလာတဲ့ သား ၃ ယောက် ရဲ့ ခိုင်းဖတ်ဘဝ ရောက်ခဲ့ရတယ် ။ တန်းတူ ကျောင်း မတက် ခဲ့ရ ပဲလွယ်မော် တောင်တန်း က ဘိန်းခင် တွေ မှာအချိန် ကုန်ခဲ့ ရတယ် ။အသက် ၁၆ နှစ် အရွယ် မှာ ခွန်ဆာ သေနတ်စ ကိုင်တယ်။ကျုးကျော် ကွန်မင်တန် တွေ ကိုဗမာ ဖက် က ဝင် တိုက်ပေးရင်း တရား မဝင်ဘိန်း သယ် ခွင့် ရ ခဲ့ တယ် လို့ အဆို ရှိကြပါတယ် ။ခွန်ဆာ ဟာ သေနတ် နဲ့ လမိုင်း သိပ်ကပ်တယ်။သူ သဘောကျ တာ က မင်းသားကြီး ဂျွန်ဝိန်း။သူ ကိုင် တာ က နီလာ နဲ့စိန် ခြယ် ထားတဲ့ သေနတ်။ဂျွန်ဝိန်း လို သေနတ်အမြန်ဆွဲထုတ် တာသိပ်မြန်တယ်။

ဂျွန်ဝိန်း ထက် သာတာ ကသူ က တကယ် လက်ဖြောင့် တယ် ။ သူ့ပစ်မှတ် ဟာ သက်မဲ့ စက်ဝိုင်း မဟုတ် ဘူး။သက်ရှိ ။ရှမ်း တရုတ် ကပြား ခွန်ဆာ ဟာ ရုပ်ဖြောင့်တယ် ။ပိန်ပိန် ပါးပါး ကိုယ်ဟန် ဖြောင့်ဖြောင့် ။တခေတ်က မင်းသား ကျော်ဆွေ လို စတိုင် ။အက်စကို ဘာ လို နှုတ်ခမ်း မွှေး နဲ့ လူကြမ်းရုပ် မဟုတ် ဘူး ။ အပြော သိပ် ကောင်းတယ် ။အဆို ပိုင်တယ် ။ အသံ ကောင်းတယ် ။အထူး သဖြင့် မ ကျမ်း ကျေ တာ ပါ ပဲ ။ဒါတွေ ကြောင့် ခွန် ဆာ ကို မိန်းမ တွေအသေ ကြွေ ကြတာ ။

ဆေးလိပ် သိပ် ကြိုက်တဲ့ ခွန်ဆာ ရဲ့ စီးကရက် သောက် ဟန် ဟာအနောက် တိုင်း က ကောင်းဘွိုင် စတိုင်အတိုင်း ပဲ လို့ ပြော စ မှတ် ပြု ရ တယ် ။မယား လေး ယောက် ကို တပြိုင် နက်ပေါင်း ခဲ့ ပြီး အငယ် ဆုံး မယား က အသက် ၁၅ နှစ် တူမ အရင်း ။ဒါတွေ ရေးပြ လို့ ခွန်ဆာ ဟာ မင်းသားလေး လို လွမ်းပြမယ် မထင်နဲ့ ဗျ ။မျက်နှာ ၂ ဖက် နဲ့ လူ ။သူ နဲ့ ပြိုင်ဘက် ကွန်မင်တန် ဗိုလ်ချုပ်ကြီးလီ ရဲ့ ချင်းမိုင် က စံအိမ် ကို TNT ယမ်း ၂တန် သယ်လာ တဲ့ကား နဲ့ ဖောက်ခွဲ ဖျက်စီးလိုက်တာ အခန်း ၄၀ ပါစံအိမ်တော် ကြီးဟာ မြေပေါ် ဗုန်းဗုန်း လဲ ရော ။ရွာ လုံး ကျွတ် လူ ရာချီ ပြီး ကျင်းတူး ဗြင်းပစ်တာတွေ ။ လူ ကို ခွေးစာ ကျွေး ပစ်တာတွေ ။ လည်ပင်း ကို အပေါက် ဖောက် ။အဲ့ ဒီ အပေါက် ကနေ လျှာ ကို ဆွဲ ထုတ်ထား ပြီး လျှာ နက်ကတိုင်လုပ်တမ်း ကစားတာတွေ ။ ဒါတွေ သာ အက်စ်ကိုဘာကြားရင် ရှုရှုး တောင် ထွက်ကျ သွား နိူင်တယ် ။၁၉၆၉ မှာ ခွန်ဆာ အဖမ်း ခံရ တယ် ။မန္တလေး ထောင်မှာ သီးသန့် အကျဉ်းချထား ပြီး နိူင်ငံ တော် သစ္စာ ဖောက်မှု နဲ့သေဒဏ် အပေး ခံရ တယ် ။အဲ့ဒီ ခေတ်ကတကယ် သတ် တဲ့ ခေတ် ။

