ယောက်ျားလေးဆို (၃) မိနစ် အချိန်ပေးဖတ်ပြီး၊ မိန်းကလေးဆို ချစ်သူယောက်ျားမြင်အောင် ရှယ်လိုက်ပါ

Sharing is caring!

၁။ သင့်ဇနီးသည်ဟာ ပြည့်စုံသူ မဟုတ်လို့ သူ့ ကို ခွင့်လွှတ်ပါ။

၂။ သင့်ဇနီးဟာ သင့်အရိုးထဲက အရိုးဖြစ်လို့ သူ့ကို မရိုက်ချိုးပါနဲ့။

၃။ သင့်ဇနီး ဟာ လက်ဆောင်ဖြစ်တယ်၊ တန်ဖိုးထားပါ။

၄။ သင့်ဇနီးဟာ ရှားပါးတဲ့ ကျောက်မျက်အရိုင်းလေး ဖြစ်တယ်၊ သူ့ရဲ့ မနာလို စိတ်လေးတွေကို လမ်းမှန် တည့်ပေးပါ။

၅။ သင့်ဇနီးဟာ သင့်ရဲ့အကောင်းဆုံး မိတ်ဆွေပါ၊ သူ့ကို ရင်းနှီးစွာ ဆက်ဆံပါ။

၆။ သင့်ဇနီးဟာ သင့်ရဲ့ဝမ်းမြောက် စရာပါ၊ သူ့ကိုပြည့်ဝ အားအင်ရှိစေပါ။

၇။ သင့်ဇနီးဟာ ယုယမှုခံထိုက်သူပါ၊ သူ့အတွက် ကျေနပ်ဝမ်းသာပါ။

၈။ သင့်ဇနီးဟာ သင့်ရဲ့အဟာရပါ၊ သူ့ကို ယုယပါ။

၉။ သင့်ဇနီးဟာ နတ်ဆိုးတစ်ကောင်မဟုတ်ပါ၊ စွန့်ပစ်မထားပါနဲ့။

၁၀။ သင့်ဇနီးဟာ သင့်လိင်မှု ကိစ္စအတွက်လောက်သာ မဟုတ်ဘဲ၊ ကိစ္စတိုင်း အတွက် သူ့ကိုခေါ် သွားပါ။

၁၁။ သင့်ဇနီးဟာ သင့်ရန်သူ မဟုတ်ပါ၊ ခွန်အားပေးပါ။

၁၂။ သင့်ဇနီးဟာ မိသားစု ရဲ့အသုံးအဆောင်ပစ္စည်း မဟုတ်ပါ၊ သင့် မိသားစုဝင်တွေ အသုံးပြုဖို့ သူတို့လက်ထဲ မအပ်ပါနဲ့။

