ကျိုင်းကောင် အန္တရာယ်ကျရောက်နိုင်သည့် တိုင်းနဲ့ ပြည်နယ်များ စာရင်းကို အစိုးရ ထုတ်ပြန်
|မြန်မာမှာ ကန္တာရကျိုင်းကောင်အန္တရာယ် ကျရောက်လာနိုင်တဲ့ ဒေသတွေကို စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိရောက်တဲ့ နှိမ်နှင်းမှုတွေ လုပ်နိုင်ဖို့အတွက် ကျိုင်းကောင်တွေကိုတွေ့ရင် သက်ဆိုင်ရာ စိုက်ပျိုးရေး
ဦးစီးဌာန အဆင့်ဆင့်နှင့် ဆက်စပ်အဖွဲ့အစည်းတွေကို အကြောင်းကြားကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။ကန္တာရကျိုင်းကောင်တွေဟာ မြန်မာနဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကို ပျံ့နှံ့လာပြီ ဖြစ်တာကြောင့် ဒီ
လို သတိပေးတာတွေကို လုပ်နေတာဖြစ်ပါတယ်။ပိုးအန္တရာယ်ကျရောက်နိုင်တာနဲ့ ပတ်သက်လို့ သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းနိုင်ဦးက ခုလို ပြောပါတယ်။သီးနှံဖျက်ပိုး ကန္တာရ ကျိုင်းကောင် ကျ
ရောက်နိုင်ခြေ အတွက် မြန်မာ ပြင်ဆင်“ကိုယ့်ဘက်က ဒီလိုဟာမျိုးတွေ ကျလာလို့ရှိရင် စားနပ်ရိက္ခာအပေါ်မှာ သီးနှံပင်တွေမှာ ကိုယ်ရဲ့ ပတ်ဝန်းကျင်တွေမှာ ထိခိုက်နိုင်တဲ့အတွက် ပြင်ဆင်ထားသင့်တဲ့ဟာမျိုးကတော့ ဘာပဲပြော
ပြော အထိအရှမခံတဲ့ ကဏ္ဍတွေဆိုရင် ပြင်ဆင်သင့်တာပေ့ါ။ ဒါတွေက ရာသီဥတုအပေါ်မှာလည်း မူတည်တယ်ပေါ့နော်။ အခြေအနေ အချိန်အခါအပေါ်မှာလည်း မူတည်တယ်ပေါ့။ ဟိုတလောလေးကဆို အိန္ဒိယ ကျတယ်၊ အာဖရိ
ကတို့ ပါကစ္စတန်တို့ ဒီဘက်တွေမှာလည်း အင်တိုက်အားတိုက်ကို အများကြီး ကျလာတာမျိုး ကျနော်တို့က တွေ့ရတယ်။ ကျပြီဆိုရင် တပြိုင်တည်း ကျတာမျိုးဖြစ်တဲ့အတွက် ကျရင်ဘာလုပ်မလဲဆိုတဲ့ ပလန်ကတော့သက်ဆိုင်ရာ
ဌာနတွေက ပြင်ဆင်ထားတာတွေကတော့ ဝန်မလေးဘူးပေါ့နော်။”မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ကျောက်ဖြူ၊ ချင်းပြည်နယ်က တွ
န်းဇံ၊ ထန်တလန်နဲ့ ပလက်ဝ ဒေသတွေ၊ စစ်ကိုင်းတိုင်းက လေရှီး၊ ဟုမ္မလင်းနှင့် တမူး၊ ကချင်ပြည်နယ်က ပူတာအိုနှင့် မချမ်းဘောမြို့နယ်တွေမှာ ကျိုင်းကောင်ဖြတ်သန်းဝင်ရောက်လာမယ့် အန္တရာယ်ရှိတာကြောင့် စိုက်ပျိုးရေး
