ကမ္ဘာ့ကပ်ရောဂါ နောက်တစ်ခုဖြစ်လာနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုး တရုတ်မှာတွေ့ရှိ
Sharing is caring!
ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်နိုင်ငံမှာ သိပ္ပံပညာရှင်တွေ တွေ့ရှိ ဖော်ထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဝက်မွေးမြူရေးခြံတွေကို လေ့လာမှုပြုလုပ်ချိန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ဆေးစစ်မှုရလာဒ်တွေအရ
ဝက်မွေးမြူသူ (၁၀)ရာခိုင်နှုန်းဟာလည်း ဒီရောဂါပိုးကူးစက်ခံနေရပြီလို့ ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ဝက်တုပ်ကွေး အမျိုးအစားသစ်ဖြစ်ပြီး အခုအချိန်မှာတော့ အန္တရာယ်မရှိသေးဘူးလို့ တချို့ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
ဒီဗိုင်းရပ်စ်ဟာ တခြားတိရိစ္ဆာန်တွေထက် လူသားတွေကို ကူးစက်မှု ပိုမြန်ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ဆောင်လာမယ်ဆိုရင်တော့ သေသေချာချာ စောင့်ကြည့်ဂရုပြုဖို့လိုတယ်လို့ သုံးသပ်ထားကြပါတယ်။တရုတ် သုတေသီတွေ
ဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ် (၁၀) ခုမှာရှိတဲ့ ဝက်သားရုံတွေနဲ့ တိရိစ္ဆာန်ဆေးရုံတစ်ရုံမှာရှိတဲ့ ဝက်တွေရဲ့ အာခေါင် တို့ဖက်ပေါင်း (၃၀၀၀၀)ကို ရယူစစ်ဆေးခဲ့တာမှာ ဝက်တုပ်ကွေ အမျိုးအစားပေါင်း (၁၇၉) မျိုးကို တွေ့ရှိခဲ့ပါ
တယ်။အဲဒီဗိုင်းရပ်စ်တွေထဲကမှ ကမ္ဘာ့ကူးစပ်ကပ်ရောဂါ အဖြစ်အသွင်ဆောင်နိုင်တဲ့ ဝက်တုပ်ကွေးတစ်မျိုးကို သုတေသီတွေက တွေ့ရှိခဲ့တာပါ။ဝက်မွေးမြူရေးခြံမှာ အလုပ်လုပ်သူတွေရဲ့သွေးထဲမှာ ဗိုင်းရပ်စ်ပိုးပမာဏ အများအပြားရှိ
နေတာကို တွေ့ရှိခဲ့ပြီး လေ့လာမှုအရ ဝက်မွေးမြူရေးလုပ်သား ၁၀.၄% ဟာ ရောဂါပိုးကူးစက်ခံနေရပြီး သာမန်ပြည်သူတွေထဲမှာတော့ ပိုးကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူ ၄.၄% ရှိတယ်လို့ ဆိုပါတယ်။ချက်ချင်းတွေ့ကြုံနိုင်တဲ့ပြဿနာ
မဟုတ်သေးပေမဲ့ လူတွေကိုကို ကူးစက်နိုင်ချေမြင့်မားနိုင်တဲ့အချက်အလက်တွေ တွေ့နေရပြီး ဂရုတစိုက်စောင့်ကြည့်သင့်တယ်လို့လည်း သူတို့က အသိပေးပါတယ်။ ဗိုင်းရပ်စ်အသစ်ဖြစ်လို့ လူသားတွေမှာ ရောဂါခုခံနိုင်စွမ်းမရှိတာကို
တွေ့ကြုံရနိုင်ပါတယ်။ရာသီအလိုက်ဖြစ်ပွားတဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်တဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ဟာ ဒီဗိုင်းရပ်စ်ကူးစက်မှု ကိုတော့ ကာကွယ်ပေးမှာ မဟုတ်ဘူးလို့ လေ့လာမှုတွေအရ သိရပါတယ်။
Credit
Zawgyi Version
Credit
Add a Comment
Your email address will not be published.