အလောင်း(၁၅၀) ကျော် ရှာတွေ့ခဲ့ပြီး ဆက်လက်ရှာဖွေနေတဲ့ ဖာကန့်မြေပြိုမှုမှ စိတ်မကောင်းစရာ မြင်ကွင်းများ

Sharing is caring!

ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါ ကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်များတွင် မှော်တွင်းမြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရာကျော်သေဆုံးခဲ့ပြီး

ရှာဖွေရေးအဖွဲ့နှင့်တပ်မတော်သားများမှ ရုပ်အလောင်း ( ၁၅၀ ) ကျော်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံရေမဆေးကျောက်ရှာသူ ကိုထွေးမှပြောပြပါတယ် ။” စောစောကညနေပိုင်းအထိရှာတွေ့တဲ့ရုပ်အလောင်းတွေ ၁၅၀ကျော်သွား

ပြီခင်ဗျ ၊ ကျွန်တော်တို့ကကံကောင်းတာပါ ၊ ဒီနေ့မှမသွားဖြစ်တာပါ ”ရေမဆေးကျောက်ရှာသူများသည် ကုမ္ပဏီတွေတူးဖော်နေကြချိန် သွန့်ပစ်မြေစာထဲမှာသာ ရှာဖွေရပြီးအချိန်ကန့်သတ်ထားကြတာမို့ ယခုလိုမိုးတွင်းကာလမှာမ္ပဏီ

တွေရုပ်သိမ်းပြီးအနားယူနေကြတဲ့အချိန် လွတ်လွတ်လပ်လပ်ရှာဖွေတူးဖော်ခွင့်ရှိကြသဖြင့် ဇူလိုင်လ ၁ ရက်နေ့မှစပြိးတူးခွင့်ရခဲ့ကြတာလို့ကိုထွေးကပြောပြပါတယ် ။မောက်တောင်ပြိုကျသည့်နေရာတွင်ညနေပိုင်းက ရှာဖွေကယ်

ဆေးရေးအဖွဲ့တွေမှ နောက်ထပ် ရုပ်အလောင်း ၃၀ ထပ်မံရှာဖွေတွေ့ရှိခဲ့ကြင်္ပြးကျင်းထဲမှတဆင့် ဝှေခါသုသာန်သို့ နယ်မြေခံတပ်မတော်သားများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့

( ၁၀ ) ဖွဲ့

နီးပါးကအင်တိုက်အားတိုက်နဲ့ဆယ်ယူပို့ဆောင်ပေးနေကြတယ်လို့ ” ဝှေခါပရဟိတလူမှုကူညီရေးအသင်း ” မှရုံးနာဝန်ခံ ကိုဝင်းနိုင်မှပြောပြပါတယ် ။” ကျွန်တော်တို့နောက်ဆုံးသတင်းအရကတော့ နောက်ထပ် အလောင်း ၃၀

ထပ်

တွေ့ထားတယ်ဆိုတော့ ၁၅၀ ကျော်လောက်ပါပြီ ၊ ဒီမှာကရာသီဥတုကဆက်တိုက်မိုးရွာလိုက်ရပ်လိုက်ဆိုတော့ ကယ်ဆယ်ရေးသမားတွေရဲ့အန္တရာယ်ကိုလည်းကြည့်ရပါတယ် ၊ ဒီနေ့ရှာဖွေမှုတွေကို ၃ ကြိမ်ခဏရပ်နားပြီး ယခု

အချိန်

အထိကြိုးစားရှာဖွေနေဆဲပါဘဲ ” လို့ဆိုပါတယ် ။ဒေသခံတွေရဲ့ခန့်မှန်းချက်ကတော့ရေမဆေးကျောက်ရှာကြတဲ့ ကျောက်တူးသမားအရေအတွက်အင်အားဟာအနည်းဆုံး ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိကြတဲ့အတွက်သေဆုံးသူဦးရေဟာ

တိတိကျကျခန့်မှန်းလို့မရနိုင်သေးကြောင်းနှင့်မနက်ဖြန်မှာလည်းရှာဖွေရေးတွေဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းသတင်းရရှိပါသည် ။

Photo Crd

#SiThuMaung

Zawgyi Version






( ၁၀ ) ဖွဲ့


ထပ်


အချိန်



Photo Crd

#SiThuMaung

Add a Comment

Your email address will not be published. Required fields are marked *