ဦးစီးဌာနက သတိထားစောင့်ကြည့်ဖို့ သတ်မှတ်ထားပါတယ်။ဒီကန္တာရကျိုင်းကောင်တွေရဲ့ ပေါက်ပွားရာဒေသ အာဖရိကတိုက် အလယ်ပိုင်းကနေတဆင့် အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာရှိတဲ့ လွင်ပြင်တွေကို ရောက်ရှိလာပြီး လေလမ်း
ကြောင်းအတိုင်း နီးစပ်ရာနိုင်ငံတွေကို ရောက်လာတတ်ကြတာပါ။ သူတို့က တနေ့ကို လေစုန်မှာ ကီလိုမီတာ ၅၀ ကနေ ၁၀၀ အထိ ပျံသန်းနိုင်ကြပါတယ်။မာလီနဲ့ အီသီယိုးပီးယားနိုင်ငံက သီးနှံစိုက်ခင်းတွေမှာ ဇန်နဝါရီလလောက်
ကစပြီး ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနှစ်နိုင်ငံမှာ ၂၅ နှစ်အတွင်း အဆိုးဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထာပါတယ်။ဒါကြောင့်လည်း မြန်မာမှာ ကျိုင်းကောင်ကျရောက်နိုင်တဲ့ နေရာတွေမှာ တောင်သူလယ်သမားတွေကို
ပညာပေးတာ သတိပေးတာတွေ လုပ်နေပြီးလို့ စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။၁၉၈၂ ခုနှစ်က အိန္ဒိယနိုင်ငံမှာ ကျိုင်းကောင်တွေ အများအပြား ကျရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာလည်း သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပေမဲ့
မြန်မာနိုင်ငံကို ပျံ့နှံ့ခဲ့ခြင်းတော့ မရှိခဲ့ပါဘူးရှင်။
Credit
Zawgyi Version
ျမန္မာမွာ ကႏၲာရက်ိဳင္းေကာင္အႏၲရာယ္ က်ေရာက္လာႏိုင္တဲ့ ေဒသေတြကို စိုက္ပ်ိဳးေရးဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ ထိေရာက္တဲ့ ႏွိမ္ႏွင္းမႈေတြ လုပ္ႏိုင္ဖို႔အတြက္ က်ိဳင္းေကာင္ေတြကိုေတြ႕ရင္ သက္ဆိုင္ရာ စိုက္ပ်ိဳးေရး
ဦးစီးဌာန အဆင့္ဆင့္ႏွင့္ ဆက္စပ္အဖြဲ႕အစည္းေတြကို အေၾကာင္းၾကားၾကဖို႔ကိုလည္း ထုတ္ျပန္ထားပါတယ္။ကႏၲာရက်ိဳင္းေကာင္ေတြဟာ ျမန္မာနဲ႔ အိမ္နီးခ်င္းျဖစ္တဲ့ အိႏၵိယနဲ႔ ပါကစၥတန္ႏိုင္ငံေတြကို ပ်ံ႕ႏွံ႔လာၿပီ ျဖစ္တာေၾကာင့္ ဒီ
လို သတိေပးတာေတြကို လုပ္ေနတာျဖစ္ပါတယ္။ပိုးအႏၲရာယ္က်ေရာက္ႏိုင္တာနဲ႔ ပတ္သက္လို႔ သစ္ေတာဦးစီးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာ ေသာင္းႏိုင္ဦးက ခုလို ေျပာပါတယ္။သီးႏွံဖ်က္ပိုး ကႏၲာရ က်ိဳင္းေကာင္ က်
ေရာက္ႏိုင္ေျခ အတြက္ ျမန္မာ ျပင္ဆင္“ကိုယ့္ဘက္က ဒီလိုဟာမ်ိဳးေတြ က်လာလို႔ရွိရင္ စားနပ္ရိကၡာအေပၚမွာ သီးႏွံပင္ေတြမွာ ကိုယ္ရဲ႕ ပတ္ဝန္းက်င္ေတြမွာ ထိခိုက္ႏိုင္တဲ့အတြက္ ျပင္ဆင္ထားသင့္တဲ့ဟာမ်ိဳးကေတာ့ ဘာပဲေျပာ
