ဝက်အူချောင်း နှုတ်ခမ်း နဲ့ ကမ္ဘာ့နံပါတ်တစ် ဖြစ်ဖို့ကြိုးစားနေတဲ့ ကောင်မလေး
|ကမ္ဘာမှာ မိန်းကလေးတွေဟာ အံ့သြစရာကောင်းတဲ့ နတ်မိမယ်လေးတွေ ဖြစ်ပါတယ်နော်
မိန်းကလေး အချို့ဟာ မိမိရဲ့ မွေးရာပါအလှတရားကို စွန့်ပယ်ပြီးတော့ တမင်ဖန်တီးသော လှမည်ထင်သည့်အရာတွေနဲ့ အစားထိုးဖို့ဆိုဝန်မလေးကြပါဘူး။ မိန်းကလေးအများစုဟာ ဖား ၊ မြွေ ၊ အိမ်မြောင်တွေ ကို မြင်တာ
နဲ့ ကြောက်တတ်ကြပေမယ့် ကိုယ့်အသားကို ခွဲထုတ် ၊ အတုထည့် အပ်နဲ့ချုပ်တဲ့ Operation တွေလုပ်ဖို့ကြတော့မတွန့်ဆုတ်ကြတာလဲ အံ့သြစရာပါပဲနော်။
ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဘူဂေးရီးယားမော်ဒယ် အင်ဒရီယာအိုင်ဗာနိုဗာ လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
သူမဟာဆိုရင် သူမရဲ့ သေးငယ်ပါးလျတဲ့ နှုတ်ခမ်းကို ပိုပြီး နှုတ်ခမ်းသား ထူဖို့အတွက် Filler တွေ ထိုးတာကို နှစ်သက်ပါတယ်တဲ့။ သူမ ရဲက အသက်ဟာ ၂၂ သာ ရှိသေးပေမယ့် Filler ထိုးတာကတော့ ၂၀ ကြိမ်တောင် ရှိသွားပြီလို့ သိရပါတယ်။ ကြောက်လန့်စရာပါနော်။ ဒါတွေက ဒီလောက်အထိ ထိုးဖို့ သင့်လျှော်တဲ့ အရာတွေ မဟုတ်ပါဘူး။ ဆရာဝန်တွေက ဖြောင့်ဖျပေမယ့် သူမရဲ့ စွဲလမ်းမှုကြောင့် လက်လျော့ခဲ့ရပါတယ်။
သူမဟာ နှုတ်ခမ်းအခုလို Filler ထိုးပြီးတိုင်း အင်စတာ ဂရမ်မှာ တက်ကြွားလေ့ရှိသလို အောက်ကနေ ကွန်မင့် ပေးသူတွေလည်း “နှုတ်ခမ်းထူထူလေး နဲ့ လှလိုက်တာ” “ပိုပြီးချစ်ဖို့ကောင်းလာတယ်” “နှုတ်ခမ်းကြီးကို ကြွေနေ
ပြီ” စတဲ့ ကွန်မင့် ပေါင်းစုံနဲ့ မြှောက်ပင့်ပေးကြတာအပေါ်မှာ နိုဗာ တစ်ယောက်ဟာ သာယာနေပုံပါပဲ။
သူမဟာ Filler တစ်ခါထိုးပြီးတိုင်း ၃ ရက်လောက် အစာမစားနိုင် ၊ အစားရှောင်ရတာတွေပင် လုပ်ရပေမယ့် ဒီအပေါ်မှာ စိတ်ပျက်မှုမရှိဘူးလို့ ဆိုပါတယ်။ သူမရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာပေါ်မှာ နှုတ်ခမ်းအကြီးဆုံး အမျိုးသမီးဖြစ်ဖို့ ကြိုးစားနေတာလို့ သိရပါတယ်။
အခုလို ဝက်အူချောင်းလို နှုတ်ခမ်းကြီး ဖြစ်နေတာတောင် သတိမဝင်ပဲ နံပါတ်တစ် ဖြစ်ဖို့အရေးသာ ကြိုးစားနေတဲ့ သူမ ကိုတော့ အချို့က ကွယ်ရာမှာ သနားစိတ်ဝင်ကြပါတယ်။
ပရိသတ်တွေအနေနဲ့ ရော သူမဟာ နှုတ်ခမ်းအကြီးဆုံး စာရင်းကိုပဲ ချောချောမွေ့မွေ့ ဝင်နိုင်မလား ၊ Filler တွေ အထိုးလွန်ပြီး နှုတ်ခမ်းရွဲပြဲသွားမလားဆိုတာကိုလည်း အောက်က ကွန်မင့်မှာ ဆွေးနွေးပေးခဲ့ဦးနော်။