အလုပ်သမား ကိုယ်ဝန်ဆောင်သည်များအတွက် နိုင်ငံတော်အစိုးရမှ အမိန့်တစ်ရပ်ထုတ်ပြန်

Sharing is caring!

ကိုဗစ် ကာလမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို တူညီတဲ့လစာနှုန်းထားနဲ့ အိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့သိရပါတယ်။အဲဒီလို လုပ်ကိုင်ခွင်ပေးတဲ့နေရာမှာ လုပ်ငန်းရှင်တွေအနေနဲ့အသက် ၅၀ အထက် အလုပ်သမားတွေ

ကို ရောဂါကူးစက်နိုင်ခြေနည်းတဲ့နေရာမှာ အလုပ်ခိုင်းစေရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေနဲ့ အလုပ်ဌာန အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေ

တဲ့ လုပ်ငန်းရှင်တွေဟာ ဒီအချက်ကို လိုက်နာရမှာဖြစ်တယ်လို့ဆိုပါတယ်။အသက် ၅၀ နှစ်အထက်ရှိတဲ့ လုပ်သားတွေကို တခြားလုပ်သားတွေနဲ့ရောပြီး လုပ်ကိုင်ခိုင်းတာမျိုးမပြုလုပ်ဘဲ ရောဂါကူးစက်နိုင်ခြေမရှိတဲ့ လုပ်ငန်းနေရာမှ

ာခိုင်းစေရမယ့်အပြင် ရောဂါအခံရှိတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်လည်ဝင် ရောက်လာပါကလည်း ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆရာဝန်တွေရဲ့ ခွင့်ပြုသဘောထားမှတ်ချက်ရယူပြီးမှသာ လုပ်ကိုင်ခွင့် ပြုရမှာဖြစ်ပါယ်။

ဒါ့အပြင် လုပ်ငန်းရှင်တွေလိုက်နာရမယ့် အချက်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို တူညီတဲ့လစာနှုန်းထား နဲ့ အိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပြုပေးဖို့၊ မူလကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်နဲ့နှီးနွယ် ကျန်းမာရေးပြဿနာတွေကို

ပါ စမ်းသပ်စစ်ဆေးဖို့၊ ကိုယ် ကာယ သုံးပြီး ပြင်းထန်တဲ့ အလုပ်လုပ်တွေ မလုပ်ဖို့ ၊ဝန်ထမ်း ကြို့/ပို့ မှာလည်း သီးသန့်ဦးစားပေးနေရာ ထားပေးဖို့အပါအဝင် အလုပ်ချိန်တွင်း အနား ယူချိန် အနည်းဆုံး ၄ နာရီဝန်းကျင်ပေးဖို့နဲ့

ကောင်းလေသန့် ရတဲ့နေရာမှာ နေထိုင်ခွင့်ပေးဖို့ဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်။

#KS

Zawgyi Version

ကိုဗစ္ ကာလမွာ ကိုယ္ဝန္ေဆာင္မိခင္ေတြကို တူညီတဲ့လစာႏႈန္းထားနဲ႔ အိမ္ကေန အလုပ္လုပ္ကိုင္ခြင့္ေပးမယ္လို႔သိရပါတယ္။အဲဒီလို လုပ္ကိုင္ခြင္ေပးတဲ့ေနရာမွာ လုပ္ငန္းရွင္ေတြအေနနဲ႔အသက္ ၅၀ အထက္ အလုပ္သမားေတြ

ကို ေရာဂါကူးစက္ႏိုင္ေျခနည္းတဲ့ေနရာမွာ အလုပ္ခိုင္းေစရမွာျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန က ထုတ္ျပန္ထားပါတယ္။စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္းခြင္ေတြနဲ႔ အလုပ္ဌာန အပါအဝင္ ေဆာက္လုပ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ေန

တဲ့ လုပ္ငန္းရွင္ေတြဟာ ဒီအခ်က္ကို လိုက္နာရမွာျဖစ္တယ္လို႔ဆိုပါတယ္။အသက္ ၅၀ ႏွစ္အထက္ရွိတဲ့ လုပ္သားေတြကို တျခားလုပ္သားေတြနဲ႔ေရာၿပီး လုပ္ကိုင္ခိုင္းတာမ်ိဳးမျပဳလုပ္ဘဲ ေရာဂါကူးစက္ႏိုင္ေျခမရွိတဲ့ လုပ္ငန္းေနရာမွ

ာခိုင္းေစရမယ့္အျပင္ ေရာဂါအခံရွိတဲ့ အလုပ္သမားေတြ လုပ္ငန္းခြင္ျပန္လည္ဝင္ ေရာက္လာပါကလည္း ကြၽမ္းက်င္တဲ့ဆရာဝန္ေတြနဲ႔ တိုင္ပင္ၿပီး ဆရာဝန္ေတြရဲ႕ ခြင့္ျပဳသေဘာထားမွတ္ခ်က္ရယူၿပီးမွသာ လုပ္ကိုင္ခြင့္ ျပဳရမွာျဖစ္ပါယ္။

ဒါ့အျပင္ လုပ္ငန္းရွင္ေတြလိုက္နာရမယ့္ အခ်က္ေတြထဲမွာ ကိုယ္ဝန္ေဆာင္မိခင္ေတြကို တူညီတဲ့လစာႏႈန္းထား နဲ႔ အိမ္ကေန အလုပ္လုပ္ကိုင္ခြင့္ျပဳေပးဖို႔၊ မူလက်န္းမာေရးအေျခအေနနဲ႔ ကိုယ္ဝန္နဲ႔ႏွီးႏြယ္ က်န္းမာေရးျပႆနာေတြကို

ပါ စမ္းသပ္စစ္ေဆးဖို႔၊ ကိုယ္ ကာယ သုံးၿပီး ျပင္းထန္တဲ့ အလုပ္လုပ္ေတြ မလုပ္ဖို႔ ၊ဝန္ထမ္း ႀကိဳ႕/ပို႔ မွာလည္း သီးသန႔္ဦးစားေပးေနရာ ထားေပးဖို႔အပါအဝင္ အလုပ္ခ်ိန္တြင္း အနား ယူခ်ိန္ အနည္းဆုံး ၄ နာရီဝန္းက်င္ေပးဖို႔နဲ႔

ေကာင္းေလသန႔္ ရတဲ့ေနရာမွာ ေနထိုင္ခြင့္ေပးဖို႔ဆိုတဲ့အခ်က္ေတြလည္းပါဝင္ပါတယ္။

#KS

Add a Comment

Your email address will not be published. Required fields are marked *