ထောင် ထဲမှာ ဘာ အခွင့် အရေး မှ မရ ပဲတိုက် ပိတ် ထား လိုက်တာ ။ သေဖို့ကသေခြာ နေပြီ ။ မြော်လင့် ချက် မရှိတော့ဘူး ။၁၉၇၃ မှာ ခွန်ဆာ့ လူရုံတော် တွေ ကတောင်ကြီး မှာ ဆေးရုံလာ စစ် တဲ့ ရုရှားဆရာဝန် ၂ ယောက် ကို နေ့ခင်း ဘက်ကြီးဗြောင် ဝင်ဆွဲ သွား တယ် ။အစိုးရက တပ်မ တစ်မ နဲ့ လိုက်တာ မမှီတော့ ဘူး ။ ၁၉၇၄ မှာ အလဲ အလှယ် နဲ့ခွန်ဆာ လွတ်သွား တယ် ။ တော ထဲ တန်းသွား တယ် ။ ဘာမှ လုပ်မရ ဘူး ။လက် ပိုက် ကြည့်နေရ တဲ့ ဘဝ ဖြစ်သွားတယ် ။အဲ့ဒီ မှာတင် ခွန်ဆာ တပ် ထောင်တာ ပါပဲ ။Shan United Army SUA ရှမ်းပြည်သွေးစည်း ညီညွတ်ရေး တပ် ဆိုတာ ပေါ်လာတယ် ။ဟိုမိန်း မှာ မြို့တည် တယ် ။

ရေအား လျှပ်စစ်နဲ့ မီး ပေး တယ် ။ ဆေးရုံ စာသင် ကျောင်း ရှိတယ် ။ ကိုယ်ပိုင် ဂေါက်ကွင်း ရှိတယ် ။ကျနော်တို့ က သာ တော ထဲ ထင် နေတာ ။ကမ္ဘာ က တော့ ဟိုမိန်းဟာ မြန်မာပြည် ကဟောင်ကောင် ပဲ ။ ကမ္ဘာ လှည့် ခရီး သွား လုပ်ငန်း ရှိတယ် ။ခွန်ဆာ ကျင်းပ တဲ့ ဂေါက်ပြိုင်ပွဲ ဟာ နအဖဂေါက်ပွဲထက် ကမ္ဘာ ကျော်တယ် ။ ထိုင်ဝမ်စင်္ကာပူ ဂျပန် အမေရိကား က လာ ရိုကိကြ တယ် ။ ကမ္ဘာကျော်အဆိုတော်တွေ လာတယ် ။ဗြိတိန် တော်ဝင် တွေlady တွေ lord တွေတောင် လာတယ် ။ဒီ သတင်းသာ အက်စ်ကိုဘာ ကြားရင် တက်သေ သွား နိူင်လောက်တယ် ။ခွန်ဆာ ဟာ ရွှေတြိဂံ ရဲ့ အရှင် သခင် ဖြစ်လာတယ် ။

သူ ထုတ်တဲ့ ဟီးရိုးအင်း ဟာကမ္ဘာ ကျော်တယ် ။သန့်စင် မှု 90 % လောက်ရှိတော့ အမေရိကား ရောက်ရင် ကြိုက်သလောက် ရောအာနိသင် မလျော့ ဘူး ။အက်စကိုဘာ ရဲ့ ကုတ်ကင်း တောင် မြောင်းထဲ ရောက်မတတ် ဖြစ်ကုန်တယ် ။ဆယ်စု နှစ် လေးခု လောက် ပြိုင်ဖက် စစ်ဘုရင်တွေ မြန်မာ အစိုးရ ထိုင်း လာအိုအစိုးရ အမေရိကန် CIA DEA တွေ နဲ့ထွေ ပစ်တမ်း ကစား လာတဲ့ ခွန်ဆာ ဟာကိုလံဘီယာ က အက်စ်ကို ဘာ ကျဆုံးသွားတာ နဲ့ သူ့ အလှည့် ဆိုတာ ရိပ်မိတယ် ။သူ ဟာ ၁၉၈၉ ထဲ က ဒေါ်လာ ၂ သန်းဆုငွေ ထုတ်ခံ ထားရ သူ ။ သူ ကျား ကွက်ရွေ့ လိုက်တယ် ။၁၉၉၆ တမနက် မှာ အမေရိကန် DEA ရုံးကို သတင်းတခု ဝင်လာတယ် ။

