“လူပျို” သီချင်းနဲ့ ပတ်သတ်ပြီး ပရိတ်သတွေကို တောင်းပန်လိုက်တဲ့ တေးသံရှင်မနော

Sharing is caring!

တေးသံရှင်မနောကတော့ အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့တစ်ခဲနက်ဝန်းရံအားပေးခြင်းရရှိလာတဲ့အဆိုတော်တစ်ယောက်ပါ။ အားပေးကြတဲ့ပရိသတ်တွေအတွက် သီချင်းတွေလည်းဆက်တိုက်ဖန်တီးနေသလို လွန်ခဲ့တဲ့ရက်ပိုင်း
ကလည်း ရတနာပုံတက္ကသိုလ်မှာ သွားရောက်ရောက်ကူးထားခဲ့တဲ့ “လူပျို” ဆိုတဲ့သီချင်းလေးကို မျှဝေခဲ့ပါတယ်။ဒါပေမယ့် ဒီသီချင်းထဲမှာတော့ မိန်းကလေးတွေအပေါ် စိတ်ပိုင်း၊လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်တဲ့ အပြုအမူပုံ

ရိပ်တွေပါဝင်တဲ့အပြင် တက္ကသိုလ်ကျောင်းသားတွေ ဒီလိုတွေလုပ်နေတာလားဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေတဲ့ ဗွီဒီယိုဖန်တီးမှုတို့ကြောင့် ရတနာပုံတက္ကသိုလ်ကျောင်းသားအဖွဲ့ကတော့ တေးသံရှင်မနောနဲ့အဖွဲ့သားတွေကို ဒီ
ကိစ္စနဲ့ပတ်သက်ပြီးတစ်ပတ်အတွင်း တောင်းပန်ဖို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ဒီနေ့မှာတော့ မနောက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “မင်္ဂလာပါ….လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျွန်တော် တောင်းပန်ပါ့

မယ်ခင်ဗျာ…. အခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်… ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှုသူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပါ

တယ် .. မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ…. ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ်ာင်းပန်အပ်ပါတယ်ခင်ဗျာ” ဆိုပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ဒါ့အပြင် သူ့ရဲ့အမှားကို အကြံပြုပေးခဲ့တဲ့ ညီလေး၊ညီမလေးတွေ ကျေနပ်တဲ့အထိတောင်းပန်သွားမှာဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာကတောင်းပန်တာကို ကျေနပ်မှုမရှိသေးရင်

လည်း ကိုယ်တိုင်လာရောက်တောင်းပန်သွားမယ့်အကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ရတနာပုံတက္ကသိုလ်ကျောင်းသားများနဲ့ သဘောထားကွဲလွဲပြီး ဒီလိုအခြေအနေထိရောက်ခဲ့ရတဲ့ မနောရဲ့ လူပျို သီချင်းလေးကို ပြန်လည်
မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရဲ့ အမြင်လေးလည်း မှတ်ချက်ပေးခဲ့ပါဦး။

Source – မနော Manaaw

Rainbow- Cele Gabar

Zawgyi Version






Source – မနော Manaaw

Rainbow- Cele Gabar

Add a Comment

Your email address will not be published.