ပညာရေးဝန်ကြီးဌာနရဲ့ For Show တွေကို ဖွင့်ချလိုက်တဲ့ ကျောင်းသားမိဘတစ်ဦး
|For show တွေက ဘယ်တော့မှ ခေတ်မကုန်ဘူးနော်။ကျူရှင်အိမ်က မနက်ဖြန်ခွင့်ယူမတဲ့။ ဘာလို့တုန်းဆိုတော့ ကျောင်းမှာရိုက်ကူးရေးရှိလို့တဲ့။ ဘာကိုရိုက်ကူးမတုန်းဆိုတော့ ကိုဗစ်ကာလမှာ ကျောင်းတွေမှာဘယ်လို rotec-
tion တွေလုပ်ပြီး သင်ကြတယ်ဆိုတာ ပြမလို့တဲ့။ ဟမ် ဒါနဲ့ ကျောင်းကဖွင့်ပလားဆိုတော့ မဖွင့်သေးဘူးလေတဲ့။ ကျောင်းမဖွင့်သေးဘဲ ကျောင်းမှာကိုဗစ်အတွင်း ဘယ်လိုစာသင်တယ်ဆိုတာ ရိုက်ပြတယ်ဆိုကတည်းက ဆင်ပြီး
ရိုက်တာကြီးမဟုတ်ဘူးလား။ ပြီးတော့ ရိုက်တဲ့ကျောင်းက နာမည်ကြီးကြီး ဈေးကြီးကြီး စိန့်ကျောင်းကြီး။ facilities တွေ စုံတာကိုး။ တီဗီထဲက ကြက်ကြော်ကိုက်ပြတာကို ငပိရည်နဲ့ထမင်းစားရင်း စိတ်ကူးနဲ့အရသာခံရသလိုပဲ
facility စုံတဲ့ စိန့်ကျောင်းကြီးမှာ ဒီလိုအခန်းတွေခွဲပါတယ် ဒီလို space တွေခြားပါတယ်လို့ တီဗီကနေ ဝါဒဖြန့်ပြတာကို တစ်ခန်းလူခြောက်ဆယ်လောက်ရှိပြီး တစ်ခန်းနဲ့တစ်ခန်းကြား ထရံပဲကာနိုင်တဲ့လို space တွေခြားပါတယ်
လို space တွေခြားပါတယ်လို့ တီဗီကနေ ဝါဒဖြန့်ပြတာကို တစ်ခန်းလူခြောက်ဆယ်လောက်ရှိပြီး တစ်ခန်းနဲ့တစ်ခန်းကြား ထရံပဲကာနိုင်တဲ့ တောကျောင်းနယ်ကျောင်းရပ်ကွက်ကျောင်းလေးတွေက မစားရဝခမန်း လိုက်ကြည့်ရဦး
မယ်။ ပြီးတော့ ရိုက်ပြတာကလည်း အထက်တန်းတွေ။ ရောဂါပိုးဆိုတာ ကောင်းကောင်းနားလည်ပြီး သေရမှာလည်းကြောက်တဲ့အရွယ်တွေ။ ဒါတွေနဲ့ for show ပြပြီး မူလတန်းတွေပါ ပြန်ဖွင့်ရင်တော့ ကိုယ့်အိမ်မှာတောင်ကိုယ်
လက်သေချာမဆေးတတ်သေး၊ mask ကို နာရီဝက်ပြည့်အောင်ဝတ်မထားတတ်တဲ့ ကလေးပိစိတွေနဲ့ အတော်အဆင်တွေပြေနေပါဦးမယ်။ကျောင်းဖွင့်ခြင်း မဖွင့်ခြင်းကို ဆွေးနွေးလိုတာမဟုတ်၊ အဲဒါကသပ်သပ်ဆွေးနွေးရမယ့်
ခေါင်းစဉ်တစ်ခု။ အခုက ဝါဒဖြန့် propaganda လုပ်တာတောင် အောက်ခြေလူတန်းစားကို ထည့်မစဉ်းစားတာကို ပြောချင်တာ။ လက်တစ်ဆုပ်စာ ကျောင်းအကောင်းလေးတွေက အထက်တန်းကလေးတွေကို ဇာတ်လမ်းဆင်ရိုက်
ပြပြီး အားလုံးကောင်းတယ် ဒီမှာတွေ့လား ကျောင်းပြန်တက်ကြဆို လုပ်ပြမယ့်ဟာကို အသည်းပေါက်တာ။
Credit=Julia Metalrose
Zawgyi Version