ခွန်ဆာနဝတ ဆီ လက်နက် ချ သွား ပြီတဲ့ ။တရုံး လုံး အောင် ပွဲ ခံ အော်ဟစ် ခဲ့ ကြတာ ပေါ့ ။ ၁၉၉၆ မတ် လ ရောက် တော့ခွန်ဆာ ကို လွှဲ ပြောင်း ပေးရေး ဟာ ရေပေါ် အရုပ် ရေး သလို ဖြစ်သွား ပြီ ဆိုတာသူတို့ သိရ တော့ နောက်ကျ သွားပြီ ။(ခွန်ဆာ လက်နက်ချ ပြီး သူ့စခန်း ဟိုမိန်းကို နအဖ ထံမှာ အကြွင်းမဲ့ အပ်နှံ လိုက်တယ် ။ တောင်ပုံ ရာပုံ လက်နက်တွေလေယာဉ်ပစ် အမြောက်တွေ ဆေးရုံတရုံ နဲ့ ဆေးရုံ သုံး ပစ္စည်းတွေ ဆိုတာအများကြီး ။အဲ့ဒီခေတ်က ရှားပါတယ် ဆိုတဲ့ လက်ကိုင် စကားပြောစက် အိုင်ကွန် တွေ ဆိုတာ တောင်ပုံ ရာပုံ ၊ ကြိုက်သလောက်ယူ ၊ ကျိုင်းတုံ ပြနိရောက်ရင် တလုံးတသိန်း ၊ ဝယ်မယ့် သူက အဆင်သင့် ။ဟိုမိန်း စခန်းသိမ်း သွားမယ့် အရာရှိတွေ က အလုအယက် ပဲ ။အဲ့ဒီ အချိန်ကျိုင်းတုံ ဆေးတပ် မှာ ကျနော် တာဝန်ကျနေတယ် ။ ရှေ့တန်းဆို အမြဲ မဲ ပေါက်တတ်တဲ့ ကျနော်တော့ ဒီတခါ ဟိုမိန်းသိမ်းပွဲ မှာ မဲ မပေါက်ခဲ့ပါဘူး ။ ဒ

ါကကိုယ်တွေ့ လေး ထဲ့ရေးတာ )ဆွစ်ဇာလန် နဲ့ ထိုင်း က ခွန်ဆာ ငွေ ဒေါ်လာတစ်ဘီလျံ ကျော် ဟာ ပြည်တွင်း ပြန် ဝင်သွား ပြီးသယ်ယူ ပို့ ဆောင် ရေး တွေ ဟိုတယ်တွေ အပြင် အမေရိကန် က Unocal နဲ့ပြင်သစ် Total တို့ မှာမြုပ်နှံ လိုက် ပါပြီ ။ခွန်ဆာ ကတော့ ရှမ်းမိန်းကလေး ၄ ယောက် ။သမီး ၃ ယောက် သား ၅ ယောက် နဲ့ အတူရန်ကုန် မှာပေါ့လေ ။ခွန်ဆာ ဇာတ်သိမ်း ဟာ happy ending ဗျ ။သူ နဲ့ ခေတ် ပြိုင်အက်စ်ကိုဘာ လို လမ်းကြို လမ်းကြား မှာ ဝရမ်း ပြေးဘဝနဲ့ဇာတ် မသိမ်းသွား ဘူး ။အရိုး ပြာ ကို လည်းသေခါနီးမှာ သွား လို့ ပါ ဆိုပြီးပင်လယ် ထဲအမျော မခံရဘူး။ဘယ်မှာ မြုပ်နှံထားတယ် ဆိုတာ လည်း မသိရ ဘူး ။သေခြာတာ တခုတော့ ရှိတယ် ။သူ့ ဇာတိ မြေ မှာ ခွန်ဆာ ပြတိုက် ရှိတယ် ။သူ့ ရဲ့ အမှတ်တရ မြင်းစီး ကြေးရုပ် ရှိတယ် ။ပြခန်းတွေအသုံး အဆောင် တွေ ပြသထားတယ် ။

၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၆ ရက် နေ့မှာ ဦးခွန်ဆာဟာ သွေးတိုး ဆီးချိုလူကြီးရောဂါ နဲ့ ကွယ်လွန် သွား ပါ တယ် ။ခွန်ဆာ အကြောင်း သာ ရုပ်ရှင် ရိုက် လိုက်ရင် ကမ္ဘာ ကျော်ပါတယ် ဆိုတဲ့ အက်စကိုဘာဘဝ အကြောင်းရုပ်ရှင် ဟာ မြောင်း ထဲရောက် သွား နိူင် ကြောင်း မြန်မာ ရုပ်ရှင်ပညာ ရှင် များ ကို လက်တို့ အသိ ပေးလိုက် ပါတယ် နော် ။ဗုံ တွေ မောင်း တွေ လို မကျင့် ကြနဲ့ ။သူတို့ က တီး မှမြည်တာ ။နာရီ လို ပြုမှု ကြ ပါ ။ လိုအပ် ချိန် တိုင်းအသံ ထွက် ပေး ပါ ။ဆရာ အောင် အေး (ရန်ကုန် တက္ကသိုလ် )ရဲ့ ဘိန်းဘုရင် ခွန်ဆာ ကို ခြေရာ ခံ ခြင်းဘာသာပြန် စာအုပ် မှ ဓါတ်ပုံ နဲ့ အကြောင်းအရာ များ မှီငြမ်း ထား ပါကြောင်း ဝန်ခံပါတယ် ။မဖတ်ရသေးသူများအတွက် ပြန်တင်ပေးတာပါ ။

လေးစားမှုဖြင့် ခရစ်ဒက် Zarni Zaya

Zawgyi Version

ခြန္ဆာ ဆိုတဲ့ အဓိပၸါယ္ က သုခဘုံ မင္းသားေလး တဲ့ ။လွ လိုက္တဲ့ နာမည္ ။နာမည္ရင္း က ခ်န္စစ္ဖူ ။ရွမ္း တ႐ုတ္ ကျပား ။လူသိမ်ား တဲ့ ခြန္ဆာ ရဲ႕ စကား တခြန္းကေတာ့ ၿဗိတိန္ သတင္းေထာက္တစ္ေယာက္ ကို ေျပာ ခဲ့ တဲ့ စကား ပါပဲ ။ေ႐ြးေကာက္ပြဲ မွာ အႏိူင္ရ သြားတဲ့ေအာင္ဆန္းစု ၾကည္ ကို ၾကည့္ပါလား ။သူ႔ မွာ စစ္တပ္ မရွိေတာ့ စစ္အစိုးရ ကအက်ယ္ခ်ဳပ္ ထားတာ ခံေနရ တယ္ဆိုတဲ့ စကား ။ခြန္ဆာ လက္ကိုင္ ထားတဲ့ သေဘာတရားကေတာ့ခင္ဗ်ား မွာ ကိုယ့္ တိုင္းျပည္ ဆိုတာ ရွိၿပီးကိုယ့္ အစိုးရ ဆိုတာ မရွိရင္ ခင္ဗ်ား ရဲ႕ဘယ္ပိုင္ ဆိုင္ မႈ မွ စိတ္မ ခ် ရ ေတာ့ ဘူး ။ခြန္ဆာ ကို အေရွ႕ေတာင္ အာရွ ရဲ႕ ပါဘလိုအက္စကိုဘာ အျဖစ္ တင္စား ၾကတယ္ ။ဒီ စကား ၾကားေတာ့ ခြန္ဆာ ႀကီး က ရယ္တယ္ တဲ့ ဗ် ။ဒီေကာင္ မွာ ငါ့ လို လူ ၄၀၀၀၀ ေလာက္ရွိၿပီး ေလယာဥ္ ပစ္ အေျမာက္ ပိုင္ တဲ့စစ္တပ္ မရွိ ပါဘူး ကြ ။ ကိုယ္ ပိုင္ ၿမိဳ႕လည္း မရွိ ဘူး ။