၁၃။ သင့်ဇနီးဟာ သင့်ပြိုင်ဖက် မဟုတ်ပါ၊ သူနဲ့မယှဉ်ပါနဲ့။

၁၄။ သင့်ဇနီးဟာ အမျိုးသမီးဖြစ်လို့ သူ့ကိုလေးစားပါ။

၁၅။ သင့်ဇနီးဟာ အများဆိုင်မဟုတ်ပါ၊ အခြားသူနဲ့ မနှိုင်းယှဉ်ပါနဲ့။

၁၆။ သင့်ဇနီးဟာ သင့်လက်ဆေးခုံ မဟုတ်ပါ၊ သူ့ကို နှိပ်စက်နေတာတွေ ရပ်ပါ။

၁၇။ သင့်ဇနီးဟာ ထိရှလွယ်ပါတယ်၊ ဂရုစိုက် ကိုင်တွယ်ပါ။

၁၈။ သင့်ဇနီးဟာ လှပတဲ့မိဖုရားပါ၊ ခမ်းနားစွာ ပွဲခံပါ။

၁၉။ သင့်ဇနီးဟာ တိုက်ခိုက်ရေးသမားမဟုတ်ပါ၊ သူ့ကို မတိုက်ခိုက်ပါနဲ့။

၂၀။ သင့်ဇနီးဟာ လေ့ကျင့်ရေးသဲအိတ်မဟုတ်ပါ၊ သူ့ကို မထိုးကြိတ် ပါနဲ့။

၂၁။ သင့်ဇနီးဟာ ကစားစရာမဟုတ်ပါ၊ သူ့ကို မကစားပါနဲ့။

၂၂။ သင့်ဇနီးကို အရင်နူးနပ်ပါ၊ အတင်းအဓမ္မ မလုပ်ပါနဲ့။

၂၃။ သင့်ဇနီးဟာ ချိတ်တစ်ခုပါ၊ သူနဲ့ချိတ်ဆက်ပါ။

၂၄။ သင့်ဇနီးဟာ သင့်အချစ် အားလုံးစုရာပါ၊ သူ့ကိုချီးမွမ်းပါ။

၂၅။ သင့်ဇနီးဟာ အရေးကြီးသူပါ၊ တန်ဖိုးထားရိုသေပါ။

၂၆။ သင့်ဇနီးဟာ သင်ပုံသွင်းတဲ့ဖြစ်မယ့်သူပါ၊ လက်ခံပါ။

၂၇။ သင့်ဇနီးဟာ သင့်ဝမ်းမြောက် စရာပါ၊ သူ့ကို အလိုလိုက်ပါ။

၂၈။ သင့်ဇနီးဟာ သင့်ရဲ့အလေးပေးမှု လိုပါတယ်၊ လူကြားထဲမှာ အရှက်မ (ခွဲ) ရပါစေနဲ့။

၂၉။ သင့်ဇနီးဟာ ဓားတစ်ချောင်း မဟုတ်ပါ၊ ကောင်းမွန်စွာဆက်ဆံပါ။

၃၀။ သင့်ဇနီးဟာ ထူးခြားတဲ့ ကိုယ်ရည်သွေး ရှိသူဖြစ်တယ်၊ အခြားအလုပ်တွေနဲ့ ခိုင်းနှိုင်းခြင်း မလုပ်ပါနဲ့။

၃၁။ သင့်ဇနီးဟာ သစ္စာရှိသူပါ။ သူ့ကို မယုံသင်္ကာမရှိပါနဲ့။

၃၂။ သင့်ဇနီးဟာ ကျပ်မပြည့်သူ မဟုတ်ပါ၊ သူ့အကြံပေးချက်တွေ နားထောင်ပေးပါ။

၃၃။ သင့်ဇနီးဟာ အဖျက်သမား မဟုတ်ပါ၊ သူ့ကို ထိခိုက်စေလိုတဲ့ စိတ်ထားလေးတွေ သိမ်းမထားပါနဲ့။

၃၄။ သင့်ဇနီးဟာ သင်ရနိုင်တဲ့အ ကောင်းဆုံးမိတ်ဆွေပါ၊ သူနဲ့ရင်းနှီးပွင့်လင်းပါ။

၃၅။ သင့်ဇနီးဟာ လက်သုပ်ပုဝါ မဟုတ်ပါ၊ အသုံးပြုပုံမမှားပါစေနဲ့။

၃၆။ သင့်ဇနီးဟာ သင့်အိမ်စေ မဟုတ်ပါ၊ မီးဖိုချောင်ထဲမှာ သူ့ကိုကူညီပါ။

၃၇။ သင့်ဇနီးဟာ အချစ်ကြီးသူဖြစ်တယ်၊ ပြီးစလွယ် မဆက်ဆံပါနဲ့။

၃၈။ သင့်ဇနီးဟာ အရမ်းအရေးပါသူပါ၊ သူ့ မွေးနေ့ကို ဘယ်တော့မှ မမေ့ပါနဲ့။

၃၉။ သင့်ဇနီးဟာ မိဖုရားတစ်ပါးပါ၊ သူနဲ့စကားအငြင်းအခုန် မလုပ်ပါနဲ့။

၄၀။ သင့်ဇနီးဟာ တစ်ဦးတည်းသော ကလေးထိန်း မဟုတ်ပါ၊ သူ့ကို ကလေးထိန်းကူပါ။

၄၁။ သင့်ဇနီးဟာ တန်ဖိုးရှိသူပါ၊ သူ့ကို မနှိမ်ပါနဲ့။

၄၂။ သင့်ဇနီးဟာ သင့်ရဲ့တာဝန်ပါ၊ သူ့ကိုထောက်ပံ့ပါ။

၄၃။ သင့်ဇနီးဟာ သင်ကိုယ်တိုင်ပါပဲ၊ သူ့ကိုအိပ်ယာခွဲ မအိပ်ခိုင်းပါနဲ့။

၄၄။ သင့်ဇနီးဟာ သင့်ဘဝရဲ့နံပတ်တစ်ပါ၊ သူ့နေရာကို သင့်မိခင်နဲ့ ဘယ်တော့မှအစားမထိုးပါနဲ့။

၄၅။ သင့်ဇနီးဟာ သင့်ရဲ့အဖိုးတန်ရတနာပါ၊ မြတ်နိုးစွာထိန်းသိမ်းပါ။

၄၆။ သင့်ဇနီးဟာ သင့်ရဲ့ကူညီမှုလိုအပ်ပါတယ်၊ သူ့ကို ကူညီပါ။

၄၇။ သင့်ဇနီးဟာ သင့်ရဲ့အာရုံစိုက်မှုကို လိုအပ်ပါတယ်၊ တီဗွီကိုပဲ အာရုံစိုက်မနေပါနဲ့။

၄၈။ သင့်ဇနီးဟာ တန်ဖိုးရှိသူပါ၊ သူ့တန်ဖိုးကို ထပ်ပေါင်းမြှင့်တင်ပေးပါ။

၄၉။ သင့်ဇနီးဟာ သင့်ရဲ့သရဖူပါ၊ စွန့်ပစ်မထားပါနဲ့။

၅၀။ သင့်ဇနီးအတွက် ဘုရားရှေ့မှာ သင့်တာဝန်ရှိပါတယ်၊ ဂရုစိုက် ထိန်းသိမ်း ကိုင်တွယ်ပါ။

(မူရင်း Odebiyi Kolawole ၏ ရေးသားချက်ကို နားလည်လွယ်အောင် ဘာသာပြန်ဆိုသည်။)

credit. s.s.s

Add a Comment

Your email address will not be published. Required fields are marked *