ပရိသတ်အရမ်းချစ်တဲ့ မေသန်းနု ထောင်က လွတ်လာပါပြီ
|ပရိသတ်တွေအရမ်းချစ်ရတဲ့ မင်းသမီးချော မေသန်းနုကတော့ တစ်ခေတ်တစ်ခါကတည်းကနေ အကယ်ဒမီဆုတွေကို သိမ်းပိုက်ရရှိခဲ့သလို အနုပညာလောကမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင်လာခဲ့တဲ့ ဝါရင့်ရုပ်ဆောင်
တစ်ဦးလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်ကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ မေသန်းနုက တကယ့်ကို အနုပညာအရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူးနော်။မကြာသေးခင်ကတော့
မေသန်းနုတစ်ယောက် ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ပြစ်ဒဏ်ကျခံခဲ့ရတာ ဖြစ်ပါတယ်။ မေသန်းနုတစ်ယောက် ပြစ်ဒဏ်ကျခံခဲ့ရတဲ့အပေါ် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးနဲ့ ပရိသတ်တွေအားလုံးက စိတ်မကောင်းဖြစ်ခဲ့
ရတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခုကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောပြထားတာ ဖြစ်ပါတယ်။ဒါကတော့ ဒီနေ့ဇူလိုင်လ (၁)ရက်
နေ့မှာပဲ သရုပ်ဆောင်မေသန်းနုတစ်ယောက် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီဆိုတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ စင်ရော်မောင်မောင်က “မဆင့် လွတ်လာပါပြီ ခင်ဗျာ” ဆိုပြီး သူ့ရဲ့ Facebook Page မှာ
ရေးသားပြီး အားလုံးကို အသိပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေသန်းနုတစ်ယောက် ပြစ်ဒဏ်ကနေ လွတ်မြောက်လာခဲ့ပြီဆိုတဲ့ ဝမ်းသာစရာသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Photo Credit-Zin Yaw Mg Mg’s FB Page
Zawgyi Version
ပရိသတ္ေတြအရမ္းခ်စ္ရတဲ့ မင္းသမီးေခ်ာ ေမသန္းႏုကေတာ့ တစ္ေခတ္တစ္ခါကတည္းကေန အကယ္ဒမီဆုေတြကို သိမ္းပိုက္ရရွိခဲ့သလို အႏုပညာေလာကမွာ ထိပ္ဆုံးေနရာကေန ရပ္တည္ေအာင္ျမင္လာခဲ့တဲ့ ဝါရင့္႐ုပ္ေဆာင္
တစ္ဦးလည္း ျဖစ္ပါတယ္။ ဆယ္စုႏွစ္ေက်ာ္ၾကာေအာင္ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ခဲ့တဲ့ ေမသန္းႏုက တကယ့္ကို အႏုပညာအရည္အခ်င္းျပည့္ဝတဲ့ သ႐ုပ္ေဆာင္တစ္ဦးဆိုရင္လည္း မမွားပါဘူးေနာ္။မၾကာေသးခင္ကေတာ့
ေမသန္းႏုတစ္ေယာက္ ေငြေၾကးလိမ္လည္မႈနဲ႔ တရားစြဲဆိုခံခဲ့ရၿပီး ျပစ္ဒဏ္က်ခံခဲ့ရတာ ျဖစ္ပါတယ္။ ေမသန္းႏုတစ္ေယာက္ ျပစ္ဒဏ္က်ခံခဲ့ရတဲ့အေပၚ အႏုပညာအသိုင္းအဝိုင္းတစ္ခုလုံးနဲ႔ ပရိသတ္ေတြအားလုံးက စိတ္မေကာင္းျဖစ္ခဲ့
ရတာလည္း ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ပရိသတ္ေတြအတြက္ ဝမ္းသာစရာသတင္းတစ္ခုကို သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေျပာျပထားတာ ျဖစ္ပါတယ္။ဒါကေတာ့ ဒီေန႔ဇူလိုင္လ (၁)ရက္
ေန႔မွာပဲ သ႐ုပ္ေဆာင္ေမသန္းႏုတစ္ေယာက္ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီဆိုတဲ့ သတင္းေလးပဲ ျဖစ္ပါတယ္။ စင္ေရာ္ေမာင္ေမာင္က “မဆင့္ လြတ္လာပါၿပီ ခင္ဗ်ာ” ဆိုၿပီး သူ႔ရဲ႕ Facebook Page မွာ
ေရးသားၿပီး အားလုံးကို အသိေပးထားတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ေမသန္းႏုတစ္ေယာက္ ျပစ္ဒဏ္ကေန လြတ္ေျမာက္လာခဲ့ၿပီဆိုတဲ့ ဝမ္းသာစရာသတင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source & Photo Credit-Zin Yaw Mg Mg’s FB Page