သိန်း (၁၀၀ ) ထီပေါက်သွားပေမယ့် ဘဝမမေ့သွားတဲ့ ကွမ်းသီးပွဲရုံအလုပ်သမလေးရဲ့ လေးစားဖွယ် လုပ်ရပ်

Sharing is caring!

မော်လမြိုင် NWT ကွမ်းသီးပွဲရုံမှ သိန်း(၁၀၀)ပေါက်တဲ့ အလုပ်သမမှ အလုပ်ရှင်ရဲ့စီမံပေးမှုနဲ့ ဘဝတူ အလုပ်သမတွေကို ကူညီထောက်ပံ့ပေးပါပြီ

အလုပ်ရှင်မိသားစုရဲ့စီမံပေးမှုနဲ့ ထီသိန်း(၁၀၀) ကံထူးခဲ့သည့် ကွမ်းသီးပွဲရုံအလုပ်သမ မော်လမြိုင်မြို့သီရိမြိုင်(၁၂)လမ်းနေ မစန်းစန်းနွယ် မိသားစုမှ သူမနဲ့ အတူတူ အလုပ်လုပ်တဲ့ မော်လမြိုင် စမ်းကြီးရပ် ဦးနေဝင်းသူရဲ့ (NWT)ကွမ်းသီးပွဲရုံမှ

ဘဝတူ အလုပ်သမ (၄၀)ကျော်ကို တစ်ဦးချင်းစီအလိုက်တတ်နိုင်သလောက် အလှူအဖြစ် ဆန်/ဆီ/ကြက်သွန် ဖြူနီ/ငါးသေတ္တာ/ဆပ်ပြာမှုန့်/ ခေါင်းလျှော်ရည်/ကော်ဖီမစ်/ ခေါက်ဆွဲခြောက်စသည့် မီးဖိုးချောင်သုံး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ပါပြီ။

(၁)သိန်းဆုပေါက်တဲ့ မထက်နန္ဒာနဲ့ အလုပ်ရှင်မိသားစုမှလည်း လိုအပ်တာတွေကို ထပ်မံဖြည့်စွက် လှူဒါန်းပေးပါတယ်။ ဒါအပြင် ပြည်သူလူထုအကျိုးကို ဘက်ပေါင်းစုံမှ အင်အားပြည့် ကူညီနေတဲ့

မော်လမြိုင်မြို့ခံပရဟိတအသင်း တသင်းဖြစ်တဲ့ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ သို့လည်း အလှူငွေ (၁)သိန်းကျပ် ဆက်သွယ်လှူဒါန်းပေးခဲ့ပါသည်။

သူမတို့ရဲ့ အလှူကို ဝမ်းသာပီတိဖြစ်ရသလို ဘဝတူချင်း ရိုင်းပင်းကူညီတဲ့ စိတ်ဓါတ်လေးတွေကို တကယ် လေးစားမိပါတယ်။…ဒီလို ကူညီဖြစ်အောင် စီမံဆောင်ရွက်ပေးတဲ့ ပွဲရုံအလုပ်ရှင် ဦးနေဝင်းသူ တို့ မိသားစုကိုလည်း တကယ်ချီးကျူးမိပါတယ်။

တကယ်မရှိတဲ့ လက်လုပ်လက်စားတွေ ပေါက်ပြီး ဘဝတူအချင်းချင်း ကိုယ်ချင်းစာနာတတ်တဲ့ သူတွေအတွက် သာဓု … အကြိမ်ကြိမ်အခါခါ ခေါ်ဆိုမိပါတယ်ဗျာ။မိတ်ဆွေတို့လည်း သာဓုခေါ်ပေးကြပါဦးနော်

ေမာ္လၿမိဳင္ NWT ကြမ္းသီးပြဲ႐ုံမွ သိန္း(၁၀၀)ေပါက္တဲ့ အလုပ္သမမွ အလုပ္ရွင္ရဲ႕စီမံေပးမႈနဲ႔ ဘဝတူ အလုပ္သမေတြကို ကူညီေထာက္ပံ့ေပးပါၿပီ

အလုပ္ရွင္မိသားစုရဲ႕စီမံေပးမႈနဲ႔ ထီသိန္း(၁၀၀) ကံထူးခဲ့သည့္ ကြမ္းသီးပြဲ႐ုံအလုပ္သမ ေမာ္လၿမိဳင္ၿမိဳ႕သီရိၿမိဳင္(၁၂)လမ္းေန မစန္းစန္းႏြယ္ မိသားစုမွ သူမနဲ႔ အတူတူ အလုပ္လုပ္တဲ့ ေမာ္လၿမိဳင္ စမ္းႀကီးရပ္ ဦးေနဝင္းသူရဲ႕ (NWT)ကြမ္းသီးပြဲ႐ုံမွ

ဘဝတူ အလုပ္သမ (၄၀)ေက်ာ္ကို တစ္ဦးခ်င္းစီအလိုက္တတ္ႏိုင္သေလာက္ အလႉအျဖစ္ ဆန္/ဆီ/ၾကက္သြန္ ျဖဴနီ/ငါးေသတၱာ/ဆပ္ျပာမႈန္႔/ ေခါင္းေလွ်ာ္ရည္/ေကာ္ဖီမစ္/ ေခါက္ဆြဲေျခာက္စသည့္ မီးဖိုးေခ်ာင္သုံး စားနပ္ရိကၡာမ်ား ကူညီေထာက္ပံ့ေပးခဲ့ပါၿပီ။

(၁)သိန္းဆုေပါက္တဲ့ မထက္နႏၵာနဲ႔ အလုပ္ရွင္မိသားစုမွလည္း လိုအပ္တာေတြကို ထပ္မံျဖည့္စြက္ လႉဒါန္းေပးပါတယ္။ ဒါအျပင္ ျပည္သူလူထုအက်ိဳးကို ဘက္ေပါင္းစုံမွ အင္အားျပည့္ ကူညီေနတဲ့

ေမာ္လၿမိဳင္ၿမိဳ႕ခံပရဟိတအသင္း တသင္းျဖစ္တဲ့ ေမာ္လၿမိဳင္ RESCUE လူမႈကယ္ဆယ္ေရးအဖြဲ႕ သို႔လည္း အလႉေငြ (၁)သိန္းက်ပ္ ဆက္သြယ္လႉဒါန္းေပးခဲ့ပါသည္။

သူမတို႔ရဲ႕ အလႉကို ဝမ္းသာပီတိျဖစ္ရသလို ဘဝတူခ်င္း ႐ိုင္းပင္းကူညီတဲ့ စိတ္ဓါတ္ေလးေတြကို တကယ္ ေလးစားမိပါတယ္။…ဒီလို ကူညီျဖစ္ေအာင္ စီမံေဆာင္႐ြက္ေပးတဲ့ ပြဲ႐ုံအလုပ္ရွင္ ဦးေနဝင္းသူ တို႔ မိသားစုကိုလည္း တကယ္ခ်ီးက်ဴးမိပါတယ္။

တကယ္မရွိတဲ့ လက္လုပ္လက္စားေတြ ေပါက္ၿပီး ဘဝတူအခ်င္းခ်င္း ကိုယ္ခ်င္းစာနာတတ္တဲ့ သူေတြအတြက္ သာဓု အႀကိမ္ႀကိမ္အခါခါ ေခၚဆိုမိပါတယ္ဗ်ာ။

မိတ္ေဆြတို႔လည္း သာဓုေခၚေပးၾကပါဦးေနာ္

Add a Comment

Your email address will not be published. Required fields are marked *