စေတနာ့ဝန်ထမ်းမလေးရဲ့ စိတ်ပျက်ပျက်နဲ့ ရေးထားတဲ့ စာ
|အသက်ပေးမယ့်လို့ ဆုံးဖြတ်တဲ့သူတွေ စိတ်ပျက်အောင် မလုပ်ကြပါနဲ့လူကြီးတို့
ကျမ လည်းလူသား ထဲက လူတစ်ယောက်မို့ ရောဂါဖြစ်မှာ ကူးမှာသေ ရမှာကြောက်ပါတယ်ရှင် ကျမခံယူချက်ကတော့ ရှင်းပါတယ် အစတည်း ဘယ်ချိန်သေရမလဲဆိုတာ မသိတာမို့ မသေခင်ချိန်လေးမှာ
ကိုယ်လုပ်နိုင်သလောက်ကိုလုပ်ပေးသွားမယ်လို့ ဆုံးဖြတ်ပီး covid 19 volunteer စရင်းပေးခဲ့တာပါမိဘတွေ ကိုတောင် အသိမပေး ခဲ့ပါဘူး။
ဘယ်လောက်ထိ ဆုံးဖြတ် ထားလဲဆိုရင် တကယ်လို့များ ကိုယ်သာ positiveဖြစ်သွား ခဲ့ရင် လူနာခန်းထဲမှာ လုပ်စရာ ရှိတဲ့အလုပ်တွေကို ကိုယ်ပဲ လုပ်ပေးသွားမယ်လို့ ဆုံးဖြတ် ထားတယ်။
ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် ကူညီ သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါက ကျမတစ်ယောက်ထဲ မဟုတ်ပါဘူး duty လာဆင်းတဲ့ သူတိုင်းက ဒီစိတ်ပါပဲ။
ကျေးဇူးပြုပီး ကျမတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေ ကျဆင်းသွားအောင် ကျမတို့ရဲ့လူကြီးတွေကိုယ်တိုင်မလုပ်ကြပါနဲ့ရှင်။ ကျမတို့ အလုပ်အဆင်မပြေတဲ့အကြောင်းလေးတွေကိုပြောပြရင် နားထောင်ပီးဖြေရှင်းပေးကြပါ။
ကျမတို့ကို ဘယ်သူ့ကိုတိုင်လိုက်ရမလား ဘာလုပ်လိုက်ရမလဲဆိုတာမျိုး ဖိအားမပေးကြပါနဲ့ရှင်။ လူကြီးမင်းတို့ ဖိအားပေးတိုင်းလည်း ကျမ မကြောက်ပါဘူးရှင်။
ဒီနေ့ ကျမ အစ်မ နှစ်ယောက် မျက်ရည်ကျ ရတယ်။ အင်မတန်မှကို ဝမ်းနည်းစိတ်ပျက်မိပါတယ်ရှင်။ ကပ်ရောဂါကြီးဖြစ်နေတဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမရင်း အခက်အခဲတွေ ကိုကျော်လွှားကြရအောင်နော်။
လူကြီးမင်းတို့
လေးစားစွာဖြင့် ခရစ်ဒက်
Khin Aye Nwe
အသက္ေပးမယ့္လို႔ ဆုံးျဖတ္တဲ့သူေတြ စိတ္ပ်က္ေအာင္ မလုပ္ၾကပါနဲ႔လူႀကီးတို႔
က်မ လည္းလူသား ထဲက လူတစ္ေယာက္မို႔ ေရာဂါျဖစ္မွာ ကူးမွာေသ ရမွာေၾကာက္ပါတယ္ရွင္ က်မခံယူခ်က္ကေတာ့ ရွင္းပါတယ္ အစတည္း ဘယ္ခ်ိန္ေသရမလဲဆိုတာ မသိတာမို႔ မေသခင္ခ်ိန္ေလးမွာ
ကိုယ္လုပ္ႏိုင္သေလာက္ကိုလုပ္ေပးသြားမယ္လို႔ ဆုံးျဖတ္ပီး covid 19 volunteer စရင္းေပးခဲ့တာပါမိဘေတြ ကိုေတာင္ အသိမေပး ခဲ့ပါဘူး။
ဘယ္ေလာက္ထိ ဆုံးျဖတ္ ထားလဲဆိုရင္ တကယ္လို႔မ်ား ကိုယ္သာ positiveျဖစ္သြား ခဲ့ရင္ လူနာခန္းထဲမွာ လုပ္စရာ ရွိတဲ့အလုပ္ေတြကို ကိုယ္ပဲ လုပ္ေပးသြားမယ္လို႔ ဆုံးျဖတ္ ထားတယ္။
ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ ထိေတြ႕မႈ နည္းႏိုင္သမွ်နည္းေအာင္ ကူညီ သြားမယ္လို႔ ဆုံးျဖတ္ထားတယ္။ ဒါက က်မတစ္ေယာက္ထဲ မဟုတ္ပါဘူး duty လာဆင္းတဲ့ သူတိုင္းက ဒီစိတ္ပါပဲ။
ေက်းဇူးျပဳပီး က်မတို႔ရဲ႕ စိတ္ဓာတ္ခြန္အားေတြ က်ဆင္းသြားေအာင္ က်မတို႔ရဲ႕လူႀကီးေတြကိုယ္တိုင္မလုပ္ၾကပါနဲ႔ရွင္။ က်မတို႔ အလုပ္အဆင္မေျပတဲ့အေၾကာင္းေလးေတြကိုေျပာျပရင္ နားေထာင္ပီးေျဖရွင္းေပးၾကပါ။
က်မတို႔ကို ဘယ္သူ႔ကိုတိုင္လိုက္ရမလား ဘာလုပ္လိုက္ရမလဲဆိုတာမ်ိဳး ဖိအားမေပးၾကပါနဲ႔ရွင္။ လူႀကီးမင္းတို႔ ဖိအားေပးတိုင္းလည္း က်မ မေၾကာက္ပါဘူးရွင္။
ဒီေန႔ က်မ အစ္မ ႏွစ္ေယာက္ မ်က္ရည္က် ရတယ္။ အင္မတန္မွကို ဝမ္းနည္းစိတ္ပ်က္မိပါတယ္ရွင္။ ကပ္ေရာဂါႀကီးျဖစ္ေနတဲ့ အခ်ိန္မွာ တစ္ေယာက္ကို တစ္ေယာက္ ကူညီေဖးမရင္း အခက္အခဲေတြ ကိုေက်ာ္လႊားၾကရေအာင္ေနာ္။
လူႀကီးမင္းတို
ေလးစားစြာျဖင့္ ခရစ္ဒက္
Khin Aye Nwe