ရန်ဘက်နိုင်ငံတွေကို အိပ်မက်ဆိုးမက်စေတဲ့ အမေရိကန်ရဲ့ လက်နက်ဆန်းတစ်မျိုး

Sharing is caring!

ဗုံးတစ်လုံးမှမကျဲရဘဲ တရုတ်ကို ကမ္ဘာ့မြေပုံပေါ်ကနေ ဖျောက်ပစ်နိုင်တဲ့ အမေရိကန်ရဲ့ လက်နက်ဆန်အမေရိကန်ဟာ တရုတ်မှမဟုတ်ပါဘူး သူနဲ့ ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အီရန်၊ အီရက်၊ မြောက်ကိုရီးယား၊ ရုရှား အစရှိတဲ့နိုင်ငံတွေကို အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့အနိုင်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ပြောရခြင်းက အမေရိကန်မှာ လျှိုု့ဝှက် လက်နက်ဆန်းတစ်ခု ရှိပြီး၊ အဲဒီ လက်နတ်ကတော့ သွေးထွက်သံရို မဖြစ်စေဘဲ လူသားတွေကို

ကမ္ဘာကြီးကနေ ဖျောက်ဖျက်ပစ်သွားမယ့် လက်နတ်မို့လို့ပါ။ဒီလိုပြောတဲ့အခါ စိတ်ကူးယဉ်အလွန်ဆန်တယ်လို့ အထင်ရှိကြပါလိမ့်မယ်။ တကယ်တော့ ခင်ဗျားတို့ ကျနော်တို့ မသိလိုက်ချိန်၊ စစ်အေးကာလကတည်းက အမေရိကန်ဟာ ဒီလက်နတ်ဆန်းကိုပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ စစ်အေးကာလအတွင်းမှာ အမေရိကန်တို့ဟာ Project Pluto ဆိုတဲ့ စီမံကိန်း စတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဆိုဗီယက်ကို တိုက်ခိုက်ဖို့ပါ။

အမေရိကန်ဟာ နယူကလီးယားစွမ်းအင်စနစ်နဲ့ Ramjet engine တွေကို ဖန်တီးခဲ့ပါတယ်။ အဆိုပါ ဖန်တီးမှုရဲ့အကျိုးဆက်က အနာဂတ်မှာ စစ်ပွဲဖြစ်လာခဲ့ရင် ဆိုဗီယက်မြေပေါ်ကိုနယူကလီးယားဒုံးကျည်တွေ အလွယ်တကူမြောက်အများ ကျဲချနိုင်ဖို့ ရည်ရွယ်ပါတယ်။ သို့သော်လည်း ဒီကြောက်စရာကောင်းတဲ့ နည်းစနစ်ဟာ ဒုတိယရည်ရွယ်ချက်ကို ပီပြင်စေတဲ့လမ်းစဖြစ်ခဲ့ပါတယ်။အဆိုပါ လက်နက်စနစ်ဟာ နိုင်ငံတစ်ခုရဲ့ ကောင်းကင်မှာ အဆုံးအစွန်မဲ့တောမ

သတ်နိုင်အောင် လှည့်ပတ်ပျံသန်းနေနိုင်စွမ်း ရှိတာပါ။ ဒီလို ပျံသန်းနေချိန်မှာ သွေးထွက်သံယိုကိစ္စတွေကိုဖန်တီးမှာ မဟုတ်ပါဘူး။ အလွန်မြင့်မားတဲ့ ရေဒီယိုသတ္တိကြွလှိုင်းစနစ်တွေကို ထုတ်လွှတ်နေမှာဖြစ်ပြီး၊ အဲဒီရေဒီယိုတ္တိကြွတဲ့နည်းနဲ့ နောက်ဆုံး ပေါက်ကွဲမှုမပြုခင် လပေါင်းများစွာရန်သူတွေကို ဒုက္ခပေးနိုင်ပါတယ်။အဲဒီစီမံကိန်းကို ဒေါက်တာ Theodore Charles Merkle က ဦးဆောင်ကိုင်တွယ်ခဲ့တာပါ။ ဒီစီမံကိန်းဟာ ကယ်လီဖိုးနီးယားပြည်နယ်၊

