မကွေးတိုင်းမှာ ဒီလို ရှေ့ပြေးနှံကောင်မျိုးတွေ တွေ့နေရပြီဗျိုးးး :O

Sharing is caring!

မကွေးတိုင်း၊ မကွေးမြို့နယ် ၊ ကျူချောင်းကျေးရွာ မှာ စတင်ကျရောက်လာပြီဖြစ်သည့် ဓါးခုတ်ကောင်( သို့ ) နှံမ ( Yellow Spotted Grass Hopper ) များကျူချောင်း ကျေးရွာ က မကွေးမြို့နယ် ထဲ ပါပေမဲ့ နတ်မောက်မြို့နယ်

နှင့် ပိုနီးပါတယ်မြို့နယ် စိုက်ပျိုးရေဌာနကတော့ မနက်ဖြန် ဆင်းကြည့်မယ်လို့ သိရပါတယ်….ဒီအကောင်တွေက ယခုလက်ရှိ အိ န္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကျိုင်းကောင်တွေနှင့် ဆက်စပ်မှုရှိမရှိ မသိရသေးပါဘူးစိုက်ပျိုးရေး၊းမြူရေး

နှင့် ဆည်မြောင်းဝန်ကြီးဌာန ကတော့ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၃ ခုကို ကန္တာရကျိုင်းကောင်များဖြတ်သန်းဝင်ရောက်နိုင်သော စောင့်ကြည့်နေ ရာများအဖြစ် သတ်မှတ် ထားပါတယ်မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခု

ရှိမြို့ ၁၃ ခုကို ဖျက်အားပြင်း ကန္တာရကျိုင်းကောင် (နှံကောင်) များဖြတ်သန်းဝင်ရောက်နိုင်သော အန္တရာယ်ရှိ စောင့်ကြည့်နေရာများအဖြစ် သတ်မှတ်ထား ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကသိရည်။

အဆိုပါ ကန္တာရကျိုင်းကောင်များဖြတ်သန်းဝင်ရောက်နိုင်သော နေရာများမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေရှီး၊ဟုမ္မလင်း၊တမူးနှင့် ကချင်ပြည်နယ်တွင် ပူတာအို၊မချမ်းဘောဒေသဖြစ်ကာ ရခိုင်ပြည်နယ်တွင် ဘူး သီးတောင်၊

မောင်တော၊ရသေ့တောင်၊စစ်တွေ၊ကျောက်ဖြူ နှင့် ချင်းပြည်နယ်တွင် တွန်းဇံ၊ထန်တလန်၊ ပလက်၀ အစရှိသော နေရာများကို သတ်မှတ်ထားကြောင်းသိရသည်။ကျိုင်းကောင်အုပ်စုများသည် ဟိုတစ်စု၊ဒီတစ်စု ကွဲလာကာ သတိမထား

မိခင် ဥ ဥချ၊အကောင်းပွားလာနိုင် သည့်အတွက် ထူးခြားမှုများတွေ့ရှိပါက ထိရောက်သော နှိမ်နင်းမှုများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနအဆင့်ဆင့်နှင့် ဆက်စပ် အဖွဲ့အစည်း များကို ချက်ချင်း အကြောင်း ကြားရန် လိုအပ်ကြောင်းသိရသည်။

ကန္တာရကျိုင်းကောင် အကောင်ကြီးများ၏ အရွယ် အစားသည် အထီး (၄ – ၅) စင်တီမီတာ၊ အမ (၅ – ၆) စင်တီမီတာ ရှည်လျားပြီး အဝါရင့်ရောင်(သို့မဟုတ်) ပန်းရောင်ရှိကြောင်းနှင့် အတောင်ပေါ်တွင် အညိုရင့် ရောင်

အပြောက်များ တွေ့ရှိရကြောင်းသိရသည်။

swh(ဓာတ်ပုံ-စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

Zawgyi Version








လိုအပ်ကြောင်းသိရသည်။




Add a Comment

Your email address will not be published. Required fields are marked *