ေျပာ အထိအရွမခံတဲ့ က႑ေတြဆိုရင္ ျပင္ဆင္သင့္တာေပ့ါ။ ဒါေတြက ရာသီဥတုအေပၚမွာလည္း မူတည္တယ္ေပါ့ေနာ္။ အေျခအေန အခ်ိန္အခါအေပၚမွာလည္း မူတည္တယ္ေပါ့။ ဟိုတေလာေလးကဆို အိႏၵိယ က်တယ္၊ အာဖရိ
ကတို႔ ပါကစၥတန္တို႔ ဒီဘက္ေတြမွာလည္း အင္တိုက္အားတိုက္ကို အမ်ားႀကီး က်လာတာမ်ိဳး က်ေနာ္တို႔က ေတြ႕ရတယ္။ က်ၿပီဆိုရင္ တၿပိဳင္တည္း က်တာမ်ိဳးျဖစ္တဲ့အတြက္ က်ရင္ဘာလုပ္မလဲဆိုတဲ့ ပလန္ကေတာ့သက္ဆိုင္ရာ
ဌာနေတြက ျပင္ဆင္ထားတာေတြကေတာ့ ဝန္မေလးဘူးေပါ့ေနာ္။”ျမန္မာႏိုင္ငံ အေနာက္ဘက္ျခမ္းမွာရွိတဲ့ ေဒသေတြျဖစ္တဲ့ ရခိုင္ျပည္နယ္က ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ စစ္ေတြႏွင့္ ေက်ာက္ျဖဴ၊ ခ်င္းျပည္နယ္က တြ
န္းဇံ၊ ထန္တလန္နဲ႔ ပလက္ဝ ေဒသေတြ၊ စစ္ကိုင္းတိုင္းက ေလရွီး၊ ဟုမၼလင္းႏွင့္ တမူး၊ ကခ်င္ျပည္နယ္က ပူတာအိုႏွင့္ မခ်မ္းေဘာၿမိဳ႕နယ္ေတြမွာ က်ိဳင္းေကာင္ျဖတ္သန္းဝင္ေရာက္လာမယ့္ အႏၲရာယ္ရွိတာေၾကာင့္ စိုက္ပ်ိဳးေရး
ဦးစီးဌာနက သတိထားေစာင့္ၾကည့္ဖို႔ သတ္မွတ္ထားပါတယ္။ဒီကႏၲာရက်ိဳင္းေကာင္ေတြရဲ႕ ေပါက္ပြားရာေဒသ အာဖရိကတိုက္ အလယ္ပိုင္းကေနတဆင့္ အိႏၵိယနဲ႔ ပါကစၥတန္တို႔မွာရွိတဲ့ လြင္ျပင္ေတြကို ေရာက္ရွိလာၿပီး ေလလမ္း
ေၾကာင္းအတိုင္း နီးစပ္ရာႏိုင္ငံေတြကို ေရာက္လာတတ္ၾကတာပါ။ သူတို႔က တေန႔ကို ေလစုန္မွာ ကီလိုမီတာ ၅၀ ကေန ၁၀၀ အထိ ပ်ံသန္းႏိုင္ၾကပါတယ္။မာလီနဲ႔ အီသီယိုးပီးယားႏိုင္ငံက သီးႏွံစိုက္ခင္းေတြမွာ ဇန္နဝါရီလေလာက္
ကစၿပီး က်ေရာက္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီႏွစ္ႏိုင္ငံမွာ ၂၅ ႏွစ္အတြင္း အဆိုးဆုံးျဖစ္တယ္လို႔ ကုလသမဂၢက ေျပာထာပါတယ္။ဒါေၾကာင့္လည္း ျမန္မာမွာ က်ိဳင္းေကာင္က်ေရာက္ႏိုင္တဲ့ ေနရာေတြမွာ ေတာင္သူလယ္သမားေတြကို
ပညာေပးတာ သတိေပးတာေတြ လုပ္ေနၿပီးလို႔ စိုက္ပ်ိဳးေရးဦးစီးဌာနက သိရပါတယ္။၁၉၈၂ ခုႏွစ္က အိႏၵိယႏိုင္ငံမွာ က်ိဳင္းေကာင္ေတြ အမ်ားအျပား က်ေရာက္ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း သတိေပးခ်က္ ထုတ္ျပန္ခဲ့ဖူးေပမဲ့
ျမန္မာႏိုင္ငံကို ပ်ံ႕ႏွံ႔ခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူးရွင္။
Credit