လစ်ဗ်မိုးမှာ အခြေတည်ခဲ့ပြီး၊ US Air Force နဲ့ USAtomic Energy Commission တို့ ပူးပေါင်းပြီး (၁၉၆၁)ခုနှစ်နဲ့၊ (၁၉၆၄)ခုနှစ်တွေမှာ ကြောက်စရာကောင်းတဲ့ စမ်းသပ်မှုနှစ်ခုကို United States Department of Energy NevadaTest Site (NTS) မှာ ပူပေါင်းပြုလုပ်ခဲ့ပါတယ်။အဲဒီတုန်းကတည်းက အမေရိကန် မယိမ်းတဲ့ သတင်းစာတွေဟာ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ တွန်းအားပေးခဲ့ပြီး၊ ကန်အနေနဲ့လည်း နောက်ပိုင်းမှာတော့ ဒီလက်

နတ်ဆန်းဟာ ဂုဏ်ယူကြွားဝါစရာကိစ္စတစ်ခုမဟုတ်မှန်း ရိပ်မိခဲ့ပုံပါ။ ဒါကြောင့် အဲဒီအကြောင်းကို ပြည်ဖုံးကားချလိုက်ကြပါတယ်။ ဒါပေမယ့် သေချာတာကတော့ အဲဒီလက်နတ်ဆန်းဟာ နိုင်ငံတစ်ခုကို သေနတ်တစ်ချက်မဖောက်လိုက်ရပါဘဲ ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ်သွားစေနိုင်ပါသတဲ့။

ဘာသာပြန်-လင်းသုတ
Ref ; Express

Zawgyi Version

ဗုံးတစ္လုံးမွမက်ဲရဘဲ တ႐ုတ္ကို ကမာၻ႔ေျမပုံေပၚကေန ေဖ်ာက္ပစ္ႏိုင္တဲ့ အေမရိကန္ရဲ႕ လက္နက္ဆန္အေမရိကန္ဟာ တ႐ုတ္မွမဟုတ္ပါဘူး သူနဲ႔ ရန္ဘက္ႏိုင္ငံေတြျဖစ္တဲ့ အီရန္၊ အီရက္၊ ေျမာက္ကိုရီးယား၊ ႐ုရွား အစရွိတဲ့ႏိုင္ငံေတြကို ေအးေအးေဆးေဆး သက္ေတာင့္သက္သာနဲ႔အႏိုင္ယူႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီလို ေျပာရျခင္းက အေမရိကန္မွာ လွ်ိဳု႔ဝွက္ လက္နက္ဆန္းတစ္ခု ရွိၿပီး၊ အဲဒီ လက္နတ္ကေတာ့ ေသြးထြက္သံ႐ို မျဖစ္ေစဘဲ လူသားေတြကို

ကမာၻႀကီးကေန ေဖ်ာက္ဖ်က္ပစ္သြားမယ့္ လက္နတ္မို႔လို႔ပါ။ဒီလိုေျပာတဲ့အခါ စိတ္ကူးယဥ္အလြန္ဆန္တယ္လို႔ အထင္ရွိၾကပါလိမ့္မယ္။ တကယ္ေတာ့ ခင္ဗ်ားတို႔ က်ေနာ္တို႔ မသိလိုက္ခ်ိန္၊ စစ္ေအးကာလကတည္းက အေမရိကန္ဟာ ဒီလက္နတ္ဆန္းကိုပိုင္ဆိုင္ထားၿပီး ျဖစ္ပါတယ္။ စစ္ေအးကာလအတြင္းမွာ အေမရိကန္တို႔ဟာ Project Pluto ဆိုတဲ့ စီမံကိန္း စတင္ခဲ့ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ ဆိုဗီယက္ကို တိုက္ခိုက္ဖို႔ပါ။