အဓိက အခ်က္ ကေတာ့ဒီေကာင္ မွာ ငါ့ လ္ု ပါးရည္ နပ္ရည္ မရွိဘူး တဲ့ ။ခြန္ဆာ ႂကြားမယ္ ဆိုလည္း ႂကြား ေလာက္တယ္ ။သူ႔ အသက္ ၃ ႏွစ္ အ႐ြယ္ မွာ အေဖ မဲ့ ခဲ့ၿပီး ပေထြး လက္ေအာက္ မွာ အႏွိမ္ ခံ ဘဝနဲ႔ ႀကီး ျပင္း ခဲ့ရတယ္ ။ပေထြး ဖက္က ပါလာတဲ့ သား ၃ ေယာက္ ရဲ႕ ခိုင္းဖတ္ဘဝ ေရာက္ခဲ့ရတယ္ ။ တန္းတူ ေက်ာင္း မတက္ ခဲ့ရ ပဲလြယ္ေမာ္ ေတာင္တန္း က ဘိန္းခင္ ေတြ မွာအခ်ိန္ ကုန္ခဲ့ ရတယ္ ။အသက္ ၁၆ ႏွစ္ အ႐ြယ္ မွာ ခြန္ဆာ ေသနတ္စ ကိုင္တယ္။က်ဳးေက်ာ္ ကြန္မင္တန္ ေတြ ကိုဗမာ ဖက္ က ဝင္ တိုက္ေပးရင္း တရား မဝင္ဘိန္း သယ္ ခြင့္ ရ ခဲ့ တယ္ လို႔ အဆို ရွိၾကပါတယ္ ။ခြန္ဆာ ဟာ ေသနတ္ နဲ႔ လမိုင္း သိပ္ကပ္တယ္။သူ သေဘာက် တာ က မင္းသားႀကီး ဂြၽန္ဝိန္း။သူ ကိုင္ တာ က နီလာ နဲ႔စိန္ ျခယ္ ထားတဲ့ ေသနတ္။ဂြၽန္ဝိန္း လို ေသနတ္အျမန္ဆြဲထုတ္ တာသိပ္ျမန္တယ္။

ဂြၽန္ဝိန္း ထက္ သာတာ ကသူ က တကယ္ လက္ေျဖာင့္ တယ္ ။ သူ႔ပစ္မွတ္ ဟာ သက္မဲ့ စက္ဝိုင္း မဟုတ္ ဘူး။သက္ရွိ ။ရွမ္း တ႐ုတ္ ကျပား ခြန္ဆာ ဟာ ႐ုပ္ေျဖာင့္တယ္ ။ပိန္ပိန္ ပါးပါး ကိုယ္ဟန္ ေျဖာင့္ေျဖာင့္ ။တေခတ္က မင္းသား ေက်ာ္ေဆြ လို စတိုင္ ။အက္စကို ဘာ လို ႏႈတ္ခမ္း ေမႊး နဲ႔ လူၾကမ္း႐ုပ္ မဟုတ္ ဘူး ။ အေျပာ သိပ္ ေကာင္းတယ္ ။အဆို ပိုင္တယ္ ။ အသံ ေကာင္းတယ္ ။အထူး သျဖင့္ မ က်မ္း ေက် တာ ပါ ပဲ ။ဒါေတြ ေၾကာင့္ ခြန္ ဆာ ကို မိန္းမ ေတြအေသ ေႂကြ ၾကတာ ။

ေဆးလိပ္ သိပ္ ႀကိဳက္တဲ့ ခြန္ဆာ ရဲ႕ စီးကရက္ ေသာက္ ဟန္ ဟာအေနာက္ တိုင္း က ေကာင္းဘြိဳင္ စတိုင္အတိုင္း ပဲ လို႔ ေျပာ စ မွတ္ ျပဳ ရ တယ္ ။မယား ေလး ေယာက္ ကို တၿပိဳင္ နက္ေပါင္း ခဲ့ ၿပီး အငယ္ ဆုံး မယား က အသက္ ၁၅ ႏွစ္ တူမ အရင္း ။ဒါေတြ ေရးျပ လို႔ ခြန္ဆာ ဟာ မင္းသားေလး လို လြမ္းျပမယ္ မထင္နဲ႔ ဗ် ။မ်က္ႏွာ ၂ ဖက္ နဲ႔ လူ ။သူ နဲ႔ ၿပိဳင္ဘက္ ကြန္မင္တန္ ဗိုလ္ခ်ဳပ္ႀကီးလီ ရဲ႕ ခ်င္းမိုင္ က စံအိမ္ ကို TNT ယမ္း ၂တန္ သယ္လာ တဲ့ကား နဲ႔ ေဖာက္ခြဲ ဖ်က္စီးလိုက္တာ အခန္း ၄၀ ပါစံအိမ္ေတာ္ ႀကီးဟာ ေျမေပၚ ဗုန္းဗုန္း လဲ ေရာ ။႐ြာ လုံး ကြၽတ္ လူ ရာခ်ီ ၿပီး က်င္းတူး ျဗင္းပစ္တာေတြ ။ လူ ကို ေခြးစာ ေကြၽး ပစ္တာေတြ ။ လည္ပင္း ကို အေပါက္ ေဖာက္ ။အဲ့ ဒီ အေပါက္ ကေန လွ်ာ ကို ဆြဲ ထုတ္ထား ၿပီး လွ်ာ နက္ကတိုင္လုပ္တမ္း ကစားတာေတြ ။ ဒါေတြ သာ အက္စ္ကိုဘာၾကားရင္ ရႈရႈး ေတာင္ ထြက္က် သြား ႏိူင္တယ္ ။၁၉၆၉ မွာ ခြန္ဆာ အဖမ္း ခံရ တယ္ ။မႏၲေလး ေထာင္မွာ သီးသန႔္ အက်ဥ္းခ်ထား ၿပီး ႏိူင္ငံ ေတာ္ သစၥာ ေဖာက္မႈ နဲ႔ေသဒဏ္ အေပး ခံရ တယ္ ။အဲ့ဒီ ေခတ္ကတကယ္ သတ္ တဲ့ ေခတ္ ။

ေထာင္ ထဲမွာ ဘာ အခြင့္ အေရး မွ မရ ပဲတိုက္ ပိတ္ ထား လိုက္တာ ။ ေသဖို႔ကေသျခာ ေနၿပီ ။ ေျမာ္လင့္ ခ်က္ မရွိေတာ့ဘူး ။၁၉၇၃ မွာ ခြန္ဆာ့ လူ႐ုံေတာ္ ေတြ ကေတာင္ႀကီး မွာ ေဆး႐ုံလာ စစ္ တဲ့ ႐ုရွားဆရာဝန္ ၂ ေယာက္ ကို ေန႔ခင္း ဘက္ႀကီးေျဗာင္ ဝင္ဆြဲ သြား တယ္ ။အစိုးရက တပ္မ တစ္မ နဲ႔ လိုက္တာ မမွီေတာ့ ဘူး ။ ၁၉၇၄ မွာ အလဲ အလွယ္ နဲ႔ခြန္ဆာ လြတ္သြား တယ္ ။ ေတာ ထဲ တန္းသြား တယ္ ။ ဘာမွ လုပ္မရ ဘူး ။လက္ ပိုက္ ၾကည့္ေနရ တဲ့ ဘဝ ျဖစ္သြားတယ္ ။အဲ့ဒီ မွာတင္ ခြန္ဆာ တပ္ ေထာင္တာ ပါပဲ ။Shan United Army SUA ရွမ္းျပည္ေသြးစည္း ညီၫြတ္ေရး တပ္ ဆိုတာ ေပၚလာတယ္ ။ဟိုမိန္း မွာ ၿမိဳ႕တည္ တယ္ ။

ေရအား လွ်ပ္စစ္နဲ႔ မီး ေပး တယ္ ။ ေဆး႐ုံ စာသင္ ေက်ာင္း ရွိတယ္ ။ ကိုယ္ပိုင္ ေဂါက္ကြင္း ရွိတယ္ ။က်ေနာ္တို႔ က သာ ေတာ ထဲ ထင္ ေနတာ ။ကမာၻ က ေတာ့ ဟိုမိန္းဟာ ျမန္မာျပည္ ကေဟာင္ေကာင္ ပဲ ။ ကမာၻ လွည့္ ခရီး သြား လုပ္ငန္း ရွိတယ္ ။ခြန္ဆာ က်င္းပ တဲ့ ေဂါက္ၿပိဳင္ပြဲ ဟာ နအဖေဂါက္ပြဲထက္ ကမာၻ ေက်ာ္တယ္ ။ ထိုင္ဝမ္စကၤာပူ ဂ်ပန္ အေမရိကား က လာ ႐ိုကိၾက တယ္ ။ ကမာၻေက်ာ္အဆိုေတာ္ေတြ လာတယ္ ။ၿဗိတိန္ ေတာ္ဝင္ ေတြlady ေတြ lord ေတြေတာင္ လာတယ္ ။ဒီ သတင္းသာ အက္စ္ကိုဘာ ၾကားရင္ တက္ေသ သြား ႏိူင္ေလာက္တယ္ ။ခြန္ဆာ ဟာ ေ႐ႊႀတိဂံ ရဲ႕ အရွင္ သခင္ ျဖစ္လာတယ္ ။