အေမရိကန္ဟာ နယူကလီးယားစြမ္းအင္စနစ္နဲ႔ Ramjet engine ေတြကို ဖန္တီးခဲ့ပါတယ္။ အဆိုပါ ဖန္တီးမႈရဲ႕အက်ိဳးဆက္က အနာဂတ္မွာ စစ္ပြဲျဖစ္လာခဲ့ရင္ ဆိုဗီယက္ေျမေပၚကိုနယူကလီးယားဒုံးက်ည္ေတြ အလြယ္တကူေျမာက္အမ်ား က်ဲခ်ႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။ သို႔ေသာ္လည္း ဒီေၾကာက္စရာေကာင္းတဲ့ နည္းစနစ္ဟာ ဒုတိယရည္႐ြယ္ခ်က္ကို ပီျပင္ေစတဲ့လမ္းစျဖစ္ခဲ့ပါတယ္။အဆိုပါ လက္နက္စနစ္ဟာ ႏိုင္ငံတစ္ခုရဲ႕ ေကာင္းကင္မွာ အဆုံးအစြန္မဲ့ေတာမ

သတ္ႏိုင္ေအာင္ လွည့္ပတ္ပ်ံသန္းေနႏိုင္စြမ္း ရွိတာပါ။ ဒီလို ပ်ံသန္းေနခ်ိန္မွာ ေသြးထြက္သံယိုကိစၥေတြကိုဖန္တီးမွာ မဟုတ္ပါဘူး။ အလြန္ျမင့္မားတဲ့ ေရဒီယိုသတၱိႂကြလႈိင္းစနစ္ေတြကို ထုတ္လႊတ္ေနမွာျဖစ္ၿပီး၊ အဲဒီေရဒီယိုတၱိႂကြတဲ့နည္းနဲ႔ ေနာက္ဆုံး ေပါက္ကြဲမႈမျပဳခင္ လေပါင္းမ်ားစြာရန္သူေတြကို ဒုကၡေပးႏိုင္ပါတယ္။အဲဒီစီမံကိန္းကို ေဒါက္တာ Theodore Charles Merkle က ဦးေဆာင္ကိုင္တြယ္ခဲ့တာပါ။ ဒီစီမံကိန္းဟာ ကယ္လီဖိုးနီးယားျပည္နယ္၊

လစ္ဗ္မိုးမွာ အေျခတည္ခဲ့ၿပီး၊ US Air Force နဲ႔ USAtomic Energy Commission တို႔ ပူးေပါင္းၿပီး (၁၉၆၁)ခုႏွစ္နဲ႔၊ (၁၉၆၄)ခုႏွစ္ေတြမွာ ေၾကာက္စရာေကာင္းတဲ့ စမ္းသပ္မႈႏွစ္ခုကို United States Department of Energy NevadaTest Site (NTS) မွာ ပူေပါင္းျပဳလုပ္ခဲ့ပါတယ္။အဲဒီတုန္းကတည္းက အေမရိကန္ မယိမ္းတဲ့ သတင္းစာေတြဟာ ေဝဖန္တိုက္ခိုက္မႈေတြနဲ႔ တြန္းအားေပးခဲ့ၿပီး၊ ကန္အေနနဲ႔လည္း ေနာက္ပိုင္းမွာေတာ့ ဒီလက္

နတ္ဆန္းဟာ ဂုဏ္ယူႂကြားဝါစရာကိစၥတစ္ခုမဟုတ္မွန္း ရိပ္မိခဲ့ပုံပါ။ ဒါေၾကာင့္ အဲဒီအေၾကာင္းကို ျပည္ဖုံးကားခ်လိုက္ၾကပါတယ္။ ဒါေပမယ့္ ေသခ်ာတာကေတာ့ အဲဒီလက္နတ္ဆန္းဟာ ႏိုင္ငံတစ္ခုကို ေသနတ္တစ္ခ်က္မေဖာက္လိုက္ရပါဘဲ ကမာၻ႔ေျမပုံေပၚက ေပ်ာက္ကြယ္သြားေစႏိုင္ပါသတဲ့။

ဘာသာျပန္-လင္းသုတ
Ref ; Express

Add a Comment

Your email address will not be published. Required fields are marked *