သူ ထုတ္တဲ့ ဟီး႐ိုးအင္း ဟာကမာၻ ေက်ာ္တယ္ ။သန႔္စင္ မႈ 90 % ေလာက္ရွိေတာ့ အေမရိကား ေရာက္ရင္ ႀကိဳက္သေလာက္ ေရာအာနိသင္ မေလ်ာ့ ဘူး ။အက္စကိုဘာ ရဲ႕ ကုတ္ကင္း ေတာင္ ေျမာင္းထဲ ေရာက္မတတ္ ျဖစ္ကုန္တယ္ ။ဆယ္စု ႏွစ္ ေလးခု ေလာက္ ၿပိဳင္ဖက္ စစ္ဘုရင္ေတြ ျမန္မာ အစိုးရ ထိုင္း လာအိုအစိုးရ အေမရိကန္ CIA DEA ေတြ နဲ႔ေထြ ပစ္တမ္း ကစား လာတဲ့ ခြန္ဆာ ဟာကိုလံဘီယာ က အက္စ္ကို ဘာ က်ဆုံးသြားတာ နဲ႔ သူ႔ အလွည့္ ဆိုတာ ရိပ္မိတယ္ ။သူ ဟာ ၁၉၈၉ ထဲ က ေဒၚလာ ၂ သန္းဆုေငြ ထုတ္ခံ ထားရ သူ ။ သူ က်ား ကြက္ေ႐ြ႕ လိုက္တယ္ ။၁၉၉၆ တမနက္ မွာ အေမရိကန္ DEA ႐ုံးကို သတင္းတခု ဝင္လာတယ္ ။

ခြန္ဆာနဝတ ဆီ လက္နက္ ခ် သြား ၿပီတဲ့ ။တ႐ုံး လုံး ေအာင္ ပြဲ ခံ ေအာ္ဟစ္ ခဲ့ ၾကတာ ေပါ့ ။ ၁၉၉၆ မတ္ လ ေရာက္ ေတာ့ခြန္ဆာ ကို လႊဲ ေျပာင္း ေပးေရး ဟာ ေရေပၚ အ႐ုပ္ ေရး သလို ျဖစ္သြား ၿပီ ဆိုတာသူတို႔ သိရ ေတာ့ ေနာက္က် သြားၿပီ ။(ခြန္ဆာ လက္နက္ခ် ၿပီး သူ႔စခန္း ဟိုမိန္းကို နအဖ ထံမွာ အႂကြင္းမဲ့ အပ္ႏွံ လိုက္တယ္ ။ ေတာင္ပုံ ရာပုံ လက္နက္ေတြေလယာဥ္ပစ္ အေျမာက္ေတြ ေဆး႐ုံတ႐ုံ နဲ႔ ေဆး႐ုံ သုံး ပစၥည္းေတြ ဆိုတာအမ်ားႀကီး ။အဲ့ဒီေခတ္က ရွားပါတယ္ ဆိုတဲ့ လက္ကိုင္ စကားေျပာစက္ အိုင္ကြန္ ေတြ ဆိုတာ ေတာင္ပုံ ရာပုံ ၊ ႀကိဳက္သေလာက္ယူ ၊ က်ိဳင္းတုံ ျပနိေရာက္ရင္ တလုံးတသိန္း ၊ ဝယ္မယ့္ သူက အဆင္သင့္ ။ဟိုမိန္း စခန္းသိမ္း သြားမယ့္ အရာရွိေတြ က အလုအယက္ ပဲ ။အဲ့ဒီ အခ်ိန္က်ိဳင္းတုံ ေဆးတပ္ မွာ က်ေနာ္ တာဝန္က်ေနတယ္ ။ ေရွ႕တန္းဆို အၿမဲ မဲ ေပါက္တတ္တဲ့ က်ေနာ္ေတာ့ ဒီတခါ ဟိုမိန္းသိမ္းပြဲ မွာ မဲ မေပါက္ခဲ့ပါဘူး ။ ဒ

ါကကိုယ္ေတြ႕ ေလး ထဲ့ေရးတာ )ဆြစ္ဇာလန္ နဲ႔ ထိုင္း က ခြန္ဆာ ေငြ ေဒၚလာတစ္ဘီလ်ံ ေက်ာ္ ဟာ ျပည္တြင္း ျပန္ ဝင္သြား ၿပီးသယ္ယူ ပို႔ ေဆာင္ ေရး ေတြ ဟိုတယ္ေတြ အျပင္ အေမရိကန္ က Unocal နဲ႔ျပင္သစ္ Total တို႔ မွာျမဳပ္ႏွံ လိုက္ ပါၿပီ ။ခြန္ဆာ ကေတာ့ ရွမ္းမိန္းကေလး ၄ ေယာက္ ။သမီး ၃ ေယာက္ သား ၅ ေယာက္ နဲ႔ အတူရန္ကုန္ မွာေပါ့ေလ ။ခြန္ဆာ ဇာတ္သိမ္း ဟာ happy ending ဗ် ။သူ နဲ႔ ေခတ္ ၿပိဳင္အက္စ္ကိုဘာ လို လမ္းႀကိဳ လမ္းၾကား မွာ ဝရမ္း ေျပးဘဝနဲ႔ဇာတ္ မသိမ္းသြား ဘူး ။အ႐ိုး ျပာ ကို လည္းေသခါနီးမွာ သြား လို႔ ပါ ဆိုၿပီးပင္လယ္ ထဲအေမ်ာ မခံရဘူး။ဘယ္မွာ ျမဳပ္ႏွံထားတယ္ ဆိုတာ လည္း မသိရ ဘူး ။ေသျခာတာ တခုေတာ့ ရွိတယ္ ။သူ႔ ဇာတိ ေျမ မွာ ခြန္ဆာ ျပတိုက္ ရွိတယ္ ။သူ႔ ရဲ႕ အမွတ္တရ ျမင္းစီး ေၾကး႐ုပ္ ရွိတယ္ ။ျပခန္းေတြအသုံး အေဆာင္ ေတြ ျပသထားတယ္ ။

၂၀၀၇ ခုႏွစ္ ေအာက္တိုဘာ ၂၆ ရက္ ေန႔မွာ ဦးခြန္ဆာဟာ ေသြးတိုး ဆီးခ်ိဳလူႀကီးေရာဂါ နဲ႔ ကြယ္လြန္ သြား ပါ တယ္ ။ခြန္ဆာ အေၾကာင္း သာ ႐ုပ္ရွင္ ႐ိုက္ လိုက္ရင္ ကမာၻ ေက်ာ္ပါတယ္ ဆိုတဲ့ အက္စကိုဘာဘဝ အေၾကာင္း႐ုပ္ရွင္ ဟာ ေျမာင္း ထဲေရာက္ သြား ႏိူင္ ေၾကာင္း ျမန္မာ ႐ုပ္ရွင္ပညာ ရွင္ မ်ား ကို လက္တို႔ အသိ ေပးလိုက္ ပါတယ္ ေနာ္ ။ဗုံ ေတြ ေမာင္း ေတြ လို မက်င့္ ၾကနဲ႔ ။သူတို႔ က တီး မွျမည္တာ ။နာရီ လို ျပဳမႈ ၾက ပါ ။ လိုအပ္ ခ်ိန္ တိုင္းအသံ ထြက္ ေပး ပါ ။ဆရာ ေအာင္ ေအး (ရန္ကုန္ တကၠသိုလ္ )ရဲ႕ ဘိန္းဘုရင္ ခြန္ဆာ ကို ေျခရာ ခံ ျခင္းဘာသာျပန္ စာအုပ္ မွ ဓါတ္ပုံ နဲ႔ အေၾကာင္းအရာ မ်ား မွီျငမ္း ထား ပါေၾကာင္း ဝန္ခံပါတယ္ ။မဖတ္ရေသးသူမ်ားအတြက္ ျပန္တင္ေပးတာပါ ။

ေလးစားမႈျဖင့္ ခရစ္ဒက္ Zarni Zaya

Add a Comment

Your email address will not be published. Required fields are marked *